.
.
.
JRose (Mckzone daily)
Reference : khaosod
Unicode
စက်တင်ဘာ ၁၅ ရက်က YouTube ချန်နယ် SimuliziNaSauti မှာ တန်ဇန်းနီးယားနိုင်ငံ၊ Dar es Salaam လမ်းပေါ်မှာ “ အသက် ၂၀ မှ ၇၀ ကြားခင်ပွန်းကိုရှာနေ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ် ။ အင်တာဗျူးတစ်ခုမှာ ကောင်မလေးက ဒီလိုလုပ်ရခြင်းရဲ့အကြောင်းရင်းဟာ သူမအသက်ကြီးနေပြီဖြစ်လို့ပါ ။ အိမ်ထောင်ပြုဖို့ အချိန်က ကုန်ခါနီးပြီလို့ သူမခံစားနေရဒါကြောင့် လမ်းတစ်လျှောက်ဆိုင်းဘုတ်ကိုင်ပြီး သတို့သမီးရဲ့ဝတ်စုံနဲ့ လမ်းပေါ်ထွက်လျှောက်ရန် သူမရဲ့သတ္တိကို စုဆောင်းခဲ့ပါတယ် ။ သူမဟာ ဒီမင်္ဂလာဝတ်စုံအတွက် ဘတ်ငွေ ၄၂၀၀၀ လောက် ရင်းနှီးခဲ့ရပါတယ် ။ “ ငါအသက်ကြီးလာပြီး ယောက်ျားတစ်ယောက်လိုနေတယ် ။ ငါဘာလို့ဒီလိုလုပ်ရဲတာလဲဆိုတော့ ဒါဟာ ဥပဒေနဲ့ ဆန့်ကျင်တာမှ မဟုတ်ဘဲ ” လို့ ပြောဆိုခဲ့ပါတယ် ။
သူမက သူမကိုချစ်မယ့်သူကိုသာ ရှာဖွေနေခဲ့တာပါ ။ ဒါ့အပြင် သူမဟာ အပျိုစင်တစ်ယောက်လည်းဖြစ်ကြောင်း သူမက အခိုင်အမာဆိုထားပါတယ် ။ “ ငါခန်းဝင်ပစ္စည်းတွေကိုလည်း ငါကိုယ်တိုင်ပေးမှာ ။ မင်္ဂလာလက်စွပ်လည်း အဆင်သင့်ရှိပြီးသား၊ ဝတ်စုံလည်းအဆင်သင့်ဖြစ်ပြီ ။ ငါ့ကို ချစ်မဲ့ ယောကျ်ားက ဘာလူမျိုးဘဲဖြစ်ဖြစ် ငါမရွေးချယ်ဘူး ” လို့လည်း ပြောဆိုသေးပါတယ် ။ စတုတ္ထနေ့အတွက် ဆိုင်းဘုတ်ကိုကိုင်ပြီး လမ်းလျှောက်ခဲ့တယ်လို့ သူမက ပြောပါတယ်။ ပြီးတော့ သူ့ရဲ့နောက်ထပ်ခင်ပွန်းဖြစ်မယ့် လူငယ်တစ်ယောက်ကိုရှာဖွေဖို့ Dar es Salaam ပြည်နယ်တစ်ဝိုက်ကို ခရီးထွက်ဖို့လည်း သူမ စီစဉ်ထားပါသေးတယ် ။
JRose (Mckzone daily)
Be the first to comment on "အသက်ကကြီးပြီ ယူမဲ့လူကမရှိသေးတာကြောင့် လင်လိုချင်ကြောင်းဆိုင်းဘုတ်ကိုင်ပြီး မင်္ဂလာဆောင်ဝတ်စုံနဲလမ်းပေါ်ထွက်လျှောက်နေခဲ့တဲ့ အမျိုးသမီး"