Mia (Mckzone daily)
Reference : goodtimes
Unicode
ကျွန်တော်တို့အားလုံးဟာ ၎င်းတို့ရဲ့တူရိယာတွေကိုကောင်းကောင်းတီးခတ်နိုင်တဲ့ထက်မြက်တဲ့ဂီတပညာရှင်များ ၊ တေးသီချင်းများကို အသံအောင်စွာ ချိုမြိန်စွာ သီဆိုတတ်ကြတဲ့အနုပညာရှင်တို့ကို သဘောကျလေးစားနှစ်သက်ကာ ၎င်းတို့ရဲ့အမာခံပရိသတ်သတ်များအဖြစ် အားပေးလာကြရပါတယ်။ သို့ပေမယ့် ခုဖော်ပြပေးမဲ့ကလေးမလေးကတော့ ဒီကျွမ်းကျင်တဲ့စန္ဒယားပညာရှင်အား သူမသဘောကျနှစ်သက်ရကြောင်းကို ရယ်စရာကောင်းတဲ့နည်းလမ်းတစ်ခုဖြင့် နောက်ထပ်သောခြေသစ်တစ်လှမ်းနှင့် တုံ့ပြန်ဖော်ပြပေးနေခဲ့ပါတယ်။ ဗီဒီယိုထဲရှိ အဆိုပါကလေးမလေးဟာ စန္ဒရားတီးနေတဲ့လူငယ်ကောင်လေးကို အကြည့်လွှဲပစ်လိုက်ဖို့ ခက်ခဲနေခဲ့သလို မျက်တောင်တခတ်ခတ်နဲ့ ချစ်ကြည်နူးစွာ စိုက်ကြည့်နေခဲ့ပါတယ်။
အဆိုပါကောင်လေးက သူ့ရဲ့လက်ချောင်းများအား စန္ဒရားခလုတ်များပေါ်ဖြတ်စေပြီး စတင်တီးခတ်လိုက်တဲ့အခါ ကလေးမလေးဟာ ဘေးကနေ သူ့ကို အရွှင်လန်းဆုံးအပြုံးပန်းဖြင့် ချစ်စဖွယ်စိုက်ကြည့်နေခဲ့ပါတယ်။ သူမဟာ ပါရမီရှင်စန္ဒယားပညာရှင်တစ်ယောက်နှင့် ပထမဆုံးမြင်မြင်ချင်းချစ်မိသွားပြီဖြစ်တာကြောင့် သူမရဲ့မျက်လုံးတွေက ဗီဒီယိုတစ်လျှောက်လုံးမှာ အဆိုပါကောက်လေးကိုသာ စိုက်ကြည့်နေဖို့အတွက် မခက်ခဲနေခဲ့ပါဘူး။
စန္ဒယားပညာရှင်လူငယ်လေးတောင်မှ သူမရဲ့အကြည့်ကိုသတိပြုမိသွားခဲ့ပြီး နောက်ပိုင်းမှာ ကောင်လေးလည်း သဘောကျပြန်ပြုံးနေရင်း စန္ဒယားကိုဆက်တီးနေခဲ့ရပါတယ်။ တစ်ကယ်လည်း ကလေးမလေးက သူမရဲ့ခံစားချက်တွေအား စန္ဒယားပညာရှင်ဆီကိုအသိပေးလိုက်ဖို့ ကျိန်းသေမရှက်နေခဲ့ပါဘူး။ လူငယ်စန္ဒယားပညာရှင်ကိုကြည့်နေခဲ့တဲ့ကလေးမလေးရဲ့ရယ်စရာဗီဒီယိုကိုလည်း စာဖတ်သူတို့အတွက်ပါ ေဖာ်ပြေပးခဲ့လိုက်ပါတယ်ဗျာ။
Mia (Mckzone daily)
Be the first to comment on "စန္ဒယားတီးနေတဲ့အကိုကြီးကိုမှ သဘောကျမိလို့ အကြည့်မလွှဲနိုင်ရှာဖြစ်ခဲ့ရတဲ့ ကလေးမလေးရဲ့အဖြစ် (ရုပ်သံ)"