သားဖြစ်သူကမှီခိုနေရတဲ့အောက်စီဂျင်ဘူးကို အစားထိုးနိုင်ရန် နှစ်ရက်လျှင်တစ်ကြိမ်နှုန်းဖြင့် ၇၅ မိုင်ခရီးကို ဆိုင်ကယ်ဖြင့်သွားကြရတဲ့ ဇနီးမောင်နှံ

မော်တော်ဆိုင်ကယ်ပေါ်ရှိထိုင်းစုံတွဲတစ်တွဲနှင့်၎င်းတို့၏သားငယ်တို့ရဲ့နှလုံးသားထိခိုက်ဖွယ်ဓာတ်ပုံတစ်ပုံဟာ မိဘတို့၏ချစ်ခြင်းမေတ္တာက နယ်နိမိတ်စည်းမရှိကြောင်းကို လူတိုင်းအားသက်သေပြစေခဲ့ပါတယ်။ မိဘများက ၎င်းတို့၏ကလေးငယ်နှင့်အတူ လမ်းပေါ်တွင်ပုံမှန်အတိုင်းဆိုင်ကယ်စီးနေခဲ့တဲ့၎င်းဓာတ်ပုံဟာ လူတိုင်းရဲ့စိတ်နှလုံးသားကိုကြေကွဲသွားစေတဲ့ စိတ်ထိခိုက်ဖွယ်ပုံပြင်တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ Netizen တစ်ဦးဟာ လမ်းကြီးတစ်နေရာမှာ ဆိုင်ကယ်စီးနေတဲ့ဇနီးမောင်နှံကို တွေ့ခဲ့ရပေမဲ့ ဆိုင်ကယ်ပေါ်ရှိမိခင်ဖြစ်သူက ချီထားခဲ့တဲ့ကလေးငယ်ကို တွေ့လိုက်ရတဲ့အခါ သူဟာ သိချင်ပြင်းပြသွားခဲ့ရပါတယ်။ မိခင်ဖြစ်သူရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်ထားသောအ၀တ်နှင့်ပတ်ထားတဲ့ ကလေးငယ်ဟာ သူ၏နှာခေါင်းပေါက်၌အောက်ဆီဂျင်ပြွန်များထည့်ထားရသလို ကောင်လေးနဲ့ဆက်သွယ်ထားတဲ့အောက်ဆီဂျင်ဘူးတစ်ခုကလည်း မော်တော်ဆိုင်ကယ်ရဲ့အနောက်ဘက်မှာပါရှိနေခဲ့ပါတယ်။

Netizen ၏အဆိုအရ ဖခင်ဖြစ်သူဟာ မီးနီမိလို့ ဆိုင်ကယ်ရပ်လိုက်တိုင်း အနောက်ကအောက်ဆီဂျင်ဘူးကို အနေအထားမှန်အောင် နောက်ပြန်ပြန်လှည့်ပြီး ထိန်းထားခဲ့ပါတယ်။ အဆိုပါထိုင်းမိသားစုရဲ့ post ပျံ့နှံသွားပြီးနောက်မှာ သတင်းမီဒီယာများစွာကလည်း စုံစမ်းလာခဲ့ကြပါတယ်။

တစ်ကယ်တော့ ကလေးငယ်ဟာ အဆုတ်ရောဂါနှင့်မွေးဖွားလာခဲ့ရပြီး အသက်ခြောက်လအရွယ်တွင် ပန်းနာရင်ကျပ်ရောဂါကို ခံစားလာခဲ့ရတာပါ။ TNews ၏အဆိုအရ ကလေးငယ်၏အဆုတ်ဟာ တစ်ဖြည်းဖြည်းအားနည်းလာပြီး အသက် ၆ လအရွယ်မှစ၍ အောက်ဆီဂျင်လိုအပ်လာခဲ့ပါတယ်။

ကံမကောင်းစွာဖြင့် အောက်စီဂျင် tank တစ်ခုဟာ မိဘများအား ဈေးသက်သာသာမရစေဘဲ ဘတ် ၂၀၀ (ဒေါ်လာ ၆.၄၈) ကုန်ကျစေခဲ့တာကြောင့် နှစ်ရက်တစ်ခါ အောက်စီဂျင်ဖြည့်ရန် လိုအပ်လာစေခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ တစ်ရက်လျှင် ဘတ် ၃၀၀ (ဒေါ်လာ ၉.၇၂) သာရရှိပြီး သားဖြစ်သူ၏ကုသမှုအတွက် ဘတ် ၁၀၀,၀၀၀ ကျော် (ဒေါ်လာ ၃.၂၃၉) ကိုသုံးစွဲခဲ့ပြီးဖြစ်ပါတယ်။

သို့သော် ချင်းရိုင်၏မြောက်ဘက်ခရိုင်မယ်ဆိုင်မြို့မှာ နေထိုင်တဲ့မိသားစုဟာ ၎င်းတို့၏ဖျားနေတဲ့သားအတွက် အောက်ဆီဂျင်ကို အစားထိုးနိုင်ရန် ၎င်းတို့အိမ်မှဆေးရုံသို့ ကီလိုမီတာ ၁၂၀ (၇၅ မိုင်) ဝေးတဲ့ခရီးကို နှစ်ရက်မှာတစ်ကြိမ် သွားခဲ့ကြရပါတယ်။

ဖခင်ဖြစ်သူက ၎င်းတို့မှာ ကိုယ်ပိုင်ကားမရှိသလို အများပိုင်တက္ကစီကားကို ဌားရင်လည်း ကားဆရာက အောက်စီဂျင်ဘူးပေါက်ကွဲမှာကို ကြောက်ကြပြီး အခြားခရီးသည်တွေအဆင်မပြေဖြစ်မှာကိုလည်း စိုးရိမ်တာကြောင့် ဆိုင်ကယ်ဖြင့်သာ သွားရကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် သားဖြစ်သူရဲ့အသက်ကို ဆွဲဆန့်ထားနိုင်ရန် နှစ်ရက်တစ်ကြိမ် ဆိုင်ကယ်ဖြင့် ဆေးရုံသွားဖို့က ၎င်းတို့မိသားစုအတွက် ကျန်ရစ်စေတဲ့တစ်ခုတည်းသော ရွေးချယ်စရာသာဖြစ်နေခဲ့ရပါတယ်။

မိဘတွေက ၎င်းတို့နဲ့ထိုက်တန်တဲ့အကူအညီကိုလက်ခံရရှိပြီး ကလေးငယ်ကလည်း အောက်စီဂျင်ကို မမှီခိုစရာမလိုတော့ဘဲ ပြန်လည်ကောင်းမွန်လာပါစေလို့သာ မျှော်လင့်ရင်း ဆုတောင်းနေမိပါတယ်ဗျာ။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "သားဖြစ်သူကမှီခိုနေရတဲ့အောက်စီဂျင်ဘူးကို အစားထိုးနိုင်ရန် နှစ်ရက်လျှင်တစ်ကြိမ်နှုန်းဖြင့် ၇၅ မိုင်ခရီးကို ဆိုင်ကယ်ဖြင့်သွားကြရတဲ့ ဇနီးမောင်နှံ"

Leave a comment

Your email address will not be published.


*