Ferrari ပြိုင်ကားပညာသင်ဆုအတွက် ပါဝင်ယှဉ်ပြိုင်မဲ့ အာရှတိုက်ရှိတစ်ဦးတည်းသောအမျိုးသမီးယှဉ်ပြိုင်သူဖြစ်လာတဲ့ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး

ပြင်သစ်နိုင်ငံ၊ Marseilles မြို့ရှိ နာမည်ကျော်ပြိုင်ကားမောင်းပြိုင်ပွဲအစီအစဉ်၌ ပါဝင်ယှဉ်ပြိုင်သူ အသက် ၁၆ နှစ်အရွယ် Bianca Bustamante အမည်ရှိဖိလစ်ပိုင်အမျိုးသမီးပြိုင်ကားမောင်းသမားဟာ အာရှတစ်လွှားမှာ နာမည်ကျော်သူတစ်ဦးဖြစ်လာခဲ့ပါတယ်။ လူအများကို ပိုစိတ်လှုပ်ရှားစေတဲ့အရာက ကမ္ဘာအကျော်ကြားဆုံးပြိုင်ပွဲများစွာကို ထိန်းချုပ်တဲ့ Fédération Internationale de l’Automobile (FIA) အဖွဲ့မှဦးဆောင်ပြုလုပ်တဲ့ နောက်ဆုံးအဆင့်ထိမောင်းနိုင်သူအားအပြည့်အ၀အသက်မွေးဝမ်းကျောင်းပြုပေးမဲ့ Ferrari Driver Academy ပညာသင်ဆုကို ပေးအပ်မဲ့ ရွေးချယ်ခံရတဲ့ယာဉ်မောင်းသူ ၁၄ ဦးအနက်မှာ သူမပါဝင်လာခဲ့ခြင်းဘဲဖြစ်ပါတယ်။ ၎င်း FIA Girls on Track Rising Stars ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပရန် စီစဉ်ထားပါတယ်။

.

ကမ္ဘာကျော်တိုက်နယ် Paul Paul Ricard မှာ သုံးရက်ကြာယှဉ်ပြိုင်မှုကို Bianca အပြင်အခြားယာဉ်မောင်း ၁၃ ဦးတို့က ပါဝင်ယှဉ်ပြိုင်ရမှာပါ။ ထိပ်တန်းအငယ်တန်းမှ အောင်မြင်သူ ရှစ်ဦးကို Karting နှင့် Formula 4 စခန်းနှစ်ခုသို့ ခွဲထုတ်မည်ဖြစ်ပြီး စခန်းတစ်ခုစီမှ ထိပ်တန်းယာဉ်မောင်းလေးဦးက အီတလီနိုင်ငံ Fiorano မြို့မှာ Ferrari ပြိုင်ကားများနှင့် တစ်ပတ်အကြာသင်တန်းလေ့ကျင့်ရမည်ဖြစ်ပါတယ်။

.

ထိုနေရာ၌ပင် Ferrari Driver Academy ပညာသင်ဆုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် Ferrari မှပံ့ပိုးပေးတဲ့ International Karting ရာသီမှာယှဉ်ပြိုင်ရန် ယာဉ်မောင်းတစ်ဦးကိုလည်း ရွေးချယ်သွားမည်ဖြစ်ပါတယ်။

.

Bianca ဟာ အသက် ၁၆ နှစ်သာရှိသေးပေမဲ့ အာရှတစ်ဝှမ်းလုံးမှာ karting ချန်ပီယံများစွာကိုဆွတ်ခူးခဲ့ပြီးဖြစ်ပါတယ်။ Bianca ဟာ သူမငါးနှစ်သားအရွယ်ကတည်းကပင် ပြိုင်ပွဲဝင်ပြိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

.

“ Girls On Track-Rising Stars ပညာသင်ဆုအတွက် ပြိုင်မောင်းမဲ့ ၁၄ ယောက်အနက်မှ တစ်ယောက်အဖြစ်ရွေးပေးတဲ့အတွက် FIA ကိုကျေးဇူးတင်ပါတယ်။ ကျွန်မ ကလေးဘ၀ကတည်းက ကားပြိုင်တာကိုဝါသနာပါခဲ့ပြီး ပြင်ဆင်လေ့ကျင့်မှုများစွာကို လုပ်ခဲ့တယ်၊ အခုတော့ အဲဒါက တကယ်ဖြစ်လာပြီ၊ ကျွန်မ Ferrari Driving Academy ပြိုင်ပွဲပညာသင်ဆုအတွက် ရွေးချယ်ခံရဖို့ ဆက်လက်ကြိုးစားသွားမှာပါ၊ ဒီပြိုင်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံအတွက် နှင့် အာရှတစ်လွှားရှိတစ်ဦးတည်းသောအမျိုးသမီးပြိုင်ကားမောင်းသမားအဖြစ် ကိုယ်စားပြုယှဉ်ပြိုင်ရတာက ကျွန်မအတွက် ဂုဏ်ယူစရာဖြစ်သလို ဖိအားလည်းနည်းနည်းများပါတယ် ၊ ဒါပေမဲ့ အကောင်းဆုံးကြိုးစားသွားပါ့မယ် ” လို့ Bianca က အာရှတိုက်ကိုယ်စား အမျိုးသမီးပြိုင်ကားသမားအဖြစ် ကြိုးစားယှဉ်ပြိုင်သွားမဲ့အကြောင်းကို ဖြေကြားပေးခဲ့ပါတယ်။

Jasmine (Mckzone daily)

Reference : mashable

Be the first to comment on "Ferrari ပြိုင်ကားပညာသင်ဆုအတွက် ပါဝင်ယှဉ်ပြိုင်မဲ့ အာရှတိုက်ရှိတစ်ဦးတည်းသောအမျိုးသမီးယှဉ်ပြိုင်သူဖြစ်လာတဲ့ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး"

Leave a comment

Your email address will not be published.


*