မိမိရဲ့အသက်ကို ကယ်ခဲ့တဲ့ သခင်ဖြစ်သူနဲ့အတူ မခွဲမခွာ သွားတဲ့နေရာတိုင်းအမြဲလိုက်နေခဲ့တဲ့ ကြက်တစ်ကောင်




JRose (Mckzone daily)

Reference : khaosod

Unicode

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖေ့စ်ဘွတ်ခ်သုံးစွဲသူ“ Rabinder Singh” အမည်ရှိ အမျိုးသားတစ်ဦးက စင်ကာပူနိုင်ငံ၊ Tampines မှာ စက်ဘီးစီးနေတဲ့ အမျိုးသားနဲ့ သူ့ရဲ့ မျက်လုံးကိုဖမ်းစားမိတဲ့သူက ထိုလူရဲ့ ပခုံးတစ်ဝိုက်မှာ ရပ်နေတဲ့ ကြီးမားသောကြက်တစ်ကောင်ကြောင့် ဓာတ်ပုံရိုက်ပြီး ဝေမျှလာခဲ့ပါတယ် ။ ၎င်းဟာ ထူးဆန်းသောပုံရိပ်တစ်ခုဖြစ်ပါတယ် ။ လူများစွာကို ထိတ်လန့်စေသောကြောင့် ပိုင်ရှင်ရဲ့ ပခုံးပေါ်မှာ ရပ်နေတဲ့ ငှက်တစ်ကောင်ရဲ့ ပုံရိပ်ကို သူတို့ရင်းနှီးခဲ့ပါတယ် ။ ဒါပေမယ့် ကြက်တွေက သူတို့သခင်ရဲ့ ပခုံးပေါ်မှာ ရပ်ဒါကျ မတွေ့ဖူးပါဘူး ။ ဒီကြက်က ပခုံးပေါ်မှာမတ်တပ်ရပ်နေနိုင်တာက ဟန်ချက်ညီတဲ့ကိစ္စလား ။ သူက ပိုင်ရှင်ကို အရမ်းယုံကြည်နေသလိုဘဲ ဆိုပြီး Netizens တွေက သူတို့ရဲ့ခင်မင်မှုကိုချီးကျူးကြပါတယ် ။

နောက်ပိုင်းမှာ netizen တစ်ဦးက “အနီးအနားရှိလူများက ၎င်းပုံများကို အကျွမ်းတဝင် ရှိနှင့်ပြီးဖြစ်တယ် ။ ဘာကြောင့်လဲဆိုတော့ ဒီလူဟာပန်းခြံကို မကြာခဏသွားလေ့ရှိတယ် ။ ကြက်တွေနဲ့အတူ သူတို့ပခုံးပေါ်ဟန်ချက်ညီညီရပ်တယ်။ ကြက်ခြေကို ကောင်းကောင်းထိန်းထားနိုင်ဖို့ အတော်လေးလေ့ကျင့်ထားပါတယ် ။ ပခုံးပေါ်က ဆင်းချင်ရင် အော်ဟစ်လိုက်ရုံနဲ့ ပိုင်ရှင်ကသူလုပ်ချင်တာကို သိပြီးသားပါ။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ် ။

ဓာတ်ပုံထဲက လူကိုသိတဲ့အခြား netizen တစ်ယောက်လည်းရှိပါတယ် ။ လူသားများနဲ့ ကြက်များ အကြားချစ်ကြည်ရင်းနှီးမှုရဲ့ မူလဇစ်မြစ်ကို ပိုင်ရှင်က ကြက်ရဲ့အသက်ကို ကယ်တင်ပေးခဲ့ကြောင်း ပြောပြပါတယ် ။ ထို့နောက် လူများစွာမြင်တဲ့အတိုင်း ရင်းနှီးတဲ့မိတ်ဆွေဖြစ်လာသည်အထိ ၎င်းကအနောက်ကနေ လိုက်ပါလာခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မိမိရဲ့အသက်ကို ကယ်ခဲ့တဲ့ သခင်ဖြစ်သူနဲ့အတူ မခွဲမခွာ သွားတဲ့နေရာတိုင်းအမြဲလိုက်နေခဲ့တဲ့ ကြက်တစ်ကောင်"

Leave a comment

Your email address will not be published.


*