တစ်ဦးတည်းသောသမီးဆိုပေမဲ့ လေယာဉ်စက်ပြင်လောကမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ စိတ်ဓာတ်အပြင်းထန်ဆုံး အမျိုးသမီး



JRose (Mckzone daily)

Reference : thainewsonline

Unicode

China Southern Airlines ရဲ့ Henan ဌာနခွဲမှအသက် ၂၄ နှစ်အရွယ် တရုတ်စက်ပြင်ဆရာ Liu Qiqi ဟာ တရုတ်ပြည်တွင်းလေကြောင်းတက္ကသိုလ်မှ ၂၀၁၉ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ် ။ အကြောင်းမှာ သူမက အဖွဲ့ဝင် ၂၀၀ နီးပါးရှိတဲ့ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့များထဲမှ တစ်ဦးတည်းသောအမျိုးသမီးစက်ပြင်ဆရာဖြစ်နေသောကြောင့်ဖြစ်ပါတယ် ။ Liu က ဒီအသက်မွေးဝမ်းကျောင်းကို စတင်တဲ့အခါ လူများစွာရဲ့ သံသယဝင်မှုနဲ့ ရင်ဆိုင်ရပါတယ် ။ တင်းမာမှု မြင့်မားမှုကို ကိုင်တွယ်ရန်နဲ့အတူ လုပ်ဖော်ကိုင်ဖက်များက ပေါ့ပါးတဲ့တာဝန်များပေးခဲ့တယ်လို့ သူမကပြောကြားခဲ့ပါတယ် ။ သူမက သန်မာတဲ့အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် သူမက အလုပ်မှန်သမျှကို မဆိုင်းမတွဘဲ သူ့ကိုယ်သူသက်သေထူရန် ကြိုးစားခဲ့ပါတယ် ။ လေယာဉ်တာယာများနဲ့ ဆင်းသက်ဘီးများပြောင်းလဲနိုင်တို့ခြင်းကြောင့် သူမက ယုံကြည်မှုပိုရလာခဲ့ပါတယ် ။

လုပ်သက် ၂ နှစ်အောက်သာရှိသေးသော်လည်း Qiqi ရဲ့ သင်ယူနိုင်စွမ်းနဲ့ လေးနက်တဲ့ ထိုးထွင်းသိမြင်မှုတို့က စီနီယာလုပ်ဖော်ကိုင်ဖက်အချို့ကို အထင်ကြီးစေခဲ့ပါတယ် ။ သူမက ကလေးသစ်တစ်ယောက်မှ အေဂျင်စီရဲ့ အရေးပါတဲ့ ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့ပါတယ် ။ Qiqi က သူမရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ သူမရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ စိတ်ထက်သန်မှုရဲ့ရလဒ်လို့ ပြောပါတယ် ။ “ ငယ်ငယ်တုန်းကလေယာဉ်တွေဆို တအားကြိုက်တာ။ ငါ့အိမ်ရဲ့စာအုပ်စင်မှာ အာကာသနဲ့သိပ္ပံမဂ္ဂဇင်းတွေ ၁၀၀ နီးပါးရှိတယ် ၊ စာအုပ်တွေက ငါ့အတွက် ရည်ရွယ်ချက်တစ်ခု ဖြစ်စေတယ် ။ ပြီးတော့ ငါနှစ်သက်တဲ့အရာကို လုပ်ရတာ အရမ်းပျော်စရာကောင်းတယ် ။ မျိုးဆက်သစ်တစ်ယောက်အနေနဲ့ ကျရှုံးမှာကို မကြောက်ဘူး၊ အလုပ်ကြိုးစားဖို့အတွက်နဲ့ ငါဘာမဆိုရင်ဆိုင်နိုင်တယ် ။ ငါ့အိပ်မက်တွေကိုလိုက်လျှောက်ဖို့ ငါ့မှာသတ္တိအပြည့်ရှိတယ် “လို့ Qiqi က ဆိုပါတယ် ။ မိန်းကလေးရေ… နင့်ရဲ့ အိမ်မက်အတိုင်းကို လုံ့လ ၊ ဝိရိယ၊ သတ္တိအပြည့်နဲ့ လျှောက်လှမ်းမယ်ဆိုရင် နင်ဧကန်မုချ အောင်မြင်သူဖြစ်လာမှာပါ ။

JRose (Mckzone daily)

Be the first to comment on "တစ်ဦးတည်းသောသမီးဆိုပေမဲ့ လေယာဉ်စက်ပြင်လောကမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ စိတ်ဓာတ်အပြင်းထန်ဆုံး အမျိုးသမီး"

Leave a comment

Your email address will not be published.


*