အဖွားအတွက် ဆံပင်ညှပ်ပေးရန် မိမိရဲ့ကျွမ်းကျင်မှုကို ရဲရဲကြီးအာမခံထားသော်လည်း ရလဒ်မှာ တလွဲလုပ်ခဲ့တဲ့ အမျိုးသား



JRose (Mckzone daily)

Reference : khaosod

Unicode

ကပ်ရောဂါအခြေအနေအတွင်း ဆံပင်ညှပ်ဆိုင်အများစုက ယာယီပိတ်ထားရပါတယ် ။ လူများစွာက သူတို့ရဲ့ ဆံပင်ကိုညှပ်ရန် နီးစပ်သူတစ်ဦးတစ်ယောက်ကို အားကိုးပြီး ညှပ်ခိုင်းတက်ကြပါတယ် ။ ဒီ့အတိုင်းပါဘဲ ဗီယက်နမ်အဖွားတစ်ယောက်ကို အမျိုးသားတစ်ဦးက အဘွားအတွက်ဆံပင်ညှပ်ပေးရန် သူ့ရဲ့ ကျွမ်းကျင်မှုအတွက် အလွန်ယုံကြည်ကြောင်း ပြောသော်လည်း ရလဒ်များက ဇောက်တလွဲဖြစ်နေခဲ့ပါတယ် ။ မကြာသေးမီက ဗီယက်နမ်နိုင်ငံ၊ An Giang ပြည်နယ်မှ အမျိုးသားတစ်ဦးဟာ အဖွားကို သူ့ရဲ့ ဆံပင်ညှပ်စွမ်းရည်ကိုပြသပြီးနောက် အဖွားအိုက ရယ်မောခဲ့ရပါတယ် ။ ပထမတော့အဖွားဟာ သူ့ရဲ့ ‌ကျွမ်းကျင်မှုကို မယုံခဲ့ပါဘူး ။ ဒါကြောင့် အဖွားက သူ့ကိုယုံရမလား၊ မယုံရနဘူးလားလို့ ထပ်ခါတလဲလဲမေးနေသေးပါတယ် ။ ၎င်းအမျိုးသားက ရင်ဘတ်ကို ဂုဏ်ယူစွာရိုက်လိုက်ပြီး“ ကျွန်တော့ကို ယုံစမ်းပါ” လို့ ရဲရဲကြီး အာမခံပြောဆိုခဲ့ပါတယ် ။ ထို့နောက် သူ့ရဲ့ ကျွမ်းကျင်မှုကို အဖွားရဲ့ မြေးလေးက ပြသလာခဲ့ပါတယ် ။

ဆံပင်ညှပ်ပြီးတဲ့အခါ သူက ကြည့်ရန်အဘွားကိုမှန်တစ်ချပ် ပေးလိုက်ပါတယ် ။ အဖွားက သူ့ရဲ့အခြေအနေကိုမြင်တဲ့အခါ မမှန်မကန်ပြုမူခဲ့ပါတယ် ။ ဆံပင်များကို အနားသို့ဖြတ်လိုက်သောကြောင့် ကြုတ်ကဲ့သို့ ထွက်လာပြီး ပုံတွေကိုမြင်တဲ့ Netizens တွေက သူတို့ရယ်ပြီးသနားစရာကောင်းတယ်လို့ ပြောကြပါတယ် ။ ဒါပေမယ့် တစ်ချို့လူတွေပြောတာက အနီးကပ်ကြည့်ရင် ဆံပင်က အဖွားနဲ့လိုက်ပါတယ် ။ မြေးဖြစ်သူကဘဲ အမြင်အာရုံမကောင်းတာနေမှာ လို့ နောက်ပြောင်ကျီစယ် ပြောဆိုကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အဖွားအတွက် ဆံပင်ညှပ်ပေးရန် မိမိရဲ့ကျွမ်းကျင်မှုကို ရဲရဲကြီးအာမခံထားသော်လည်း ရလဒ်မှာ တလွဲလုပ်ခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*