ချစ်သူရည်းစားမရှာတော့ဘဲ ကိုယ့်ရဲ့ဘေးမှာ အမြဲမခွဲမခွာအတူရှိနေနိုင်မဲ့ အရုပ်မလေးနဲ့သာ နေထိုင်ခဲ့တဲ့ အမျိုးသား
JRose (Mckzone daily)
Reference : dailystar
Unicode
Jay ‘Doll King’ Hefner လို့ ခေါ်တဲ့ အမျိုးသားက သူ့ရဲ့အပေါင်းသင်း ယောက်ျားလေးများကို စစ်မှန်တဲ့ လူသားအမျိုးသမီးများမည်သို့ ချိန်းတွေ့ရမည်ကို နှိုးဆော်ခဲ့ပါတယ် ။ Jay Hefner ဟာ သူ့ကိုသူ ‘Doll King’ လို့ နာမည်ပြောင်ပေးထားပါတယ် ။ “ Doll King ” က သူဟာ အမျိုးသမီးများထက် အရုပ်နဲ့သာနေရန် ဆန္ဒရှိတာကြောင့် သူ့ကိုယ်သူ ဆန္ဒမပါဘဲအိမ်ထောင်မပြုဘဲ နေခဲ့တယ်လို့ ဆိုပါတယ် ။ သူက “ မင်းက အိမ်ထောင်ပြုပြီးဆိုရင် မင်းဘဝက အဲဒီနေရာမှာတက် ရှုံးနိမ့်ပြီ။ လူသားမိန်းမတစ်ယောက်နဲ့ နေချင်ရင် ဒါဟာ မင်းရဲ့ပထမဆုံးအမှားပဲ ” လို့ Jay က ဆိုပါတယ် ။ သူကအမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိဖို့နဲ့ အမျိုးသမီးတစ် ဦးရဲ့ ငြင်းပယ်ခံရတာက သူတို့နောက်တစ်ယောက်မရနိုင်ဘူးလို့ မခံစားစေဖို့ သူက ဘာဘီအရုပ်မိန်းကလေးနဲ့ နေဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
Jay က သူနဲ့ ပေါင်းသင်းဆက်ဆံရေးများစွာရှိနိုင်သောကြောင့် သူဟာ အရုပ်များကို လူသားများထက်ပိုနှစ်သက်ကြောင်းနဲ့ ၎င်းဟာ လူသားရဲ့ ပေါင်းသင်းဆက်ဆံရေးရှုပ်ထွေးမှုကို ရှောင်ရှားစေခဲ့ပါတယ် ။ သူက“ အရုပ်လေးတွေနဲ့ နေရတာက ငါ့အတွက် လူတွေနဲ့နေရတာထက် ရှုပ်ထွေးပြီးစိတ်ဖိစီးမှုတွေ လုံးဝမရှိဘူး ။ သူတို့က ငါစိတ်ကူးနိုင်တဲ့ ဘယ်စိတ်ကူးယဉ်မှုမှာမဆို ဖြစ်နိုင်တယ်၊ ငါအရင်တုန်းက ရှိခဲ့သင့်တာ!” လို့ ဆိုခဲ့ပါတယ် ။
ဒီအကြောင်းကို ဝေမျှပြီးနောက် သူ့ရဲ့ YouTube channel မှာ subscribers ၁၀၀၀ ကျော်ရောက်ရှိခဲ့ပြီး သူ့ရဲ့ အကြံဉာဏ်အတွက် ချီးကျူးပြီး မှတ်ချက်များစွာကျန်ခဲ့ပါတယ် ။ သုံးစွဲသူတစ်ဦးက “ဒါကအရမ်းကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အရာပါ၊ ဒီဆွေးနွေးမှုက အပြင်မှာ လူအများကြီးကို ထိတယ်။ ” လို့ဆိုပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ချစ်သူရည်းစားမရှာတော့ဘဲ ကိုယ့်ရဲ့ဘေးမှာ အမြဲမခွဲမခွာအတူရှိနေနိုင်မဲ့ အရုပ်မလေးနဲ့သာ နေထိုင်ခဲ့တဲ့ အမျိုးသား"
Leave a comment
Your email address will not be published.
*