ထိုင်ဝမ်နိုင်ငံဟာ လာမဲ့ ၂၀၂၅ ခုနှစ်တွင် ၎င်းတို့၏သက်ကြီးရွယ်အိုဦးရေက ၂၀% အထိရှိလာလိမ့်မည်ဟုခန့်မှန်းထားတာကြောင့် ကမ္ဘာ့“ သက်ကြီးရွယ်အိုလူ့အဖွဲ့အစည်းများ” ၏အဆင့်သို့ဝင်ရောက်လာဖို့ အခြေအနေရှိနေပါတယ်။ သက်ကြီးရွယ်အိုများကိုကူညီရန်အစိုးရ၏ပြုပြင်ပြောင်းလဲမှုများရှိခဲ့သော်လည်း များစွာသောသူတို့ဟာ ဤအကျိုးကျေးဇူးများကိုရရှိရန် ကံမကောင်းခဲ့ကြပါဘူး။ ထို့နည်းတူ Pingtung ကောင်တီရှိ Chunri မြို့နယ်ရှိ Qijia ကျေးရွာတွင် အချိန်မရွေးပြိုကျသွားနိုင်သလိုထင်ရတဲ့အိမ်တစ်လုံးမှာ နေထိုင်တဲ့အဘွားကြီးတစ်ဦးဟာ ၎င်းနေအိမ်တွင် နှစ်ပေါင်း ၄၅ နှစ်ကျော်နေထိုင်ခဲ့ပြီး ၎င်းအဆောက်အဦးဟာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်ပြင်းထန်သောလေတိုက်ခတ်မှုဒဏ်မှကင်းလွတ်ခဲ့သော်လည်းယခုအချိန်တွင်အလွန်ပျက်စီးနေပြီဖြစ်ပါတယ်။
သို့ပေမဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ဟာ သူမ၏အခြေအနေကိုသိသွားခဲ့ပြီးနောက် ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုကို ပြုလုပ်ပေးရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ အဆိုပါ အသက်ကြီးကြီးအမျိုးသမီးတစ်ဦးဟာ သူမ၏စီးပွားရေးအခြေအနေကြောင့် အိမ်ပြုပြင်ရန်ကုန်ကျစရိတ်ကိုမပေးနိုင်တာကြောင့် သူမဟာ ဖြစ်သလိုသာ နေထိုင်လာခဲ့ရပါတယ်။
စေတနာ့ဝန်ထမ်းအဖွဲ့ကလည်း အဆိုပါအဘွားရဲ့နေအိမ်ကို စိတ်မကောင်းစွာ မြင်တွေ့ခဲ့ကြရပြီး မကြာမီအချိန်တိုအတွင်းမှာ ပြိုကျသွားနိုင်တဲ့၎င်းနေအိမ်ကို အမြန်ဆုံးပြန်လည်ပြုပြင်ရန် ဆုံးဖြတ်ခဲ့ကြပါတော့တယ်။
၎င်းအဖွဲ့ဟာ လိုအပ်နေတဲ့လူတွေအတွက် ခိုင်ခံ့တဲ့နေအိမ်တွေကိုတည်ဆောက်ရာမှာအထူးကျွမ်းကျင်ပြီး အဖွဲ့ကို ရည်ရွယ်ချက်ကောင်းတစ်ခုအတွက် ၎င်းတို့ရဲ့စွမ်းအင်ကိုပံ့ပိုးပေးချင်တဲ့ပညာရှင်မဟုတ်သူများနှင့် ပညာရှင်ဖြစ်တဲ့ပရောဖက်ရှင်နယ်ဆောက်လုပ်ရေးသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတာပါ။
၎င်းတို့အဖွဲ့ဟာ အချိန်၏စမ်းသပ်မှုကိုတောင့်ခံနိုင်တဲ့နေအိမ်များကိုသာတည်ဆောက်တတ်တာကြောင့် ၎င်းတို့သုံးသောပစ္စည်းများအပေါ်ဖြတ်လမ်းနည်းများ သို့မဟုတ် အတားအဆီးများဖြင့် အသုံးမပြုကြပါဘူး။ ထို့အပြင် ၎င်းတို့ဆောက်လုပ်တဲ့အိမ်များကို ရေပိုက်၊ လျှပ်စစ်နှင့်အခြားအခြေခံလိုအပ်ချက်များကိုပါ တစ်ခါတည်း တပ်ဆင်ပေးတတ်ပါသေးတယ်။
အဆိုပါအဘွားဟာ သူမ၏နေအိမ်ကိုပြန်လည်တည်ဆောက်ရန် ၎င်းအဖွဲ့၏ကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့ပြီး နောက်တစ်ကြိမ်သာ မုန်တိုင်းလာခဲ့ရင် သူမရဲ့နေအိမ်အတွက် တွေးပူနေစရာမလိုတော့တာကြောင့် ဝမ်းသာပီတိမျက်ရည်ကျကာ ၎င်းအဖွဲ့ရှိတစ်ဦးချင်းစီကို လိုက်ဖက်ရင်း ကျေးဇူးတင်စကားပြောပေးခဲ့ပါတယ်။
.
၎င်းအဖွဲ့ကလည်း အဘွားကို ကူညီရလို့ ဝမ်းသာနေခဲ့ကြရပါတယ်။ အလားတူဘဲ ကျွန်တော်တို့နေထိုင်တဲ့လူမှုအသိုင်းအဝိုင်းကလည်း တစ်ယောက်နှင့်တစ်ယောက်အကူအညီလိုအပ်လာတဲ့အခါ ထို့ကဲ့သို့ အချင်းချင်းကူညီဖေးမပေးသင့်ပါတယ်ဗျာ။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "စေတနာ့ဝန်ထမ်းများက နှစ်ပေါင်း ၄၅ နှစ်ကြာပျက်စီးယိုယွင်းနေခဲ့တဲ့နေအိမ်ကို ပြန်လည်ဆောက်လုပ်ပေးလိုက်လို့ ဝမ်းသာစွာငိုကြွေးနေခဲ့တဲ့ အဘွားတစ်ဦး"