JRose (Mckzone daily)
Reference : thainewsonline
Unicode
အွန်လိုင်းကမ္ဘာက စွဲမက်ဖွယ်ကောင်းတဲ့ဇာတ်လမ်းတွေကိုဝေမျှနေပါတယ်။ ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ခြေဗလာနဲ့ အမှိုက်လိုက်စုဆောင်းနေတဲ့ သားအဖနှစ်ဦးကို ကုန်စုံဆိုင်သို့ ခေါ်သွားပြီး ဖိနပ်များဝယ်ပေးခဲ့တဲ့ သူမရဲ့ ကြင်နာမှုကြောင့် အွန်လိုင်းကမ္ဘာမှာ စွဲမက်ဖွယ်ကောင်းတဲ့သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ် ။ ၎င်းဟာ ထိုင်းလူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ခုလို့ ယူဆလို့ရပါတယ် ။ Facebook သုံးသူ Mariana Mii က ထိထိမိမိသတင်းတစ်ပုဒ်ကို မျှဝေခဲ့ပါတယ် ။
“သားအဖနှစ်ယောက်က ခြေဗလာနဲ့ အမှိုက်တွေလိုက်စုဆောင်းတယ် ။ အဲဒါကအရမ်းသနားစရာကောင်းတော့ အရမ်းကြင်နာတတ်တဲ့အစ်မတစ်ယောက်က သူတို့အတွက် ဖိနပ်လေးတွေဝယ်ပေးထဲ့တယ် ။ ဒီရိုးသားတဲ့ ကူညီမှုကိုတွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့်အတွက် မျက်ရည်ကျမိပါတယ်” လို့ post ပိုင်ရှင်ကို တင်ခဲ့ပါတယ် ။ ဒါပေမယ့်သတင်းကို မျှဝေပြီးတဲ့နောက်မှာ မှတ်ချက်ပေးဖို့နဲ့လာရောက်ဝေမျှတဲ့သူတွေအများကြီးရှိခဲ့ပါတယ် ။ သူတို့ကဆင်းရဲနွမ်းပါးတဲ့ သူတွေကို တက်နိုင်တဲ့ကြင်နာမှုပေးတဲ့အတွက် အဲဒီအမျိုးသမီးကို ကျေးဇူးတင်ပြီး ချီးကျူးကြပါတယ် ။ ပြီးတော့သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေက ဘဝမှာ အရာအားလုံးကို အောင်မြင်ပျော်ရွှင်စေမှာပါ ။
JRose (Mckzone daily)
Be the first to comment on "ခြေဗလာနဲ့ အမှိုက်တွေလိုက်ကောက်နေတဲ့ သားအဖနှစ်ယောက်ကို ဖိနပ်အသစ်ဝယ်ပေးခြင်းဖြင့် ကြင်နာမှုတွေဝေမျှခဲ့တဲ့ အမျိုးသမီး"