နှစ်ပေါင်း ၆၀ ကြာကွဲကွာပြီးနောက် သူရဲ့ယခင်ချစ်သူကို ပျော်ရွှင်စွာ ပြန်လည်လက်ထပ်ခွင်းတောင်းခဲ့တဲ့ အဘိုးအို



JRose (Mckzone daily)

Reference : thainewsonline

Unicode

နှစ် ၆၀ ကြာခွဲခွာပြီးတဲ့နောက် “အဘိုးကြီး” သတို့သားက ခန်းဝင်ပစ္စည်းကိုယူကာ သူ့ရဲ့“ ချစ်သူဟောင်း” ကို ပြန်လည် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ ရှိနေသေးပါတယ် ။ ဒီသတင်းဟာ လူမှုမီဒီယာမှ လူများစွာက သူတို့ရဲ့ ထင်မြင်ချက်များကို ထုတ်ဖော်ပြောရန်ရောက်လာတဲ့ သတင်းဖြစ်ပါတယ် ။ Facebook စာမျက်နှာတစ်ခုမှ အဘိုးနဲ့ အဘွားတို့က အချစ်ဇာတ်လမ်းအတွက် အတူတကွစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရှိတယ်လို့ ဖော်ပြခဲ့ပါတယ် ။ အသက် ၇၈ နှစ်အရွယ် အဘိုးက နှစ် ၆၀ ခွဲခွာပြီးနောက် သူ့ရဲ့ချစ်ဇနီးဟောင်းလေးကို ပြန်လည်တောင်းရမ်းရန် ဘတ် ၂၀၀၀၀၀ ကို ယူလာပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။

ဒီသတင်းကို တင်ပြီးတဲ့နောက်မှာ netizen တွေက အာရုံစိုက်လာပြီး မှတ်ချက်အများကြီးနဲ့ လူအများက ချီးကျူးဖို့လာခဲ့ပါတယ် ။ ပြီးတော့ သူတို့နှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ ချစ်ဖို့တောင်းဆိုခဲ့ကြပါတယ် ။ ချစ်တယ်ဆိုတာက တကယ်တာဆီးဖို့ အသက်ဂဏန်းမရှိပါဘူး ။ အသက်ဘယ်လောက်ဘဲကြီးကြီး သေးသေး အချစ်ကတည်ရှိနေမှာဘဲ ။

JRose (Mckzone daily)

Be the first to comment on "နှစ်ပေါင်း ၆၀ ကြာကွဲကွာပြီးနောက် သူရဲ့ယခင်ချစ်သူကို ပျော်ရွှင်စွာ ပြန်လည်လက်ထပ်ခွင်းတောင်းခဲ့တဲ့ အဘိုးအို"

Leave a comment

Your email address will not be published.


*