သမီးေလးကို စာဘယ္လိုဘဲရွင္းျပရွင္းျပ နားမလည္တဲ့အတြက္ေၾကာင့္ ေမး႐ိုးက်ိဳးသည္အထိ ေဒါသထြက္ၿပီး ညလယ္မွာ ေဆး႐ုံသြားခဲ့ရတဲ့ဖခင္

ကေလးေတြဟာ အိမ္စာနားမလည္တာ ပုံမွန္ပါပဲ ။ ထို႔ေၾကာင့္ မိဘမ်ားက ၎တို႔ရဲ႕ ကေလးမ်ားကို ေအးေအးေဆးေဆးရွင္းျပရမွာ ျဖစ္ပါတယ္ ။ ဒါေပမယ့္ မိဘျဖစ္သူေတြ တိတ္တဆိတ္ေဒါသထြက္ရတဲ့အခ်ိန္ေတြ ရွိပါတယ္ ။ ဒီကေလးက ဖခင္ရွင္းျပတာကို နားမလည္ေသာေၾကာင့္ အေဖက ေဒါသအလြန္ထြက္ကာ သူ႔ကိုယ္သူ နာက်င္ေစခဲ့ပါတယ္ ။ မၾကာေသးခင္က တ႐ုတ္ႏိုင္ငံ ၊ ဟူနန္ျပည္နယ္၊ Yueyang ၿမိဳ႕က အေဖတစ္ေယာက္က သူ႔သမီးကို အိမ္စာသင္ေပးခဲ့တယ္ ။ ဒါေပမယ့္ ဘယ္လိုဘဲရွင္းျပရွင္းျပ သမီးကနားလည္ပုံ မေပၚပါဘူး ။ အေဖက စိတ္ဆိုးၿပီးေဒါသထြက္လာၿပီး ၎ေဒါသက အလြန္ျပင္းထန္ေသာေၾကာင့္ ေမး႐ိုးက်ိဳးသြားၿပီး အေမက ညဥ့္လယ္မွာ အေဖ့ကို ေဆး႐ုံေခၚသြားရပါတယ္ ။

ေဆးကုသမႈၿပီးဆုံးၿပီးေနာက္ ျပန္လာေသာလမ္းတစ္ေလွ်ာက္မွာ အေဖက ေဆးဖိုးနဲ႔ သမီးကိစၥမ်ားကို လမ္းတစ္ေလွ်ာက္ ညည္းညဴေနခဲ့ပါတယ္ ။ အေမက ထိုအေျခအေနကိုျမင္ၿပီး မရယ္ဘဲမေနႏိုင္ခဲ့ ဒါေၾကာင့္ ဖုန္းကိုယူကာ ကလစ္ကို မွတ္တမ္းတင္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ တင္လိုက္ပါတယ္ ။ ဗီဒီယိုဖိုင္ကို ၾကည့္ရႈေသာ Netizens မ်ားက ၎တို႔ႏွစ္ဦးစလုံးကို ရယ္ေမာၿပီး သနားၾကတယ္လို႔ တစ္ၿပိဳင္နက္တည္း ေျပာၾကားခဲ့ပါတယ္ ။ ဒါ့အျပင္ netizens ေတြက သူတို႔ရဲ႕အေတြ႕အႀကဳံေတြကိုလည္း ေဝမွ်ခဲ့ပါတယ္ ။ သူဟာ ကေလးရဲ႕ အိမ္စာမ်ားေၾကာင့္ အလြန္စိတ္ဆိုးဖူးေသာ တစ္ဦးတည္းေသာ အေဖမဟုတ္ပါ ။

“ ကြၽန္မသမီးေလးကိုအိမ္စာသင္ေပးဖူးတယ္။ ဒါေပမယ့္ ကေလးက မလုပ္ႏိုင္ခဲ့ဘူး။ အဲဒီတုန္းက ငါအရမ္းေဒါသထြက္ခဲ့တယ္ ။ ဖိအားေပးခံရသလိုပဲ ေလျဖတ္မွာကို ငါအရမ္းေၾကာက္တယ္ “၊ ” နားလည္တယ္၊ တခါတေလ ငါ့သားကို ေဒါသထြက္လြန္းလို႔ သြားေတြက်ိဳးမတတ္ပါဘဲ “၊ ” ငါ့သူငယ္ခ်င္းရဲ႕ခင္ပြန္းက သူ႔ကေလးေတြကို အိမ္စာသင္ေပးရင္း သတိလစ္သြားခဲ့တယ္ ။ သူ႔ကိုခ်က္ခ်င္းဘဲ ေဆး႐ုံေခၚသြားရေသးတာ ” ဆိုၿပီး Netizen ေတြက သူတို႔ရဲ႕ အျဖစ္ကို ျပန္လည္ မွ်ေဝလာခဲ့ပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

ကလေးတွေဟာ အိမ်စာနားမလည်တာ ပုံမှန်ပါပဲ ။ ထို့ကြောင့် မိဘများက ၎င်းတို့ရဲ့ ကလေးများကို အေးအေးဆေးဆေးရှင်းပြရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် မိဘဖြစ်သူတွေ တိတ်တဆိတ်ဒေါသထွက်ရတဲ့အချိန်တွေ ရှိပါတယ် ။ ဒီကလေးက ဖခင်ရှင်းပြတာကို နားမလည်သောကြောင့် အဖေက ဒေါသအလွန်ထွက်ကာ သူ့ကိုယ်သူ နာကျင်စေခဲ့ပါတယ် ။ မကြာသေးခင်က တရုတ်နိုင်ငံ ၊ ဟူနန်ပြည်နယ်၊ Yueyang မြို့က အဖေတစ်ယောက်က သူ့သမီးကို အိမ်စာသင်ပေးခဲ့တယ် ။ ဒါပေမယ့် ဘယ်လိုဘဲရှင်းပြရှင်းပြ သမီးကနားလည်ပုံ မပေါ်ပါဘူး ။ အဖေက စိတ်ဆိုးပြီးဒေါသထွက်လာပြီး ၎င်းဒေါသက အလွန်ပြင်းထန်သောကြောင့် မေးရိုးကျိုးသွားပြီး အမေက ညဉ့်လယ်မှာ အဖေ့ကို ဆေးရုံခေါ်သွားရပါတယ် ။

ဆေးကုသမှုပြီးဆုံးပြီးနောက် ပြန်လာသောလမ်းတစ်လျှောက်မှာ အဖေက ဆေးဖိုးနဲ့ သမီးကိစ္စများကို လမ်းတစ်လျှောက် ညည်းညူနေခဲ့ပါတယ် ။ အမေက ထိုအခြေအနေကိုမြင်ပြီး မရယ်ဘဲမနေနိုင်ခဲ့ ဒါကြောင့် ဖုန်းကိုယူကာ ကလစ်ကို မှတ်တမ်းတင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်ပါတယ် ။ ဗီဒီယိုဖိုင်ကို ကြည့်ရှုသော Netizens များက ၎င်းတို့နှစ်ဦးစလုံးကို ရယ်မောပြီး သနားကြတယ်လို့ တစ်ပြိုင်နက်တည်း ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် netizens တွေက သူတို့ရဲ့အတွေ့အကြုံတွေကိုလည်း ဝေမျှခဲ့ပါတယ် ။ သူဟာ ကလေးရဲ့ အိမ်စာများကြောင့် အလွန်စိတ်ဆိုးဖူးသော တစ်ဦးတည်းသော အဖေမဟုတ်ပါ ။

“ ကျွန်မသမီးလေးကိုအိမ်စာသင်ပေးဖူးတယ်။ ဒါပေမယ့် ကလေးက မလုပ်နိုင်ခဲ့ဘူး။ အဲဒီတုန်းက ငါအရမ်းဒေါသထွက်ခဲ့တယ် ။ ဖိအားပေးခံရသလိုပဲ လေဖြတ်မှာကို ငါအရမ်းကြောက်တယ် “၊ ” နားလည်တယ်၊ တခါတလေ ငါ့သားကို ဒေါသထွက်လွန်းလို့ သွားတွေကျိုးမတတ်ပါဘဲ “၊ ” ငါ့သူငယ်ချင်းရဲ့ခင်ပွန်းက သူ့ကလေးတွေကို အိမ်စာသင်ပေးရင်း သတိလစ်သွားခဲ့တယ် ။ သူ့ကိုချက်ချင်းဘဲ ဆေးရုံခေါ်သွားရသေးတာ ” ဆိုပြီး Netizen တွေက သူတို့ရဲ့ အဖြစ်ကို ပြန်လည် မျှဝေလာခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သမီးေလးကို စာဘယ္လိုဘဲရွင္းျပရွင္းျပ နားမလည္တဲ့အတြက္ေၾကာင့္ ေမး႐ိုးက်ိဳးသည္အထိ ေဒါသထြက္ၿပီး ညလယ္မွာ ေဆး႐ုံသြားခဲ့ရတဲ့ဖခင္"

Leave a comment

Your email address will not be published.


*