အိုမင္းရင့္ေရာ္ေနေပမဲ့ အမိုက္စားစကိတ္စီးဟန္ကို ျပသျခင္းေၾကာင့္ လူအမ်ား အံ့ၾသခဲ့ရတဲ့ အသက္ ၇၃ ႏွစ္အ႐ြယ္အဘိုးအို

အသက္ ၇၃ ႏွစ္အ႐ြယ္အဘိုးအိုတစ္ဦးဟာ သူ႔ရဲ႕ စကိတ္စီးျခင္း စတိုင္ကို ျပသလာတဲ့အခါမွာ လူေတာ္ေတာ္မ်ားမ်ား အံ့ၾသေနၾကပါတယ္ ။ သူဟာ ငယ္စဥ္ကတည္းက ကစားခဲ့တာကိုထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္ ။ မၾကာေသးမီက Instagram အသုံးျပဳသူ @timukhinmax ဟာ ႐ုရွားအဖိုးတစ္ဦးရဲ႕ ဗီဒီယိုတစ္ခုကို တင္ခဲ့ပါတယ္ ။ စကိတ္စီးျခင္းစတိုင္လ္ကို ျပျခင္းအားျဖင့္ အသက္အ႐ြယ္ဟာ ဂဏန္းတစ္ခုသာျဖစ္ေၾကာင္း ျပသၿပီး ဆယ္ေက်ာ္သက္မ်ားေတာင္ အရႈံးေပးရပါတယ္ ။ အဘိုးနဲ႔ ေတြ႕ဆုံျခင္းရဲ႕ မူလအေၾကာင္းနဲ႔ ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာ သူက “ထိုအခ်ိန္မွာ မီးနီေၾကာင့္ ကားရပ္ထားတယ္ ။ အဲ့ဒီေနာက္ အဘိုးက စကိတ္စီးေနတာကို လွည့္ၾကည့္မိတယ္ ။ ဒီလိုနဲ႔ ကြၽန္ေတာ္ ကားကေနဆင္းၿပီး အဖိုးဆီအလ်က္အျမန္ သြားလိုက္တယ္ ။ ” လို႔ ေျပာပါတယ္ ။

အဖိုးနဲ႔ေျပာဆိုရာမွာ အဘိုးအိုရဲ႕ နာမည္က “Igor” ျဖစ္ၿပီး အသက္ ၇၃ ႏွစ္ရွိ စိန႔္ပီတာစဘတ္ၿမိဳ႕မွာ ေနထိုင္တဲ့ အဘိုးအိုက ၁၉၈၁ ခုႏွစ္မွ စကိတ္စီးျခင္းကို စတင္ခဲ့တယ္လို႔ ဆိုပါတယ္ ။ သူဟာ ဗီဒီယိုကို အင္စတာဂရမ္မွာ တင္ၿပီးတာနဲ႔ တၿပိဳင္နက္ ခ်က္ခ်င္းပင္ လူႀကိဳက္မ်ားလာခဲ့ပါတယ္ ။ ၎ကို ႀကိဳက္ႏွစ္သက္မႈ ၂ သိန္းေက်ာ္ရွိၿပီး ပလက္ေဖာင္းမ်ားစြာမွာ မွ်ေဝခဲ့ပါတယ္ ။ Netizens မ်ားက အဘိုးရဲ႕ ပုံစံခြက္နဲ႔ ခြန္အားကိုအံ့ၾသေနၾကၿပီး သူက႐ုပ္ေသး႐ုပ္တစ္႐ုပ္လို႔ေတာင္ ေျပာခဲ့ၾကပါတယ္။ “ ငါအသက္ႀကီးလာရင္ အဘိုး Igor လို ျဖစ္ခ်င္တယ္၊ အဘိုးကအရမ္းအရည္ေပ်ာ္ေအာင္ စကိတ္စီးႏိုင္တယ္”၊ “ ဒါက အရမ္းမိုက္တယ္ကြာ ။ ငါျမင္ဖူးသမွ်ထဲမွာအေကာင္းဆုံးဘဲ။ ” ဆိုၿပီး မွတ္ခ်က္ေပးေနၾကပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

အသက် ၇၃ နှစ်အရွယ်အဘိုးအိုတစ်ဦးဟာ သူ့ရဲ့ စကိတ်စီးခြင်း စတိုင်ကို ပြသလာတဲ့အခါမှာ လူတော်တော်များများ အံ့သြနေကြပါတယ် ။ သူဟာ ငယ်စဉ်ကတည်းက ကစားခဲ့တာကိုထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ မကြာသေးမီက Instagram အသုံးပြုသူ @timukhinmax ဟာ ရုရှားအဖိုးတစ်ဦးရဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ် ။ စကိတ်စီးခြင်းစတိုင်လ်ကို ပြခြင်းအားဖြင့် အသက်အရွယ်ဟာ ဂဏန်းတစ်ခုသာဖြစ်ကြောင်း ပြသပြီး ဆယ်ကျော်သက်များတောင် အရှုံးပေးရပါတယ် ။ အဘိုးနဲ့ တွေ့ဆုံခြင်းရဲ့ မူလအကြောင်းနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ သူက “ထိုအချိန်မှာ မီးနီကြောင့် ကားရပ်ထားတယ် ။ အဲ့ဒီနောက် အဘိုးက စကိတ်စီးနေတာကို လှည့်ကြည့်မိတယ် ။ ဒီလိုနဲ့ ကျွန်တော် ကားကနေဆင်းပြီး အဖိုးဆီအလျက်အမြန် သွားလိုက်တယ် ။ ” လို့ ပြောပါတယ် ။

အဖိုးနဲ့ပြောဆိုရာမှာ အဘိုးအိုရဲ့ နာမည်က “Igor” ဖြစ်ပြီး အသက် ၇၃ နှစ်ရှိ စိန့်ပီတာစဘတ်မြို့မှာ နေထိုင်တဲ့ အဘိုးအိုက ၁၉၈၁ ခုနှစ်မှ စကိတ်စီးခြင်းကို စတင်ခဲ့တယ်လို့ ဆိုပါတယ် ။ သူဟာ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ပြီးတာနဲ့ တပြိုင်နက် ချက်ချင်းပင် လူကြိုက်များလာခဲ့ပါတယ် ။ ၎င်းကို ကြိုက်နှစ်သက်မှု ၂ သိန်းကျော်ရှိပြီး ပလက်ဖောင်းများစွာမှာ မျှဝေခဲ့ပါတယ် ။ Netizens များက အဘိုးရဲ့ ပုံစံခွက်နဲ့ ခွန်အားကိုအံ့သြနေကြပြီး သူကရုပ်သေးရုပ်တစ်ရုပ်လို့တောင် ပြောခဲ့ကြပါတယ်။ “ ငါအသက်ကြီးလာရင် အဘိုး Igor လို ဖြစ်ချင်တယ်၊ အဘိုးကအရမ်းအရည်ပျော်အောင် စကိတ်စီးနိုင်တယ်”၊ “ ဒါက အရမ်းမိုက်တယ်ကွာ ။ ငါမြင်ဖူးသမျှထဲမှာအကောင်းဆုံးဘဲ။ ” ဆိုပြီး မှတ်ချက်ပေးနေကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အိုမင္းရင့္ေရာ္ေနေပမဲ့ အမိုက္စားစကိတ္စီးဟန္ကို ျပသျခင္းေၾကာင့္ လူအမ်ား အံ့ၾသခဲ့ရတဲ့ အသက္ ၇၃ ႏွစ္အ႐ြယ္အဘိုးအို"

Leave a comment

Your email address will not be published.


*