စပွန်ဆာပေါင်း ၁၀၀ ကျော်အထိရှိနေပေမဲ့ စစ်မှန်တဲ့လူသားတစ်ဦးမဟုတ်နေတဲ့ နာမည်ကြီးတောင်ကိုးရီးယား influencer တစ်ဦး (ရုပ်သံ)

Rozy ဟာ YouTube ပေါ်တွင်တင်ထားတဲ့သူမရဲ့ကြော်ငြာများမှာကြည့်ရှုသူများသန်းနှင့်ချီကာ ရှိတဲ့ တောင်ကိုးရီးယားရဲ့social media influencer တစ်ဦးဖြစ်ပေမဲ့ သူမဟာ စစ်မှန်တဲ့လူသားတစ်ဦးမဟုတ်နေပါဘူး။ ယခုအခါ Instagram တွင် followerပေါင်း ၅၈,၀၀၀ ကျော်ရှိသည့် အဆိုပါ influencer ဟာ တောင်ကိုးရီးယား၏ content-creation group Sidus Studio X မှဖန်တီးထားသော AI-powered သုံး virtual human သာဖြစ်ကြောင်း Korea.net က ဖော်ပြခဲ့ပါတယ်။ Rozy ဟာ အသက် ၂၂ နှစ် ၊ ၁၇၁ စင်တီမီတာ (၅ ပေ ၇ လက်မ) ရှိပြီး သူမဟာ အခြားသောလှုပ်ရှားမှုများအနေဖြင့် လှိုင်းစီးခြင်း၊ စကိတ်စီးခြင်းနှင့်ပြေးလွှားခြင်းကို နှစ်သက်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှ စတင်မိတ်ဆက်ပေးခဲ့တဲ့ Rozy အား Millennials အများစုနှင့်ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများကိုပေါင်းစပ်ပြီးဖန်တီးထားသလို Gen Zs ရဲ့ဆွဲဆောင်မှုအရှိဆုံးပုံစံအဖြစ် ဖန်တီးထားကြောင်း သိရှိရပါတယ်။

.

ဖန်တီးခဲ့တဲ့စတူဒီယိုက သရုပ်ဆောင်တစ်ဦးထံမှမျက်နှာအသွင်အပြင်နှင့်လှုပ်ရှားမှုပေါင်း ၈၀၀ နီးပါးကိုထုတ်ယူရန် 3D ပုံစံနည်းပညာကို အသုံးပြုခဲ့ပါတယ်။ စတူဒီယို၏အဆိုအရ Rozy ဟာ သူမ Instagram acc ၏ပထမသုံးလအတွင်း သူမဟာ 3D virtual model ဖြစ်ကြောင်းကို မည်သူမျှမသိခဲ့သလို သတိလည်းမထားမိခဲ့ကြပါဘူး။

.

Rozy ဟာ virtual တစ်ဦးဖြစ်ခြင်းကြောင့် သူမဟာ ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်များဖြင့်ကန့်သတ်မခံရဘဲ သွားရေးလာရေးခက်ခဲသောနေရာများအပါအ၀င် ကမ္ဘာပေါ်ရှိမည်သည့်နေရာမဆိုကို သွားရောက်လည်ပတ်နိုင်ပါတယ်။ Rozy ကဲ့သို့လူအတုများသည်လည်း နာမည်ကြီးကြယ်ပွင့်တစ်ဦးရဲ့ဈေးကွက်ဝင်ရောက်မှုကိုထိခိုက်စေနိုင်သောအလားအလာအရှုပ်တော်ပုံများမှလည်း ကင်းလွတ်ပါတယ်။

.

Rozy ဟာ Shinhan Life Insurance ကုမ္ပဏီအတွက် သူမ၏ဗီဒီယိုကြော်ငြာက YouTube ပေါ်တွင်ကြည့်ရှုသူပေါင်း ၁၁ သန်းကျော်ရှိနေသောကြောင့် ယခုအချိန်ထိ Rozy ဟာ ဘဏ်လုပ်ငန်းပုံစံတစ်ခုဖြစ်ကြောင်း သက်သေပြနေပါတယ်။ Rozy ဟာ ယနေ့ချိန်ထိ အမေရိကန်ကားထုတ်လုပ်သူ Chevrolet အတွက်တစ်ခုအပါအ ၀င် စပွန်ဆာပေါင်း ၁၀၀ ကျော်အထိရှိနေပါတယ်။

.

ယခုနှစ်အစောပိုင်းတွင် Rozy ဟာ Vogue Korea တွင် နောက်ထပ်ဒစ်ဂျစ်တယ်စူပါမော်ဒယ် Shudu နှင့်အတူ ပါဝင်ခဲ့ပါသေးတယ်။ ၁၉၉၈ ခုနှစ်က စတင်မိတ်ဆက်ပေးခဲ့တဲ့ digital အဆိုတော်တစ်ဦးဖြစ်တဲ့ Adam ကြောင့် Rozy ကဲ့သို့သော digital နာမည်ကြီးများရဲ့သဘောတရားဟာ တောင်ကိုးရီးယားလူမျိုးများအတွက် အထူးအဆန်းမဟုတ်တော့ကြောင်း Korea Herald က ဖော်ပြခဲ့ပါတယ်။

ရုပ်ရှင်မင်းသား Won Bin ရဲ့ရုပ်ရည်ပုံစံအတိုင်းရှိတဲ့ Adam ဟာ အဆိုတော်အဖြစ် အယ်လ်ဘမ်ပေါင်း ၂၀၀,၀၀၀ ကျော်ရောင်းချခဲ့ပြီး စီးပွားဖြစ်မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ သူ၏ပထမသုံးလတည်းတွင် Adam ဟာ ဝမ်သန်း ၅၀၀ (ဒေါ်လာ ၄၂၆,၀၀၀ ကျော်) အထိရရှိခဲ့ဖူးပါတယ်။ ထို့အပြင် တောင်ကိုးရီးယားနိုင်ငံဟာ ခေတ်မီအမြင်အာရုံအကျိုးသက်ရောက်မှုနည်းစနစ်များကိုအသုံးပြု၍ ဖန်တီးထားခဲ့တဲ့ အခြား virtual human ဖြစ်တဲ့ Sua ရဲ့နေအိမ်လိုပါဘဲ။

.

Sua အား video game development engine Unity ကိုသုံး၍ developer studio Sua Digital မှ ဖန်တီးပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် ဂျပန်နိုင်ငံမှနောက်ထပ်သော virtual influencer တစ်ဦးဖြစ်တဲ့ Imma ဟာ 3D ဖြင့်လှုပ်ရှားနေသောဦးခေါင်းကို live-action ကိုယ်ထည်နှင့်နောက်ခံသို့လွှဲပြောင်းပေးသောကွန်ပျူတာဂရပ်ဖစ်ပုံစံတစ်ခုဖြစ်ပါတယ်။

CG ကုမ္ပဏီ ModelingCafe မှဖန်တီးခဲ့သော Imma ဟာ ယခုဆိုလျှင်နှစ်နှစ်ကျော်သက်တမ်းရှိပြီဖြစ်ပြီး Imma ဟာ Instagram ၌ Followerပေါင်း ၃၄၉,၀၀၀ ကျော်အထိရှိနေပါတယ်။

Mia (Mckzone daily)

Reference : nextshark

Be the first to comment on "စပွန်ဆာပေါင်း ၁၀၀ ကျော်အထိရှိနေပေမဲ့ စစ်မှန်တဲ့လူသားတစ်ဦးမဟုတ်နေတဲ့ နာမည်ကြီးတောင်ကိုးရီးယား influencer တစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*