တံတားပေါ် ၌နာရီပေါင်းများစွာအချိန်ဖြုန်းကာ လမ်းဘေးဈေးသည်တို့ရဲ့အပေါ်စီးပုံရိပ်များကို လှပစွာဖမ်းယူရိုက်ကူးပြခဲ့တဲ့ ဓာတ်ပုံဆရာ

ဓာတ်ပုံဆရာများဟာ သာမန်ပုံရိပ်အား အံ့မခန်းပုံရိပ်များအဖြစ်မြှင့်တင်နိုင်စွမ်းရှိပြီး ၎င်းတို့ထဲမှဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Loes Heerink ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိလမ်းဘေးဈေးသည်များအကြောင်းကို သူမရဲ့ဓာတ်ပုံစီးရီးများဖြင့်ပြုလုပ်ကာ ပြသပေးခဲ့ပါတယ်။ ဟနွိုင်းမြို့မှ မကြာခဏအမျိုးသမီးရွှေ့ပြောင်းလုပ်သားများဟာ မနက် ၄နာရီမှာထကာ ၎င်းတို့၏စက်ဘီးများပေါ် ပန်းများနှင့်သစ်သီးများဖြင့်တင်ဆောင်ပြီး ခရီးတစ်လျှောက်မိုင်ပေါင်းများစွာလမ်းလျှောက်ထွက်လေ့ရှိကြပါတယ်။ Heerink ဟာ ဗီယက်နမ်တွင်နှစ်ပေါင်းများစွာနေထိုင်လာခဲ့ပြီး ဤလမ်းဘေးဈေးသည်များကိုအလွန်စွဲလမ်းလာခဲ့တာကြောင့် သူမဟာ ၎င်းတို့၏အလှကို တစ်မူထူးခြားသောနည်းဖြင့် ဖမ်းယူရန်ကြိုးစားခဲ့ပါတယ်။

.

ထို့ပြင် Heerink ဟာ အခုလိုလှပတဲ့ပုံရိပ်များကိုရရှိဖို့ ဟနွိုင်းမြို့ပတ်ဝန်းကျင်ရှိ မတူညီတဲ့တံတားများပေါ်တွင် ကိုယ်တိုင်နေရာချစေပြီး သူမဟာ တံတားအောက်သို့ ဘာမှမသိဘဲ ဖြတ်သန်းသွားလာနေတဲ့ လမ်းဘေးဈေးသည်များရဲ့ရောင်စုံအချိုးကျဓာတ်ပုံများကိုဖမ်းယူရန် စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့ရပါတယ်။

.

တစ်ချိန်က Heerink ဟာ လှပတဲ့ဓာတ်ပုံတစ်ပုံရရှိဖို့ တံတားပေါ် ၅ နာရီကြာအချိန်ကုန်ခဲ့ရပြီး “ ဒီစီမံကိန်းက သူတို့ရဲ့ကုန်ပစ္စည်းတွေကိုသယ်လာတဲ့အမျိုးသမီးတွေအတွက် ငါ့ရဲ့စွဲဆောင်မှုကိုစတင်စေတယ် ၊ သူတို့စက်ဘီးတွေက ဘယ်လောက်လှပတယ်ဆိုတာသဲလွန်စမရှိသလို သူတို့က လှပတဲ့အနုပညာလက်ရာသေးသေးလေးတွေကို နေ့တိုင်းဖန်တီးနေတယ်ဆိုတာကို သူတို့ကိုယ်တိုင်မသိကြဘူး ” ဟု Heerink က သူမရဲ့ Kickstarter campaign အကြောင်းကိုရှင်းပြခဲ့ပါတယ်။

.

Heerink ရဲ့အိပမ်မက်ဟာ ၎င်းပရောဂျက်ကို ပုံ ၁၀၀ အထိချဲ့ပြီး ဤအလုပ်ကြိုးစားတဲ့လမ်းဘေးဈေးသည်များ၏အလှကိုဂုဏ်ပြုဖို့ စာအုပ်ထုတ်ဝေရန်ဘဲဖြစ်ပါတယ်။ Kickstarter မှတဆင့် Heerink ဟာ ၎င်းလမ်းဘေးဈေးသည်များအား အင်တာဗျူးလုပ်ပြီး ပုံနှိပ်ထုတ်ဝေမှုအပြီးသတ်ရန်လိုအပ်တဲ့ပုံရိပ်များကိုထပ်မံရိုက်ကူးဖို့ ဗီယက်နမ်သို့သွားမဲ့ခရီးအတွက် ရန်ပုံငွေစုဆောင်းနိုင်ရန်မျှော်လင့်ထားပါတယ်။

Heerink ဟာ ပရောဂျက်မှငွေရှာရန်မရည်ရွယ်ဘဲ အိမ်မက်များကိုဖြည့်ဆည်းရန်နှင့် ဤလမ်းဘေးဈေးသည်တွေက ကိုယ်တိုင်မသိတဲ့၎င်းတို့ရဲ့အလှတရားကိုဖြန့်ဝေရန် ဓာတ်ပုံစီးရီးတစ်ခုကို ရိုးရိုးရှင်းရှင်းထုတ်ဝေရန်အတွက်ဘဲဖြစ်ပါတယ်။

JRose (Mckzone daily)

Reference : mymodernmet

Be the first to comment on "တံတားပေါ် ၌နာရီပေါင်းများစွာအချိန်ဖြုန်းကာ လမ်းဘေးဈေးသည်တို့ရဲ့အပေါ်စီးပုံရိပ်များကို လှပစွာဖမ်းယူရိုက်ကူးပြခဲ့တဲ့ ဓာတ်ပုံဆရာ"

Leave a comment

Your email address will not be published.


*