ေရတြင္းထဲ၌ ၃၇ နာရီၾကာပိတ္မိေနစဥ္အတြင္း ႐ႊံ႕ေရကိုေသာက္ၿပီး ဖားေတြကိုပါေကာက္စားကာ အသက္ဆက္ခဲ့ရတဲ့ အသက္ ၇၀ အ႐ြယ္အဘိုး

မေလးရွားႏိုင္ငံရွိ အသက္ ၇၀ အ႐ြယ္အဘိုးတစ္ဦးဟာ ၿပီးခဲ့တဲ့စေနေန႔ နံနက္ ၉ နာရီခန႔္မွာ သူအလုပ္လုပ္ေနတဲ့စားအုန္းဆီစိုက္ခင္းတစ္ခုရွိ ေရတြင္းထဲသို႔ မေတာ္တဆျပဳတ္က်သြားခဲ့ပါတယ္။ ၁၃ ေပနက္တဲ့ေရတြင္းထဲသို႔က်သြားခဲ့တဲ့ အဘိုးဟာ ေရတြင္းရဲ႕နံရံမ်ားက ေခ်ာေမြ႕တဲ့ေရညႇိမ်ားႏွင့္ျမက္မ်ားဖုံးအုပ္ေနခဲ့တာေၾကာင့္ အေပၚသို႔မတက္ႏိုင္ခဲ့ပါဘူး။ ထို႔အျပင္ အဘိုးရဲ႕ရင္ဘတ္ထိနက္တဲ့ေရေၾကာင့္လည္း အဘိုးအား ေရတြင္းထဲမွအေပၚသို႔တက္ရန္ ပို၍ပင္ခက္ခဲေစခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူက ပုံမွန္အတိုင္းေန႔လည္စာစားရန္အိမ္သို႔ျပန္မေရာက္လာတဲ့အခါ အဘိုးျဖစ္သူရဲ႕ဇနီးက စိုးရိမ္သြားခဲ့ၿပီး အဘိုးအား စိုက္ခင္းထဲရွိတယ္အထင္နဲ႔ လိုက္လံရွာေဖြခဲ့ေပမဲ့လည္း သူမရဲ႕ရွာေဖြမႈက အခ်ည္းႏွီးသာျဖစ္ခဲ့ရပါတယ္။

ေနာက္ဆုံးမွာ ရွာေဖြေရးႏွင့္ကယ္ဆယ္ေရးအဖြဲ႕က ေနာက္တစ္ရက္ ည ၉ နာရီမိနစ္ ၄၀ မွာ ေရတြင္းထဲမွာပိတ္မိေနခဲ့တဲ့အဘိုးအား ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၾကၿပီးေနာက္ အဘိုးကို ေရတြင္းထဲကေန လုံၿခဳံစြာဆြဲထုတ္ႏိုင္ခဲ့ပါတယ္။ အဘိုးဟာ ၎ေရတြင္းထဲ၌ ၃၇ နာရီၾကာေနခဲ့ရပါတယ္။ အဘိုးက ေရတြင္းထဲမွာ တစ္ရက္ေက်ာ္ၾကာပိတ္မိေနခဲ့တာေၾကာင့္ ေမာဟိုက္ၿပီး ဆာေလာင္ေနခဲ့ပါတယ္။ ကယ္ဆယ္ေရးအဖြဲ႕ကလည္း အဘိုးကိုဆြဲထုတ္ၿပီးတာနဲ႔ အဘိုးအား ေရသန႔္ဘူးနဲ႔ေပါင္မုန႔္အခ်ိဳ႕ကိုေပးခဲ့ၿပီး အနီးအနားရွိေဆး႐ုံသို႔ အျမန္ပို႔ေဆာင္ေပးခဲ့ၾကပါတယ္။

“ ငါ အဲ့ဒီေရတြင္းထဲက အနံ႔လည္းနံၿပီး ညစ္ပတ္လည္းညစ္ပတ္တဲ့႐ႊံ႕ေရကို ေသာက္ခဲ့႐ုံတင္မက ေရတြင္းထဲမွာေတြ႕တဲ့ဖားေတြကိုလည္းေကာက္စားရင္ အသက္ဆက္ခဲ့တယ္ ၊ ငါ ဖားေတြကို ရွာမေတြ႕ေတာ့တဲ့အခ်ိန္မွာ အရမ္းထိတ္လန႔္သြားခဲ့ၿပီး ဒီအတိုင္းဆို ငါက ေနာက္ထပ္ တစ္ရက္ေလာက္ေတာင္ အသက္ရွင္ႏိုင္မွာမဟုတ္ဘူးလို႔ေတြးေနခဲ့ၿပီး အကယ္လို႔ ငါ့ကိုသာ လူေတြရွာမေတြ႕ခဲ့ရင္ ငါေတာ့ ေသမွာက်ိန္းေသဘဲလို႔ေတြးခဲ့ရတယ္ ” ဟု အဘိုးက သူခံစားခဲ့ရတဲ့စိတ္ခံစားခ်က္မ်ားကို SinChew သို႔ ေျပာၾကားခဲ့ပါတယ္။

Mia (Mckzone daily)

Reference : goodtimes

Unicode

မလေးရှားနိုင်ငံရှိ အသက် ၇၀ အရွယ်အဘိုးတစ်ဦးဟာ ပြီးခဲ့တဲ့စနေနေ့ နံနက် ၉ နာရီခန့်မှာ သူအလုပ်လုပ်နေတဲ့စားအုန်းဆီစိုက်ခင်းတစ်ခုရှိ ရေတွင်းထဲသို့ မတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ ၁၃ ပေနက်တဲ့ရေတွင်းထဲသို့ကျသွားခဲ့တဲ့ အဘိုးဟာ ရေတွင်းရဲ့နံရံများက ချောမွေ့တဲ့ရေညှိများနှင့်မြက်များဖုံးအုပ်နေခဲ့တာကြောင့် အပေါ်သို့မတက်နိုင်ခဲ့ပါဘူး။ ထို့အပြင် အဘိုးရဲ့ရင်ဘတ်ထိနက်တဲ့ရေကြောင့်လည်း အဘိုးအား ရေတွင်းထဲမှအပေါ်သို့တက်ရန် ပို၍ပင်ခက်ခဲစေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက ပုံမှန်အတိုင်းနေ့လည်စာစားရန်အိမ်သို့ပြန်မရောက်လာတဲ့အခါ အဘိုးဖြစ်သူရဲ့ဇနီးက စိုးရိမ်သွားခဲ့ပြီး အဘိုးအား စိုက်ခင်းထဲရှိတယ်အထင်နဲ့ လိုက်လံရှာဖွေခဲ့ပေမဲ့လည်း သူမရဲ့ရှာဖွေမှုက အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။

နောက်ဆုံးမှာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့က နောက်တစ်ရက် ည ၉ နာရီမိနစ် ၄၀ မှာ ရေတွင်းထဲမှာပိတ်မိနေခဲ့တဲ့အဘိုးအား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပြီးနောက် အဘိုးကို ရေတွင်းထဲကနေ လုံခြုံစွာဆွဲထုတ်နိုင်ခဲ့ပါတယ်။ အဘိုးဟာ ၎င်းရေတွင်းထဲ၌ ၃၇ နာရီကြာနေခဲ့ရပါတယ်။ အဘိုးက ရေတွင်းထဲမှာ တစ်ရက်ကျော်ကြာပိတ်မိနေခဲ့တာကြောင့် မောဟိုက်ပြီး ဆာလောင်နေခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ကလည်း အဘိုးကိုဆွဲထုတ်ပြီးတာနဲ့ အဘိုးအား ရေသန့်ဘူးနဲ့ပေါင်မုန့်အချို့ကိုပေးခဲ့ပြီး အနီးအနားရှိဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြပါတယ်။

“ ငါ အဲ့ဒီရေတွင်းထဲက အနံ့လည်းနံပြီး ညစ်ပတ်လည်းညစ်ပတ်တဲ့ရွှံ့ရေကို သောက်ခဲ့ရုံတင်မက ရေတွင်းထဲမှာတွေ့တဲ့ဖားတွေကိုလည်းကောက်စားရင် အသက်ဆက်ခဲ့တယ် ၊ ငါ ဖားတွေကို ရှာမတွေ့တော့တဲ့အချိန်မှာ အရမ်းထိတ်လန့်သွားခဲ့ပြီး ဒီအတိုင်းဆို ငါက နောက်ထပ် တစ်ရက်လောက်တောင် အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့တွေးနေခဲ့ပြီး အကယ်လို့ ငါ့ကိုသာ လူတွေရှာမတွေ့ခဲ့ရင် ငါတော့ သေမှာကျိန်းသေဘဲလို့တွေးခဲ့ရတယ် ” ဟု အဘိုးက သူခံစားခဲ့ရတဲ့စိတ်ခံစားချက်များကို SinChew သို့ ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "ေရတြင္းထဲ၌ ၃၇ နာရီၾကာပိတ္မိေနစဥ္အတြင္း ႐ႊံ႕ေရကိုေသာက္ၿပီး ဖားေတြကိုပါေကာက္စားကာ အသက္ဆက္ခဲ့ရတဲ့ အသက္ ၇၀ အ႐ြယ္အဘိုး"

Leave a comment

Your email address will not be published.


*