သစ်သီးရောင်းသည်တစ်ဦးဖြစ်တဲ့ Solomon Alfanta ဟာ သူဖြစ်ချင်တာက ဖိလစ်ပိုင်နိုင်ငံ Cebu မြို့ရဲ့ New Market Place မှာ သစ်သီးများရောင်းချခြင်းဖြင့် ရိုးသားတဲ့အသက်မွေးဝ မ်းကြောင်းပြုရန်ဘဲဖြစ်ပါတယ်။ သို့ပေမဲ့ ကံမကောင်းစွာဘဲ လူတိုင်းကသူ့လိုမရိုးသားနေခဲ့ပါဘူး။ တစ်နေ့ရဲ့မနက်ခင်းမှာ ထုံးစံအတိုင်း Alfanta ဟာ သစ်သီးရောင်းရန် သူ၏ဈေးဆိုင်သို့သွားခဲ့ပါတယ်။ အဲဒီ့နေ့မှာ Alfanta ဟာ သူကိုယ်တိုင်က ကောင်းသောတစ်နေ့တာလို့မပြောခင်မှာ ငှက်ပျောသီးတွေအများကြီးရောင်းထွက်ဖို့ကို မျှော်လင့်နေခဲ့ပါတယ်။ သူက သူ့ဆိုင်ကိုခင်းကျင်းစီစဉ်ပြီး သိပ်မကြာခင်မှာဘဲ အမည်မသိအမျိုးသားတစ်ဦးက သူ့ဆိုင်ကိုချဉ်းကပ်လာပြီး PHP100 ( ဒေါ်လာ ၁.၉၂) တန်ဖိုးရှိတဲ့ငှက်ပျောသီးများကို PHP 1000 ငွေစက္ကူရွက်ဖြင့် သူ့ဌက်ပျောသီးများကိုဝယ်ခဲ့ပါတော့တယ်။
ထိုအချိန်တွင် အသက် ၇၆ နှစ်အရွယ်သစ်သီးရောင်းသည် Alfanta ဟာ ဘာမှထွေထွေထူးထူးမရှိဘူးဟုတွေးတောကာ ထိုလူထွက်သွားပြီးနောက်မှာ သူ့ရဲ့အလုပ်ကိုသာ ဆက်လုပ်နေခဲ့ပါတယ်။ ထိုနေ့ညနေစောင်းပိုင်းလောက်မှာတော့ Alfanta ဟာ သူမသိတဲ့ဝယ်သူထံမှရတဲ့ PHP1,000 ငွေစက္ကူဖြင့် အသားအချို့ဝယ်ရန်သွားခဲ့ပါတယ်။
သို့သော်လည်း ၎င်းငွေစက္ကူကအတုဖြစ်ကြောင်းကို နောက်ပိုင်းမှ သိလိုက်ရပါတော့တယ်။ လူတစ်ယောက်ဆီမှလိမ်ညာခံလိုက်ရတာကြောင့် Alfanta ရဲ့စိတ်ခံစားချက်များကလည်း ထွေပြားသွားခဲ့ရပါတယ်။
“ ငါ့မိန်းမက အိမ်ပြန်ချင်နေပြီ၊ ငါတို့က PHP 200 တန်ဖိုးရှိတဲ့အသားတွေကို ၀ယ် ပြီး အိမ်မှာချက်စားဖို့စီစဉ်နေခဲ့တာ ၊ ငါ အဲ့ဒီ PHP 1000 တန်ကို လက်မခံခဲ့သင့်ဘူး ၊ ခုတ်ထားတဲ့အသားတွေကိုလည်း ဆိုင်မှာ ပြန်ထားခဲ့ရတယ်” ဟု Alfanta က ဆိုခဲ့ပါတယ်။
Alfanta အတွက် ကံကောင်းထောက်မစွာနဲ့ Cebu မြို့ Sibunga ရပ်ကွက်ခံလူတစ်ဦးဟာ နောက်ပိုင်းတွင် သူ၏အဖြစ်အပျက်ကို social media ပေါ်သို့ဝေမျှပေးခဲ့ပြီးနောက် သူ့ရဲ့သတင်းဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ “ ကျွန်တော် ဈေးကိုအစောကြီးသွားခဲ့တယ်၊ လူလိမ်က အဘိုးကို PHP 1,000 တန်အတုနဲ့ငွေရှင်းခဲ့တယ်၊ သူက PHP 100 တန်ဖိုးရှိငှက်ပျောသီးတွေကို ၀ယ်ပြီး အမ်းငွေ PHP 900 ကိုယူပြီး ဌက်ပျောသီးကို ထားခဲ့တယ်” ဟု Alfanta ရဲ့ဖြစ်ပျက်ခဲ့ပုံကို Facebook ပေါ်တွင်တင်ပေးခဲ့တဲ့ Angelie Mabanta အမည်ရှိအမျိုးသားက ရေးသားခဲ့ပါတယ်။
ထို့ပြင် Mabanta ဟာ Facebook၌ live လွှင့်ပြီး Alfanta အား အလှူငွေများလှူဒါန်းပေးရန် လူထုထံသို့ အကူအညီလှမ်းတောင်းခံပေးခဲ့ပြီး “ တော်တော်များများက ကူညီပေးခဲ့ကြတယ် ၊ Alfanta ရဲ့အခြေအနေက အခုလို လူအများကြီးကို touch ဖြစ်သွားစေလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး” ဟု Mabanta က ပြောကြားခဲ့ပါတယ်။
၎င်း post ပျံ့နှံ့သွားပြီးနောက်မှာ အဘိုး Alfanta ဟာ USA မှ ပြည်ပဖိလစ်ပိုင်လုပ်သားများနှင့် Mabanta မှ လှူဒါန်းပေးတဲ့ငွေများစွာကို လက်ခံရရှိခဲ့ရပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "သစ်သီးများရောင်းရင်း ရိုးရိုးသားသားအသက်မွေးနေပေမဲ့လည်း လူလိမ်ထံမှ ငွေစက္ကူအတုဖြင့် လိမ်လည်ခံခဲ့ရတဲ့ အဘိုး"