နေ့စဉ်နေ့တိုင်း ခွေးလေးကိုကျောပိုးကာ ကျောင်းသို့ရောက်ရန် ၆မိုင်ဝေးတဲ့ခရီးကို ခြေလျင်လျှောက်သွားလေ့ရှိတဲ့ ကျောင်းသားတစ်ဦး

တရုတ်နိုင်ငံရှိမိဘများဟာ မြို့ပေါ်မှာ အချိန်ကြာမြင့်စွာအလုပ်လုပ်ရန်ထွက်ခွါသွားပြီးနောက် ၎င်းတို့ရဲ့ကလေးများက ကျေးလက်အိမ်မှာကျန်ရစ်ခဲ့ပြီး ဆွေမျိုးများ (သို့) မိသားစုသူငယ်ချင်းများရဲ့စောင့်ရှောက်မှုနဲ့သာ ကြီးပြင်းလာရတာက အလွန်ဝမ်းနည်းစရာကောင်းလှပါတယ်။ Liaoning ပြည်နယ်၊ Beipiao မြို့ရှိ အသက် ၈ နှစ်အရွယ် Niu Niu အမည်ရှိကောင်လေးတစ်ဦးဟာ Dasanjia မြို့နယ်ရှိမူလတန်းကျောင်းမှာ စာသင်ကြားနေတဲ့ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ အသက် ၃ နှစ်ရောက်တဲ့အခါမှာ Niuရဲ့မိခင်ဖြစ်သူဟာ ဝက်ရူးပြန်ရောဂါကိုစတင်ခံစားလာခဲ့ရတာကြောင့် ဖခင်ဖြစ်သူက မြို့ပေါ်မှာအလုပ်သွားလုပ်ရန်အိမ်မှထွက်သွားခဲ့ပြီး နှစ်ပေါင်းများစွာကြာလာတော့ ဖခင်ဖြစ်သူဟာ အိမ်မပြန်လာသလို သတင်းအစအနလည်းမရတော့ပါဘူး။ Niu ဟာ အဘိုးအဘွားများရဲ့စောင့်ရှောက်မှုနဲ့ကျန်ရစ်ခဲ့ပေမဲ့လည်း မကြာသေးမီက သူ့ရဲ့အဘွားဟာလည်း ကွယ်လွန်သွားခဲ့ပါတယ်။

.

Niu ဟာ နေ့စဉ် ၆ မိုင်ခန့် ဝေးတဲ့ကျောင်းသို့ ခြေလျင်လမ်းလျှောက်သွားခဲ့ရပေမဲ့လည်း ၎င်းခရီးမှာ သူ့တစ်ယောက်တည်းမဟုတ်နေပါဘူး။ Niu က သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ခွေးလေးတစ်ကောင်နဲ့အတူ ကျောင်းသို့သွားလေ့ရှိပြီး သူ့ရဲ့ကိုယ်ဝန်ဆောင်ခွေးမလေးအား အိမ်မှာထားခဲ့ရင်ဘယ်သူမှမရှိတာကြောင့် အချစ်တော်အိမ်မွေးတိရိစ္ဆာန်လေးအား ကျောင်းသို့ခေါ်ဆောင်ရန်သာဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

.

အဘွားဆုံးပြီးကတည်းက Niu ဟာ ညတိုင်း ထထငိုကြွေးတတ်တာကြောင့် သူ့အဘိုးဖြစ်သူနဲ့သူ့ခွေးမလေးက သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့အချိန်ထိ သူ့နားမှာ အဖော်ပြုပေးရပါတယ်။

.

Niu ဟာ အဘွားဖြစ်သူရဲ့ဓာတ်ပုံရှေ့မှာ သူ့အတွက်ပေးထားတဲ့အဆာပြေများကိုပူဇော်ပေးလေ့ရှိပေမယ့် အဘိုးဖြစ်သူက ထိုသရေစာကိုစားနေတဲ့ Niu ကိုသာ အဘွားကပိုမြင်ချင်လိမ့်မယ်လို့ တိုက်တွန်းခဲ့လေ့ရှိပါတယ်။ Niu ဟာ ကျောင်းမှအိမ်သို့ပြန်ရောက်ချိန်တိုင်း အစားစရာရှိတာကို အေးဆေးစားတတ်ပြီး သူ့ရဲ့ဝေယျာဝစ္စများကို အကူအညီမပါဘဲ ကိုယ်တိုင်ပြုလုပ်လေ့ရှိပါတယ်။ အဘိုးဖြစ်သူကလည်း ကွယ်လွန်သူအဘွားရဲ့ဆေးဖိုးအကြွေးများပေးရန်နှင့် မြေးဖြစ်သူအား ထောက်ပံ့ပေးနိုင်ဖို့ အလုပ်များကိုပိုကြိုးစားလုပ်ကိုင်နေရပါတယ်။

.

ထို့ကြောင့် အလုပ်များပြီး အိမ်ပြန်နောက်ကျတတ်တဲ့အဘိုးကြောင့် Niu ဟာ နေ့တိုင်း အိမ်မှုကိစ္စအဝဝကို တစ်ကိုယ်တည်းပြီးစီးအောင်လုပ်တဲ့အပြင် လုံ့လဝီရိယရှိတဲ့ကျောင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ Niu ဟာ ကျောင်းသို့သွားရာလမ်းမှာ အဘွားရဲ့သင်္ချိုင်းကိုဖြတ်သွားရတာကြောင့် Niu က အဘွားရဲ့သင်္ချိုင်းကို နေ့တိုင်းမပျက်မကွက်အရိုအသေပေးပြီးမှ ကျောင်းသို့ဆက်သွားလေ့ရှိပါသေးတယ်။

.

Niu ရဲ့တစ်ခုတည်းသောဆန္ဒမှာ Niu ဟာ တစ်ယောက်တည်းမနေလိုတော့တာကြောင့် ဖခင်ဖြစ်သူကအိမ်ပြန်လာပြီး မိဘစုံစုံနှင့်နေနိုင်ရန် နှင့် အဘိုးဖြစ်သူ ကောင်းကောင်းအနားယူနိုင်ရန်အတွက် သူအသက်မြန်မြန်ကြီးချင်နေပြီဖြစ်ကြောင်း ထိုကဲ့သို့ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "နေ့စဉ်နေ့တိုင်း ခွေးလေးကိုကျောပိုးကာ ကျောင်းသို့ရောက်ရန် ၆မိုင်ဝေးတဲ့ခရီးကို ခြေလျင်လျှောက်သွားလေ့ရှိတဲ့ ကျောင်းသားတစ်ဦး"

Leave a comment

Your email address will not be published.


*