ခင်ပွန်းနဲ့သားက အိမ်မှထွက်သွားခဲ့တာကြောင့် ချည်နဲ့ လူသားပုံသဏ္ဏာန်လို ထိုးပြီး ပွေ့ဖက်ခဲ့ရတဲ့ အထီးကျန်ဆန်သောအမျိုးသမီး

ဒတ်ခ်ျလူငယ်ချည်ထိုးသမားတစ်ဦးက သူမရဲ့ အေးမြတဲ့ အပ်ချုပ်ကျွမ်းကျင်မှုကို ပြသပြီး သူမရဲ့ သားနဲ့ ခင်ပွန်းကို ပြန်လည်ဖန်တီးကာ ၎င်းတို့ကို အသက်ပြန်ရှင်စေပြီး Netizen များက လူအမှန်လို့ ယုံကြည်တဲ့အထိ ဖြစ်စေခဲ့ပါတယ် ။ Club Keluk လို့‌ခေါ်တဲ့ အမျိုးသမီးက ကျွမ်းကျင်တဲ့ ချည်ထိုးသမားဖြစ်ပါတယ် ။ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှ သူမဟာ ယခင်ကကြည့်ရှုရန် ပရိသတ်များအတွက် လက်ရာများ မကြာခဏထိုးပေးလေ့ရှိတာပါ ။ နေ့စဉ်လိုအပ်တဲ့ အရာများကို အစားအစာမီနူးများအထိ ထိုးခြင်းမှ သူမရဲ့ ရယ်စရာကောင်းပြီး ထူးခြားတဲ့ ဒီဇိုင်းများက သူမကို အာရုံစိုက်စေခဲ့ပါတယ် ။

ဒါပေမယ့် တစ်ခါတစ်ရံမှာ ဒီလိုပုံစံနဲ့ချည်တာကအရမ်းများပါတယ် ။ သူမဟာ စိတ်ကူးသစ်တစ်ခုကိုယူကာ သူမကိုယ်ပိုင်ချည်ထိုးသားကို စတင်ခဲ့ပါတယ် ။ ပုံတစ်ပုံမတင်မီ သူမက သားတစ်ယောက်ကို ချည်နဲ့ထိုးခဲ့တယ်ဆိုတဲ့ အကြောင်းကြောင့် အခုသူမရဲ့ဆယ်ကျော်သက်သားလေးက သူ့ကိုပွေ့ဖက်ခွင့် မပေးတော့ပါဘူး ။ ဒါကြောင့် သူမက ချည်နဲ့ သားအသစ်တစ်ယောက်ကို ထိုးပြီး ပွေ့ဖက်နေခဲ့ပါတယ် ။

၎င်းက တကယ့်သားအစစ်ဆိုပြီး netizen အချို့ကို ယုံကြည်စေခဲ့ပါတယ် ။ ဒါပေမယ့် သတင်းတစ်ခုလုံးဟာ သူမရဲ့ကိုယ်ပိုင်ဖန်တီးမှုသာဖြစ်ပြီး ဒါဟာပျော်ရွှင်စရာမိသားစုအနုပညာပရောဂျက်တစ်ခုသာဖြစ်ပါတယ် ။ ပြီးတော့ သူမရဲ့အမူအရာကိုအမူအရာမျိုးစုံနဲ့ ရိုက်ပြီး ဇာတ်လမ်းကို ဆက်ဖန်တီးခဲ့ပါတယ် ။

ဒါပေမယ့် ဒါက မလုံလောက်ဘူးသေးပါဘူး။ Keluke က သူမနဲ့တူတဲ့ ရယ်စရာအဖြစ်အပျက်တစ်ခုကို ဖန်တီးရင်း ‘ခင်ပွန်းအသစ်’ ကို ထပ်ဆင့်ထိုးပြီး သူမရဲ့ knitting စံနှုန်းကိုပိုသတ်မှတ်ခဲ့ပါတယ် ။

“ငါ့သားအရင်းက အရွယ်ရောက်လာတော့ အိမ်ကနေ ထွက်သွားတယ် ။ ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ့သားအသစ်ကို ချည်နဲ့ ထိုးပြီးတဲ့နောက်မှာ ငါ့ခင်ပွန်းက ငါ့ကိုထားခဲ့တာ ။ ဒါကြောင့် ငါကအရင်အဟောင်းထက်ပိုကောင်းတဲ့ ခင်ပွန်းအသစ်ကို ချည်နဲ့ ငါထိုးခဲ့တယ် ။ ” လို့ Club Keluk က ဆိုပါတယ် ။

ဟုတ်ပါတယ်၊ ဒီအကြောင်းအရာက netizen တွေဆီက ရယ်စရာတွေအများကြီးဖြစ်စေခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ သူမထိုးထားတဲ့သားနဲ့ခင်ပွန်းအသစ်ဟာ သူတို့ရဲ့နေ့စဉ်ဘဝကို တကယ့်လူတွေလိုနေထိုင်ပြီး သူတို့နှစ်ယောက်အတူတူ လုပ်စရာရှိတာတွေ လုပ်နေသလိုပါဘဲ ။

သူမရဲ့ အလုပ်ကို စိတ်ဝင်စားရင် သူမရဲ့ အင်စတာဂရမ် clubgeluk သို့မဟုတ် @club_geluk မျ သူမရဲ့ ဝက်ဘ်ဆိုက်ကို သင်လိုက်ကြည့်နိုင်ပါတယ် ။ ဒါဟာ ရည်စားမရှိတဲ့ သူအတွက်ရော အဆင်ပြေမယ်ထင်ပါတယ် ။

Mia (Mckzone daily)

Reference : khaosod

Be the first to comment on "ခင်ပွန်းနဲ့သားက အိမ်မှထွက်သွားခဲ့တာကြောင့် ချည်နဲ့ လူသားပုံသဏ္ဏာန်လို ထိုးပြီး ပွေ့ဖက်ခဲ့ရတဲ့ အထီးကျန်ဆန်သောအမျိုးသမီး"

Leave a comment

Your email address will not be published.


*