သမီးျဖစ္သူအား အခ်ိန္ ၅ လအတြင္း သတ္မွတ္ထားတဲ့အေလးခ်ိန္အထိဝိတ္ခ်ႏိုင္ရင္ ျမန္မာေငြ ၄သိန္းေပးမယ္လို႔ ကတိေပးခဲ့တဲ့ ဖခင္

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းက ဘယ္ေလာက္ခက္ခဲတယ္ဆိုတာ လူတိုင္းအသိပါဘဲ။ လူေတြဟာ တစ္ႏွစ္ၿပီးတစ္ႏွစ္ ကိုယ္အေလးခ်ိန္က်ဖို႔ႀကိဳးစားၾကေပမယ့္လည္း ၎တို႔ႏွစ္သက္တဲ့ကယ္လိုရီျမင့္မားတဲ့အစားအစာကိုေတာ့လက္မလႊတ္ႏိုင္ၾကသလို အရမ္းပင္ပန္းတဲ့ေလ့က်င့္ခန္းလုပ္ျခင္းကိုလည္း မခံႏိုင္တတ္ၾကပါဘူး။ သို႔ေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက ၎ကိုမွန္ကန္တဲ့လႈံ႕ေဆာ္မႈနဲ႔မွ ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လို႔ေျပာၾကပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံရွိ Jeric Paulo De Jesus အမည္ရွိဖခင္တစ္ဦးဟာ Jelaine Paola De Jesus အမည္ရွိသူ႔သမီးရဲ႕ေလးလံတဲ့ကိုယ္အေလးခ်ိန္ႏွင့္ပတ္သက္ၿပီး အနည္းငယ္ေၾကာက္႐ြံ႕ေနခဲ့တာေၾကာင့္ သူမအား ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရန္ အေကာင္းဆုံးလႈံ႕ေဆာ္မႈတစ္ခုကိုေပးခဲ့ပါတယ္။

ဖခင္ Jeric က သမီးျဖစ္သူအား အခ်ိန္ ၅ လအတြင္း သူမရဲ႕ကိုယ္အေလးခ်ိန္က်ဆင္းမႈအတြက္ ဆုေငြ ဖိလစ္ပိုင္ Php10k (ျမန္မာေငြ ၄သိန္းနီးပါး) ေပးမည္လို႔ကတိေပးခဲ့ပါေတာ့တယ္။ ထို႔ေနာက္ ဖခင္ Jeric ဟာ ဝိတ္ေလ်ာ့ခ်င္ေပမဲ့ လႈံေဆာ္မႈတစ္ခုခုလိုေနတတ္ၾကတဲ့ လူမ်ားအတြက္ ၎တို႔အခ်င္းခ်င္းသေဘာတူျပဳလုပ္ခဲ့တဲ့စာခ်ဳပ္ႏွင့္ လက္ရွိ ၆၉ ကီလိုဂရမ္ကိုယ္ေလးခ်ိန္သာရွိေတာ့တဲ့သမီးျဖစ္သူရဲ႕ဓာတ္ပုံကို႐ိုက္ၿပီး အင္တာနက္ေပၚမွာ ျပန္လည္မွ်ေဝေပးခဲ့ပါတယ္။

သေဘာတူညီမႈကိုတရားဝင္ျဖစ္ေစရန္ ၎တို႔ရဲ႕သေဘာတူညီခ်က္စာခ်ဳပ္မွာ Annalaine De Jesus အမည္ရွိ Jelaine ရဲ႕အေမျဖစ္သူကလည္း ပါ၀င္ေပးခဲ့ပါေသးတယ္။ စာခ်ဳပ္ထဲမွာ Jelaine ရဲ႕စတင္အေလးခ်ိန္က ၆၉ ကီလိုဂရမ္ ရွိၿပီး ၅ လကၾကာမွာ သူမအေလးခ်ိန္က ၅၀ ကီလိုဂရမ္ျဖစ္ရပါမည္လို႔ ေရးထားပါတယ္။ Netizen ေတာ္ေတာ္မ်ားမ်ားကလည္း ထိုကေလးမေလးတစ္ေယာက္က အစာငတ္မခံဘဲအခ်ိန္တိုေလးအတြင္းမွာ သတ္မွတ္ထားတဲ့ကိုယ္အေလးခ်ိန္ကိုေရာက္ႏိုင္မလားဆိုတာမခန္႔မွန္းႏိုင္ေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူမကိုအားေပးေနခဲ့ၾကသလို ရရွိလာမဲ့ရလဒ္ကိုလည္း စိတ္ဝင္တစားေစာင့္ဆိုင္းေနမယ္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ၾကပါတယ္။

Mia (Mckzone daily)

Reference : rachfeed

Unicode

ကိုယ်အလေးချိန်လျှော့ချခြင်းက ဘယ်လောက်ခက်ခဲတယ်ဆိုတာ လူတိုင်းအသိပါဘဲ။ လူတွေဟာ တစ်နှစ်ပြီးတစ်နှစ် ကိုယ်အလေးချိန်ကျဖို့ကြိုးစားကြပေမယ့်လည်း ၎င်းတို့နှစ်သက်တဲ့ကယ်လိုရီမြင့်မားတဲ့အစားအစာကိုတော့လက်မလွှတ်နိုင်ကြသလို အရမ်းပင်ပန်းတဲ့လေ့ကျင့်ခန်းလုပ်ခြင်းကိုလည်း မခံနိုင်တတ်ကြပါဘူး။ သို့ပေမယ့် လူတော်တော်များများက ၎င်းကိုမှန်ကန်တဲ့လှုံ့ဆော်မှုနဲ့မှ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ပြောကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံရှိ Jeric Paulo De Jesus အမည်ရှိဖခင်တစ်ဦးဟာ Jelaine Paola De Jesus အမည်ရှိသူ့သမီးရဲ့လေးလံတဲ့ကိုယ်အလေးချိန်နှင့်ပတ်သက်ပြီး အနည်းငယ်ကြောက်ရွံ့နေခဲ့တာကြောင့် သူမအား ကိုယ်အလေးချိန်လျှော့ချရန် အကောင်းဆုံးလှုံ့ဆော်မှုတစ်ခုကိုပေးခဲ့ပါတယ်။

ဖခင် Jeric က သမီးဖြစ်သူအား အချိန် ၅ လအတွင်း သူမရဲ့ကိုယ်အလေးချိန်ကျဆင်းမှုအတွက် ဆုငွေ ဖိလစ်ပိုင် Php10k (မြန်မာငွေ ၄သိန်းနီးပါး) ပေးမည်လို့ကတိပေးခဲ့ပါတော့တယ်။ ထို့နောက် ဖခင် Jeric ဟာ ဝိတ်လျော့ချင်ပေမဲ့ လှုံဆော်မှုတစ်ခုခုလိုနေတတ်ကြတဲ့ လူများအတွက် ၎င်းတို့အချင်းချင်းသဘောတူပြုလုပ်ခဲ့တဲ့စာချုပ်နှင့် လက်ရှိ ၆၉ ကီလိုဂရမ်ကိုယ်လေးချိန်သာရှိတော့တဲ့သမီးဖြစ်သူရဲ့ဓာတ်ပုံကိုရိုက်ပြီး အင်တာနက်ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

သဘောတူညီမှုကိုတရားဝင်ဖြစ်စေရန် ၎င်းတို့ရဲ့သဘောတူညီချက်စာချုပ်မှာ Annalaine De Jesus အမည်ရှိ Jelaine ရဲ့အမေဖြစ်သူကလည်း ပါ၀င်ပေးခဲ့ပါသေးတယ်။ စာချုပ်ထဲမှာ Jelaine ရဲ့စတင်အလေးချိန်က ၆၉ ကီလိုဂရမ် ရှိပြီး ၅ လကကြာမှာ သူမအလေးချိန်က ၅၀ ကီလိုဂရမ်ဖြစ်ရပါမည်လို့ ရေးထားပါတယ်။ Netizen တော်တော်များများကလည်း ထိုကလေးမလေးတစ်ယောက်က အစာငတ်မခံဘဲအချိန်တိုလေးအတွင်းမှာ သတ်မှတ်ထားတဲ့ကိုယ်အလေးချိန်ကိုရောက်နိုင်မလားဆိုတာမခန့်မှန်းနိုင်ပေမယ့် တော်တော်များများကတော့ သူမကိုအားပေးနေခဲ့ကြသလို ရရှိလာမဲ့ရလဒ်ကိုလည်း စိတ်ဝင်တစားစောင့်ဆိုင်းနေမယ်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

Mia (Mckzone daily)

Be the first to comment on "သမီးျဖစ္သူအား အခ်ိန္ ၅ လအတြင္း သတ္မွတ္ထားတဲ့အေလးခ်ိန္အထိဝိတ္ခ်ႏိုင္ရင္ ျမန္မာေငြ ၄သိန္းေပးမယ္လို႔ ကတိေပးခဲ့တဲ့ ဖခင္"

Leave a comment

Your email address will not be published.


*