အသက်ဆယ်နှစ်အောက်ကလေးငယ်အတွက် ဇိမ်ခံကားတစ်စီး ဝယ်ပေးခဲ့ခြင်းကြောင့် အင်တာနက်ပေါ်မှာ ဝေဖန်ခြင်းခံနေရတဲ့ မိခင်

Aussie mom တစ်ဦးဟာ ဇိမ်ခံကားတစ်စီးကို အသက်ဆယ်နှစ်အောက်အရွယ် သူမရဲ့ ကလေးငယ်အတွက် ဝယ်ပေးခဲ့ပြီး ချမ်းသာကြွယ်ဝမှုကိုပြသခြင်းအတွက် အင်တာနက်ပေါ်မှာ အကြီးအကျယ်ဝေဖန်ခံရပါတယ် ။ မကြာသေးမီက အသက် ၄၁ နှစ်အရွယ်စီးပွားရေးလုပ်ငန်းရှင် Roxy Jacengo ဟာ လူမှုမီဒီယာမှာ ပြောစရာဖြစ်လာခဲ့ပါတယ် ။ သူမရဲ့ ၉ နှစ်အရွယ်သမီး Pixie နဲ့ ၇ နှစ်အရွယ်သား Hunter တို့အတွက် ဇိမ်ခံကားတစ်စီးဝယ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ သူမဟာဒီကား ဝယ်ရတဲ့အကြောင်းရင်းကို ဖွင့်ဟခဲ့ပါတယ် ။ သူမကလေးများရဲ့ အောင်မြင်မှုများအတွက် ဂုဏ်ယူသောကြောင့် Pixie က Pixie Fidgets လို့ခေါ်တဲ့ အရုပ်တစ်ခုကို သူမရဲ့ ညီငယ်ကို ဒီဇိုင်းဆွဲရန် ကူညီခဲ့ပါတယ် ။

၎င်းက ပထမ ၄၈ နာရီအတွင်း ရောင်းအားအလွန်ကြီးမားခဲ့ဒါကြောင့် မိခင်ဖြစ် သူကလေးနှစ်ယောက်အတွက် ဘတ်ငွေ ၆.၅ သန်းခန့်ဈေးရှိတဲ့ Brand New အနက်ရောင် Mercedes-Benz GL ကို လက်ဆောင်တစ်ခုပေးခဲ့ပါတယ် ။

“ ငါ့ကလေးတွေအတွက် ငါအရမ်းဂုဏ်ယူတယ် ။ အရင်တုန်းက လူတော်တော်များများက အဲဒါဟာ လူကြိုက်မများတဲ့ အရုပ်လို့ ပြောကြတယ်။ ဒါပေမယ့် ဒါဟာကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်လာစေခဲ့တယ်။

ကလေးများက ၎င်းကို ကူညီဖန်တီးပေးခဲ့တာ။ ဒါကြောင့် ကားအသစ်တစ်လုံးကို ဆုတစ်ခုအနေနဲ့ပေးချင်တယ်။ ပြီးတော့ ငါတို့က ငါတို့ကိုဆက်ပြီး တိုးတက်အောင်လုပ်မယ်လို့ ကတိပေးထားတယ်။ ကျွန်မတို့ရဲ့ နောက်ထပ်ပန်းတိုင်ကတော့ Rolls-Royce ပါ။ ” လို့ ဆိုပါတယ် ။

ကလေးနှစ်ယောက်စလုံး ဒီလက်ဆောင်အတွက်အရမ်းစိတ်လှုပ်ရှားနေကြပါတယ် ။ ကလေးငယ်မှစ်ယောက်က ပျော်ရွှင်တံ အပြုံးများဖြင့်ဓာတ်ပုံရိုက်ခဲ့ကြပါတယ် ။ ဒါပေမယ့် ကလေးတွေက ငယ်သေးတော့ သူတို့ကိုယ်ပိုင်ကားမမောင်းနိုင်ကြဒါကြောင့် မိခင်က ဒီကားကိုကျောင်းတွေ၊ ကုမ္ပဏီတွေကို ကားနဲ့သွားကြိုမယ့် ကားအဖြစ် သုံးဖို့ ကလေးတွေက သူမနဲ့ သဘောတူခဲ့ပါတယ် ။

ဒီပုံကိုဖြန့်ချိပြီးတာနဲ့ချက်ချင်းဆိုသလို အင်တာနက်ပေါ်မှာ လူတွေရဲ့ ဝေဖန်စရာဖြစ်လာပါတော့တယ် ။ သဘောမတူတဲ့သူတွေရှိသလို အချို့က ၎င်းရဲ့အောင်မြင်မှုကို ချီးကျူးကြပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့အားလုံးက အလုပ်ကြိုးစားတဲ့အတွက် သူတို့က ထိုက်တန်ပါတယ် ။

ဒါပေမယ့် ကလေးအတွက် ဇိမ်ခံကားတစ်စီးဝယ်ဖို့အများစုက မသင့်တော်ပုံရတယ် ။ ကလေးတစ်ယောက်ကဲ့သို့ အကျင့်ပျက်ခြင်းဟာ အလေ့အကျင့်ကို ပျက်စီးစေနိုင်တာကြောင့် ၎င်းဟာလည်း အပြင်ပန်းဆန်နေပုံရပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "အသက်ဆယ်နှစ်အောက်ကလေးငယ်အတွက် ဇိမ်ခံကားတစ်စီး ဝယ်ပေးခဲ့ခြင်းကြောင့် အင်တာနက်ပေါ်မှာ ဝေဖန်ခြင်းခံနေရတဲ့ မိခင်"

Leave a comment

Your email address will not be published.


*