ဇနီးဖြစ်သူအား ခင်ပွန်းဟောင်းနှင့်ကလေးယူရန် ထောက်ပံ့ပေးခဲ့တဲ့ ခင်ပွန်းနှင့် နောက်ကွယ်ရှိဝမ်းနည်းဖွယ်အမှန်တရား

Kimberly Holmes အမည်ရှိအမျိုးသမီးဟာ နိုင်ငံအလိုက်ဆုရ journalist တစ်ဦးအဖြစ် ကျော်ကြားသည့်အပြင် သူမ၏ထိထိမိမိဇာတ်လမ်းကြောင့် လူသိများပါတယ်။ သူမ၏ချစ်လှစွာသောခင်ပွန်း Rasheed Wiggins ဟာ ၂၀၁၆ ခုနှစ်၌ ကြေကွဲဖွယ်မတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့ရတာကြောင့် သူမဟာစိတ်ကျရောဂါခံစားခဲ့ရပြီး ၎င်းအချိန်ဟာ သူမ၏ဘ၀ တွင်အမှောင်မိုက်ဆုံးအချိန်ဖြစ်ခဲ့ရပါတယ်။ ထို့နောက် သူငယ်ချင်းများ၏အကြံပြုချက်ဖြင့် Holmes ဟာ ခင်ပွန်းဖြစ်သူရဲ့ သုက်ပိုးကိုထုတ်ယူပြီး အနာဂတ်တွင်သူနှင့်အတူကလေးယူနိုင်လိမ့်မည်ဟုမျှော်လင့်ထားခဲ့ပါတယ်။ ၎င်းအဖြစ်အပျက်ပြီးနောက် Holmes ဟာ သူမကိုယ်သူမ စိတ်စုစည်းကာ ဒဏ်ရာကိုကုသခဲ့ရပါတယ်။ သူမဟာ သူမ၏ခင်ပွန်းအသစ်ဖြစ်လာတဲ့ သူမ၏သူငယ်ချင်းဟောင်း Darian Iverson အပါအ၀င်မိသားစုများနှင့်သူငယ်ချင်းများအားလုံးရဲ့ အခိုင်အမာထောက်ပံ့ခြင်းကို ခံခဲ့ရပါတယ်။

Holmes ၏အဆိုအရ Iverson ဟာ ကြင်နာပြီး ဥာဏ်ရည်ထက်မြက်သူဖြစ်သလို Iverson ဟာ သူမ၏ခင်ပွန်း Rasheed က သူမထံသို့စေလွှတ်စေခဲ့တဲ့ တစ်ဦးတည်းသောလူဖြစ်ပြီး သူမရဲ့အမှောင်မိုက်ဆုံးနေ့များကိုလမ်းညွှန်ပေးခဲ့သည်ဟုလည်း သူမယုံကြည်ထားခဲ့ပါတယ်။

“ Iverson က ကျွန်မအခြားသူတွေဆီကနေ အကူအညီမတောင်းအောင် သူက ကျွန်မဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးနေတယ်” ဟု Holmes က ဆိုခဲ့ပါတယ်။

သူတို့စုံတွဲဟာ ၂၀၂၀ ခုနှစ်တွင် လက်ထပ်လိုက်ကြပြီးတဲ့နောက်မှာ သူမခင်ပွန်းဟောင်း၏အေးခဲနေတဲ့သုက်ပိုးကိုသုံး၍ ကိုယ်ဝန်ဆောင်ရန် ဇနီးဖြစ်သူကိုအားပေးခဲ့သူမှာ Darian ကိုယ်တိုင်သာဖြစ်ပါတယ်။

သူဟာ သူမအား သားဥချွေတာရန်ဆေးခန်းသို့ ကိုယ်တိုင်ခေါ်သွားပေးခဲ့ပြီး ကိုယ်ဝန် ၉ လနှင့်ကိုယ်ဝန်ဆောင်နေစဉ်သူမကိုလည်း အနီးကပ်ဂရုစိုက်ပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မေလမှာတော့ ၎င်းတို့စုံတွဲဟာ Rasheed ၏သုက်ပိုးနှင့်သန္ဓေတည်လာခဲ့တဲ့၎င်းတို့ရဲ့သား Kiran ကိုကြိုဆိုခဲ့ကြပါတယ်။ ၎င်းတို့က သားလေး Kiran ကိုအတူတကွပြုစုပျိုးထောင်ပြီး မိဘဖြစ်ရတာကို ပျော်ရွှင်နေခဲ့ကြရပါတယ်။

Darian ကလည်း ကလေးကိုအရမ်းချစ်နေခဲ့ပါတယ်။ Darian Iverson ဟာ သူမအတွက် သူမလိုအပ်တဲ့အရာမှန်သမျှကို အတိအကျဖြည့်ဆည်းပေးသလို Darian Iverson ဟာ သူမ၏ဘ၀ကိုအဓိပ္ပာယ်ရှိစေပြီး ဘဝအတက်အကျအားလုံးပြီးတဲ့နောက်မှာ သူမကိုငြိမ်းချမ်းစေရန်လည်း ကူညီပေးကြောင်း Holmes ကပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "ဇနီးဖြစ်သူအား ခင်ပွန်းဟောင်းနှင့်ကလေးယူရန် ထောက်ပံ့ပေးခဲ့တဲ့ ခင်ပွန်းနှင့် နောက်ကွယ်ရှိဝမ်းနည်းဖွယ်အမှန်တရား"

Leave a comment

Your email address will not be published.


*