ပြည်နယ်ရှိအိမ်သို့ပြန်ရန်အခကြေးငွေတောင်းရမ်းနေခဲ့တဲ့အလုပ်လက်မဲ့အမျိုးသားတစ်ဦးအား gamer တစ်ဦးက ငွေများမပေးခဲ့ဘဲ အဲ့ဒီအစား အဆိုပါ gamer ဟာ ၎င်းအမျိုးသားအား စက်ဘီးတစ်စီးနှင့် အသက်မွေးကြောင်းပြုနိုင်မဲ့အရာများကိုပေးကမ်းခဲ့တာကြောင့် netizen များစွာက gamer အား ချီးကျူးခဲ့ကြရပါတယ်။ “ လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် မင်းသူ့ကိုတစ်ရက်စာကျွေးမယ် ၊ အကယ်လို့ မင်းက သူ့ကို ငါးဖမ်းနည်းသင်ပေးရင် မင်းသူ့ကို တစ်သက်စာကျွေးမယ် ” ဆိုတဲ့ရှေးဆိုရိုးစကားရဲ့မူလအစက အချေအတင်ဆွေးနွေးနေဆဲဖြစ်ပေမဲ့လည်း ၎င်းအဓိပ္ပာယ်မှာ လူအများယုံကြည်ခဲ့တဲ့အရာတစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် အိမ်ပြန်ဖို့ သူ့ထံစရိတ်လာတောင်းတဲ့အမျိုးသားအား ပိုက်ဆံမပေးလိုက်တာကြောင့် အဆိုပါ GHOST Wrecker အမည်ရှိတဲ့ gamer ဟာ netizen များထံမှ အထင်ကြီးလေးစားခြင်းကို ခံခဲ့ရပါတယ်။
ဇနီးဖြစ်သူရဲ့ Facebook acc ဖြစ်တဲ့ QueenWrecker Gaming ရဲ့အဆိုအရ သူမဟာဝင့်ကြွားဖို့မဟုတ်ဘဲ သူမခင်ပွန်းပြုတဲ့အရာအပေါ် ဂုဏ်ယူပုံရကြောင်းကို မျှဝေရန် ဓာတ်ပုံရိုက်ထားခဲ့ပါတယ်။
QueenWrecker Gaming ၏အဆိုအရ အဆိုပါအမျိုးသားတစ်ဦးဟာ အလုပ်အကိုင်ဆုံးရှုံးခဲ့ရပြီးနောက် ပြည်နယ်သို့အိမ်ပြန်လိုသောကြောင့် ငွေအနည်းငယ်တောင်းခံရန် GHOST Wrecker ထံသို့ ချဉ်းကပ်ခဲ့ပါတယ်။
အဆိုပါအမျိုးသားရဲ့ဇနီးဖြစ်သူကလည်း မီးဖွားတော့မည်ဖြစ်တာကြောင့် ၎င်းမိသားစုဟာ ငွေကိုအမှန်တကယ်လိုအပ်နေခဲ့ပါတယ်။ သို့ပေမဲ့ သူ့ကိုငွေသားပေးလိုက်မယ့်အစား GHOST Wrecker က သူအလုပ်ရအောင်လုပ်ကေးလိုက်ရင်ပိုကောင်းလိမ့်မယ်လို့ဆုံးဖြတ်ခဲ့တယ်။
ထို့ကြောင့် သူဟာ အဆိုပါအမျိုးသားအတွက် NBI၊ ရဲကင်းရှင်းရေး၊ မူးယစ်ဆေးဝါးစစ်ဆေးခြင်း၊ SSS၊ Pag Ibig နှင့်အခြားလိုအပ်သောစာရွက်စာတမ်းများရရှိရန်လွယ်ကူချောမွေ့အောင် တစ်ရက်တည်းအပြီးကူညီပေးခဲ့ပါတယ်။
ထို့ပြင် GHOST Wrecker ဟာ Food Panda, Grab, Fantasma (သို့) အခြားနည်းလမ်းများကဲ့သို့အစားအစာပို့ဆောင်ရေးဝန်ဆောင်မှုများဖြင့် အလုပ်ရနိုင်ရန်မျှော်လင့်ကာ အဆိုပါအမျိုးသားအား ၎င်းအလုပ်တို့ကိုလုပ်ကိုင်ရန် စက်ဘီးကိုပါ ဝယ်ပေးခဲ့ပါသေးတယ်။
GHOST Wrecker ဟာ နောက်ပိုင်းတွင် ၎င်းတို့ဟာ သူတစ်ပါးရဲ့အဖြစ်အပျက်ကိုကြေငြာခြင်းက ဒဏ်ပေးခံရလိမ့်မယ်လို့ဆိုကာ သူ့ဇနီး၏ post ကိုကန့်ကွက်ခဲ့တာကြောင့် အင်တာနက်သုံးစွဲသူများစွာက GHOST Wrecker ရဲ့ အလုပ်လက်မဲ့အမျိုးသားရဲ့တောင်းဆိုချက်အား ဘယ်လိုကိုင်တွယ်ခဲ့ပုံကို အထင်ကြီးခဲ့ကြရပါတယ်။
Mia (Mckzone daily)
Reference : ofwtambayan
Be the first to comment on "ရပ်ဝေးအိမ်သို့ပြန်ဖို့ငွေလာတောင်းတဲ့အလုပ်လက်မဲ့အမျိုးသားအား ငွေသားမပေးလိုက်ဘဲ ရှေ့လျှောက်ကိုယ်တိုင်ငွေရှာနိုင်ဖို့ စက်ဘီးတစ်စီးဝယ်ပေးလိုက်တဲ့ gamer တစ်ဦး"