ရှေးရိုးရာဓလေ့ထုံးစံစဉ်လာအလျှောက် ညီအစ်ကိုငါးယောက်နှင့် တစ်ချိန်တည်းလက်ထပ်ထိမ်းမြားခဲ့တဲ့ မိန်းကလေးတစ်ဦး

အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသရှိ အသက် ၂၁ နှစ်အရွယ် Rajo Verma အမည်ရှိအမျိုးသမီးငယ်တစ်ဦးမှာ ခင်ပွန်း ၅ ယောက်ရှိပြီး ထိုခင်ပွန်းများအားလုံးကလည်း မိသားစုတစ်ခုတည်းမှာရှိတဲ့မွေးချင်းအရင်းများဖြစ်ကြပါတယ်။ ၎င်းအဖြစ်အပျက်ကို ဘယ်သူမှမယုံနိုင်ခဲ့သလို အင်တာနက်အသုံးပြုသူများကိုလည်း အံ့အားသင့်သွားစေခဲ့ပါတယ်။ ၎င်းတို့ရဲ့ဒေသခံဓလေ့ထုံးတမ်းစဉ်လာအရ အမျိုးသားတစ်ဦးနှင့်လက်ထပ်ပြီးရင် အဆိုပါအမျိုးသမီးဟာ သူမခင်ပွန်းဖြစ်သူရဲ့ညီအစ်ကိုများအားလုံးနှင့်လည်း လက်ထပ်ရမယ့်အယူအဆရှိကြောင်း သတင်းများအရသိရပါတယ်။ Rajo ဟာ အသက် ၂၁ နှစ်အရွယ် Guddu အမည်ရှိအမျိုးသားနှင့်လက်ထပ်ခဲ့ပြီးနောက်မှာ သူမဟာ သူမခင်ပွန်းရဲ့မောင်နှမများဖြစ်တဲ့အခြားယောက်ျားလေး ၄ ဦးနှင့် လက်ထပ်ခဲ့ပါတယ်။ ယခုအချိန်မှာ Rajo ဟာ သူမမွေးထားတဲ့ ၁၈ လသားအရွယ်ကလေးရဲ့ဖခင်က ဘယ်တစ်ယောက်ဖြစ်မှန်းမသိဘူးလို့ ပြောကြားခဲ့ပါတယ်။

Rajo ဟာ ၂၁ နှစ်အရွယ် Guddu ၊ ၃၂ နှစ်အရွယ် Baiju၊ ၊ ၂၈ နှစ်အရွယ် Sant Ram နှင့် ၂၆ နှစ်အရွယ် Gopal နှင့် ၁၉ နှစ်အရွယ် Dinesh တို့နှင့် လက်ထပ်ခဲ့ကာ အတူတူနေထိုင်နေလျက်ရှိပါတယ်။

Rajo ဟာ သူမရဲ့မိခင်ဖြစ်သူကလည်း သူမကဲ့သို့ မိသားစုတစ်စုရှိညီအစ်ကိုသုံးယောက်နှင့်လက်ထပ်ခဲ့ကြောင်း မီဒီယာများသို့ပြောကြားခဲ့ပါတယ်။ Rajo က သူမဟာ ခင်ပွန်းဖြစ်သူများထံမှအာရုံစိုက်အလေးပေးမှုနှင့် ချစ်ခြင်းမေတ္တာများစွာတို့ကို အမြဲရရှိနေခဲ့တာကြောင့် မိခင်ဖြစ်သူထက် အိမ်ထောင်ရေးပိုကံကောင်းတယ်လို့ သူမခံစားရတဲ့စိတ်ခံစားချက်ကိုလည်းမျှဝေခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ယုံရခက်လွန်းပေမဲ့လည်း အမှန်တကယ်လည်း အိန္ဒိယမြောက်ပိုင်းဒေသရှိ Dehradun ကျေးရွာမှာ တစ်ချိန်တည်းယောက်ျားတစ်ယောက်မကယူတဲ့ဓလေ့က နှစ်လများရှည်ကြာတဲ့ရိုးရာတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

မိသားစုတစ်စုရှိလူတစ်ယောက်ထဲနဲ့ဘဲလက်ထပ်ခြင်းက မြေယာအငြင်းပွါးမှုများကိုဖြစ်စေနိုင်သလို ၎င်းတို့မှာ မြေနေရာရှားပါးတာကြောင့် အဆိုပါစိတ်တူကိုယ်တူကွဲလွဲမှုကိုဟန့်တားတဲ့ပုံစံအဖြစ် ထ်ုဓလေ့ထုံးတမ်းစဉ်လာကို ဘိုးဘွားများက ဖန်တီးသတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

လူတစ်ယောက်ချင်းစီက သူ့မိသားစုကိုထောက်ပံ့ဖို့လုံလောက်တဲ့မြေယာလေးတစ်ခုပဲရှိသင့်တယ်လို့၎င်းတို့ယုံကြည်ကြတာကြောင့် ၎င်းဒေသရှိဒေသခံအားလုံးက ထိုနည်းကဲ့သို့ စည်းလုံးညီညွတ်စွာနေထိုင်ကြခြင်းဘဲဖြစ်ပါတယ်။

ထို့ကြောင့် အမျိုးသားများကလည်း လယ်ယာလုပ်ငန်းမှာအတူတကွအလုပ်လုပ်နိုင်ရန် တူညီတဲ့ဇနီးကိုသာ လက်ထပ်ကြရမှာဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "ရှေးရိုးရာဓလေ့ထုံးစံစဉ်လာအလျှောက် ညီအစ်ကိုငါးယောက်နှင့် တစ်ချိန်တည်းလက်ထပ်ထိမ်းမြားခဲ့တဲ့ မိန်းကလေးတစ်ဦး"

Leave a comment

Your email address will not be published.


*