မလေးရှားလူမျိုးဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် Dr Chin Wui Kin အမည်ရှိအမျိုးသားတစ်ဦးဟာ စင်္ကာပူနိုင်ငံရှိ Ng Teng Fong အထွေထွေရောဂါကုဆေးရုံ၌ မေ့ဆေးဗေဒဆိုင်ရာအကြံပေးတစ်ဦးဖြစ်ပါတယ်။ Dr Chin ဟာ အတွေ့အကြုံရင့် တောင်တက်သမားတစ်ယောက်လည်းဖြစ်ပါတယ်။ Dr Chin ဟာ ဟိမဝန္တာတောင်တန်းများရှိ ၈၀၉၁ မီတာမြင့်တဲ့ Annapurna တောင်ထိပ်ပေါ်မှဆင်းလာနေစဉ် Nima Tsering Sherpa အမည်ရှိသူ့ရဲ့လမ်းညွှန်သူရှေ့မှာတင် ရုတ်တရက်သတိလစ်ကာ လဲကျသွားခဲ့ပါတယ်။ ထို့နောက် အခြားတောင်တက်သမားများနှင့် Dr Chin တို့က အမြင့်ဆုံးအောက် ၁ ကီလိုမီတာခန့်မှာရှိနေတဲ့အနီးနားစခန်းသို့ ပြန်မရောက်လာခဲ့တာကြောင့် Seven Summit Treks လက်အောက်ရှိကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က Dr Chin တို့ရဲ့တည်နေရာကို အသည်းအသန်ရှာဖွေခဲ့ကြရပါတယ်။
ထို့နောက် လူသူကင်းမဲ့ပြီးအကူအညီမရနိုင်တဲ့တောင်ပေါ်တစ်နေရာမှာ Dr Chin တို့ဟာ နှစ်ညတာအေးစက်စွာသောင်တင်နေခဲ့ရပြီး Nima ဟာ Dr Chin ရဲ့အသက်ကိုကယ်တင်နိုင်ရန် သူ့ရဲ့တစ်ခုတည်းသော အောက်ဆီဂျင်ဆလင်ဒါကိုလည်း Dr Chin အား ပေးသုံးကာအိပ်ပျော်စေခဲ့ပါတယ်။
Nima ရဲ့အဆိုအရ Nima တို့ရဲ့အောက်ဆီဂျင်ဆလင်ဒါက Dr Chin နှင့်အတူ နှစ်လုံးပါလာခဲ့ရှိပေမဲ့လည်း နောက်ဆုံးမှာ Dr Chin ရဲ့ဆလင်ဒါက ကုန်သွားခဲ့ပါတယ်။ Nima က Dr Chin ရဲ့ဂြိုဟ်တုဖုန်းနှင့်စခန်း IV သို့အရေးပေါ်ဖုန်းခေါ်ရန်ကြိုးစားခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။
ထို့နောက် သူဟာ အောက်ဆီဂျင်ချို့တဲ့လာတာကြောင့် ပြင်းထန်တဲ့ခေါင်းကိုက်ခြင်းနှင့်လေဖိအားနည်းရာမှအသက်ရှုထုတ်ရန်ရုန်းကန်ရခြင်းကိုခံစားခဲ့ရကြောင်း Nima က ပြန်ပြောပြပါတယ်။
ကြောက်စရာကောင်းတဲ့နှင်းခဲများကြောင့် ကျောရိုးဒဏ်ရာများလည်းရရှိခဲ့သလို ၎င်းတို့အတွက် အကူအညီမရှိတဲ့အမြင့်မှာရှိနေပေမဲ့ Nima တို့ကဆက်လျှောက်လာခဲ့ရပြီး ဧပြီလ ၂၅ ရက်နေ့မှာ Dr Chin အား စခန်း IV သို့ လုံခြုံစွာ ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။
စိတ်မကောင်းစွာနဲ့ဘဲ မေလ ၂ ရက်နေ့မှာသတင်းတင်ပြချက်များအရ Dr Chin ဟာ အသက်မရှင်နိုင်ခဲ့ပါဘူး။ Nima ဟာလည်း ပြင်းထန်တဲ့ဦးနှောက်အမြှေးရောင်ခြင်းကြောင့် ဆေးရုံနှစ်ရက်တက်ခဲ့ရပါတယ်။
သို့ပေမဲ့ Nima ဟာ တောင်တက်လမ်းပြမှုများ ၊ လေ့လာရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများမှာကူညီရန် သူ့ရဲ့ကျွမ်းကျင်မှုများနှင့်အသိပညာများကို အသုံးပြုခဲ့တာကြောင့် အင်တာနက်သုံးစွဲသူများက သူ့အား ချီးကျူးခဲ့ကြပြီး Dr Chin အတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "တောင်ပေါ်၌သောင်တင်နေစဉ် ဆရာဝန်တောင်တက်သမားရဲ့အသက်ကိုကယ်တင်ရန် သူ့အောက်စီဂျင်ဘူးကိုပင် ပေးသုံးခဲ့တဲ့ တောင်တက်လမ်းညွှန်တစ်ဦး"