အမျိုးသားဘက်ကို ခန်းဝင်ပစ္စည်းမတောင်းဘဲ အခမ်းအနားတွင်းမှာ လက်စွပ်ဝတ်ရုံသာဖြင့် ရိုးရှင်းတဲ့ မင်္ဂလာပွဲကို ကျင်းပတဲ့ မိန်းကလေး
JRose (Mckzone daily)
Reference : thainewsonline
Unicode
YouTube channel Smileye ပိုင်ရှင် Eye လို့အမည်ရှိတဲ့ လူငယ်အလှအပရေးရာဘလော့ဂါတစ်ဦးဟာ သတို့သားကို ခန်းဝင်ပစ္စည်းမတောင်းဘဲ သူမရဲ့ ရိုးရှင်းတဲ့ မင်္ဂလာဆောင်ပွဲကိုကျင်းပပြီး ဓာတ်ပုံတင်တဲ့တဲ့အခါ နောက်ထပ်ချစ်စရာ အကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ် ။ ဒါပေမယ့် သူမက ရိုးရှင်းစွာကျင်းပထားပေမဲ့ ဝမ်းမြောက်မှုနဲ့ နွေးထွေးမှုအပြည့်ရှိပါတယ် ။ သူမရဲ့ ကိုယ်ပိုင် twitrer အကောင့်မှ “မင်္ဂလာဆောင်ပွဲလို့ ပြောရင် မင်္ဂလာဆောင်ဖြစ်တယ် ။ ၎င်းဟာ လက်စွပ်ဝတ်ခြင်း မှလွဲ၍ မည်သည့်ပုံစံ ဝတ်စရာမှ မလိုအပ်တဲ့ပွဲတစ်ခုဖြစ်တယ် ။ မိတ်ကပ်နဲ့ ဆံပင်တွေ ပြင်ဆင်ဖို့အတွက် အရာအားလုံးကို မင်းကိုယ်တိုင်လုပ်ပါ ။ ငွေအနည်းငယ်သာသုံးပါ။ ၎င်းဟာ အရိုးရှင်းဆုံးနဲ့ အပျော်ရွှင်ဆုံးဖြစ်ခဲ့ပါတယ် ။ ပွဲကို တခန်းတနားလုပ်စရာမလိုပါဘူး ။ ပွဲနေ့မှာ ငါတို့ချစ်တဲ့သူကို သာမြင်ရရင် အရမ်းနွေးထွေးစေပါတယ် ။ မိသားစုနဲ့ သူငယ်ချင်းတွေ စုံလင်ရင် ပြည့်စုံတဲ့ မင်္ဂလာပွဲဖြစ်ပြီ ” လို့ဆိုပါတယ် ။
လူများစွာအတွက် အခြားရှုထောင့်မှ ကြည့်ခြင်းအားဖြင့် လူအချို့က ကြီးကျယ်တဲ့ မင်္ဂလာဆောင်ပွဲအတွက် ကုန်ကျစရိတ်မရှိသောကြောင့်လို့ ဆိုနိုင်ပါတယ် ။ ဒါပေမယ့် သူမဟာ အခြားစိတ်ကူးတစ်ခုကို ဖန်တီးပြီး ပင်ပန်းစရာမလိုဘဲ လက်စွပ်ဝတ်ခြင်းဖြင့် ရိုးရှင်းတဲ့ မင်္ဂလာပွဲကို ပိုကျင်းပချင်ခဲ့တာပါ ။
JRose (Mckzone daily)
Be the first to comment on "အမျိုးသားဘက်ကို ခန်းဝင်ပစ္စည်းမတောင်းဘဲ အခမ်းအနားတွင်းမှာ လက်စွပ်ဝတ်ရုံသာဖြင့် ရိုးရှင်းတဲ့ မင်္ဂလာပွဲကို ကျင်းပတဲ့ မိန်းကလေး"
Leave a comment
Your email address will not be published.
*