အရှေ့တောင်အာရှရှိသမုဒ္ဒရာထဲမှာနေထိုင်တဲ့ Bajau Laut လူမျိုးများ (သို့) ပင်လယ် gypsies လို့ခေါ်တဲ့လူမျိုးနွယ်စုတစ်စုဟာ ၎င်းတို့ရဲ့ဘ၀ကို ပင်လယ်ရေပြင်ပေါ်၌သာ အများဆုံးဖြတ်သန်းနေထိုင်ခဲ့ကြပါတယ်။ ၎င်းတို့ဟာ ကုန်းမြေပေါ်ခြေချရန်ခဲယဉ်းတာကြောင့် Bajau Laut ကလေးအများစုက ကျောင်းမတက်ကြရပါဘူး။ ၎င်းတို့ရဲ့နေထိုင်မှုဘဝပုံစံ နှင့် လွဲမှားနေတဲ့ ၎င်းတို့ရဲ့ပညာရေးတို့ကြောင့် Khairul Jamain အမည်ရှိမလေးရှားအမျိုးသားတစ်ဦး ဟာ ထိုကလေးများကိုစာသင်ပေးဖို့ ၎င်းတို့ရဲ့ရွာသို့ခရီးသွားမစ်ရှင်ကို ကိုယ်တိုင်စတင်ခဲ့ပြီး သူ့ရဲ့ Facebook post မှာ ပြန်လည်ရေးသားမျှဝေပေးခဲ့ပါတယ်။ Khairul ဟာ ထိုသမုဒ္ဒရာမှ မျိုးနွယ်စုကလေးများအား စာသင်ကြားပေးရန် သူ့ရဲ့ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် ၎င်းနေပေါ်ရွာသို့ တစ်ပတ်ကို နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်သွားရောက်ပြီး သင်ကြားပေးခဲ့ပါတယ်။
.
Bajau Laut မျိုးနွယ်စုနှင့် ခင်မင်မှုကိုစတင်ဖို့ကမလွယ်ဘူးလို့လည်း ရေးသားခဲ့ပါတယ်။ သူဟာ ထိုလူမျိုးစုများရဲ့နေထိုင်မှုပုံစံများကိုလေ့လာနိုင်ရန် ၎င်းတို့ရဲ့ရွာများတည်ဆောက်ထားတဲ့ Semporna ကမ်းခြေရှိ Celebes ပင်လယ်မှာ ၄ လခန့်အချိန်ယူခဲ့ရပါတယ်။
.
Khairul ဟာ ထို Bajau Laut မျိုးနွယ်စုများကို လေ့လာကြည့်ပြီးနောက် ကလေးများက ပညာရေးချို့တဲ့နေတာကို သဘောပေါက်သွားခဲ့ပါတယ်။ ထို့ကြောင့် Khairul က ထိုအချိန်မှစပြီး Bajau Laut ကလေးများအတွက် ဆရာတစ်ဦးဖြစ်ပေးရန်စိတ်ပိုင်းဖြတ်ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။
.
“ ကျွန်တော် သူတို့ကို စာရွက်နဲ့ခဲတံတွေ စပေးခဲ့တုန်းက သူတို့က ကြောက်နေခဲ့ကြတဲ့အပြင် အဲဒါတွေကို ဘယ်လိုသုံးရမှန်းမသိသလို အဲဒါတွေကိုလည်း မထိချင်ခဲ့ကြဘူး၊ ဒါကြောင့် ကျွန်တော်က ကျောင်းမှာ အခြေခံသင်ပေးတဲ့ ABC ၊ ၁၂၃ စတဲ့ပုံစံနဲ့စမသင်ပေးဘဲ ပန်းချီ၊ သီချင်းဆိုခြင်းနှင့်ပုံပြင်ပြောခြင်းမှတဆင့် ကလေးတွေကိုစာသင်ပေးဖို့ စာရွက်၊ ခဲတံ၊ ခဲပြားနှင့်သင်ပုန်းပြားတွေနဲ့ အသုံးပြုပြီး သင်ကြားပေးခဲ့ရတယ် ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ထိုကလေးတွေမှာ မျှော်လင့်ချက်ရှိတယ်လို့ယုံကြည်တာကြောင့် Khairul ဟာ ၎င်းတို့ဆီသို့ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်သွားကြည့်ဖို့ ကိုယ်ပိုင်ငွေကိုတောင် သုံးဖို့ဆန္ဒရှိနေခဲ့ပါတယ်။
ထို့ပြင် ၎င်းရွာကို ရောက်ဖို့ လှေတစ်စီးအတွက် RM400 (ဒေါ်လာ ၉၇) သုံးခဲ့ရပြီး ၎င်းသို့ရောက်ဖို့ ပင်လယ်နဲ့လှိုင်းပေါ်မူတည်ပြီး ခရီးက မိနစ် ၃၀ ကနေ ၅၀အထိကြာကြောင်းပြောပြခဲ့ပါတယ်။ ဒီမစ်ရှင်က အတော်လေးခက်ခဲပေမဲ့လည်း Khairul က လက်မလျှော့ခဲ့တာကြောင့် ရွာသူရွာသားများကလည်း သူ့ကိုဆရာတစ်ဦးအဖြစ် လက်ခံလာခဲ့ကြပါတယ်။
ထို့ပြင် “ ကျွန်တော့်အိပ်မက်က သေးသေးလေးပါပဲ၊ Bajau Laut ကလေးငယ်တွေကို ပညာပေးနိုင်တဲ့ကိုယ်ပိုင်ကျောင်းတစ်ခုရှိစေချင်တယ် ၊ အင်ဒိုနီးရှား Bajau Laut လူမျိုးတွေကို ကာကွယ်မှု၊ ပညာရေးနှင့်တန်းတူအခွင့်အရေးပေးဖို့ အင်ဒိုနီးရှားက အဘယ်ကြောင့်မလုပ်နိုင်ရတာလဲ “ လို့ Khairul က သူ့ရဲ့မျှော်လင့်ချက်ကို ရေးသားဖော်ပြခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "သမုဒ္ဒရာအလယ်မှာနေထိုင်တဲ့မျိုးနွယ်စုကလေးများအား စာသင်ကြားပေးရန် ကိုယ်ပိုင်စရိတ်ဖြင့် တစ်ကိုယ်တော်ခရီးကိုစတင်ခဲ့တဲ့ အမျိုးသားတစ်ဦး"