အခြားဌက်ပျောမျိုးစိတ်များနှင့်မတူကွဲပြားပြီး ထူးဆန်းစွာ Vanilla ရေခဲ့မုန့်ကဲ့သို့အရသာရှိနေတဲ့ အပြာရောင် Java ငှက်ပျောသီး

ထူးဆန်းတဲ့အပြာရောင်ဟာ Java ငှက်ပျောသီးကိုထူးခြားစေတယ်လို့ဆိုသော်လည်း ၎င်းရဲ့အရသာဟာ ပို၍ပင်စွဲမက်ဖွယ်ကောင်းနေပါတယ်။ Blue Java banana ဆိုတဲ့ဌက်ပျောပင်ဟာ ဟာဝိုင်အီနှင့်ဖိလစ်ပိုင်ကဲ့သို့အရှေ့တောင်အာရှနိုင်ငံအချို့တွင်သာ ပေါက်လေ့ရှိပါတယ်။ Blue Java banana ဟာ အပြာရောင်အသားနှင့်ထူးခြားတဲ့အရသာရှိသောအသီးများထဲမှတစ်ခုဖြစ်ပါတယ်။ ၎င်းဟာ အခြားငှက်ပျောမျိုးစိတ်များနှင့်ကွဲပြားသလို အပြာနု သို့မဟုတ် အပြာရင့်ရောင်ရှိပါတယ်။ ၎င်းကို သင့်ပထမဆုံးအကြိမ်တွေ့တဲ့အခါ သင့်ကို ပါးစပ်အဟောင်းသားဖြစ်စေသလို ၎င်းကိုမြည်းစမ်းကြည့်ရင်တော့ သင့်ရဲ့စိတ်ကိုတောင် ထွေပြားသွားစေနိုင်ပါတယ်။

၎င်းရှားပါးအသီးကိုစားဖူးသူများရဲ့အဆိုအရ Java ငှက်ပျောသီးများဟာ အရသာရှိတဲ့ vanilla ရေခဲမုန့်ကဲ့သို့အရသာရှိပြီး မှည့်သွားတဲ့အခါ ၎င်းအသီးဟာ အလွန်မွှေးကြိုင်တဲ့ပြင် အသားကလည်း အခြားငှက်ပျောမျိုးစိတ်များထက် ပိုမိုနူးညံ့ပါတယ်။

Java ငှက်ပျောသီးအမှည့်များဟာ နူးညံ့ပြီး creamy ဖြစ်သလို ရေခဲသေတ္တာထဲမှာထားရင်တော့ ပူပြင်းတဲ့နွေရာသီမှာစားဖို့ vanilla ရေခဲမုန့်ကိုရရှိနိုင်မှာပါ။

Java ငှက်ပျောသီးတွေကို အရှေ့တောင်အာရှတွင် အဓိကစိုက်ပျိုးကြသလို ၎င်းဟာ ဟာဝိုင်အီနှင့်အမေရိကအလယ်ပိုင်းဒေသအချို့တွင်လည်း အလွန်ပင်နာမည်ကြီးပါတယ်။ Java ငှက်ပျောသီးဟာ အလွန်ကြီးထွားနိုင်ပြီး ၄.၅ မီတာမှ ၆ မီတာအထိအပင်မြင့်နိုင်ပါတယ်။ ၎င်းကြီးထွားရန်အကောင်းဆုံးအခြေအနေမှာအပူပိုင်းပတ်ဝန်းကျင်ဖြစ်သော်လည်း အေးတဲ့ရာသီဥတုတွင်လည်း ဖွံ့ဖြိုးနိုင်ပါတယ်။

စိုက်ပြီးသွားတဲ့အခါ အပြာရောင် Java ငှက်ပျောဖူးပွင့်များဟာ ၁၅-၂၄ လအကြာတွင်ဖူးပွင့်တတ်ပါတယ်။ ထို့နောက်အသီးများကိုတော့ ရက်ပေါင်း ၁၁၅ မှ ၁၅၀ အတွင်းရိတ်သိမ်းနိုင်ပါတယ်။

သို့သော် Java ဌက်ပျောသီးဟာ အရေခွံမရင့်သေးတဲ့အချိန်မှ ၎င်းတို့ရဲ့အသားဟာ အပြာရောင်ရှိပြီး မှည့်သွားရင်တော့ အခြားမျိုးစိတ်များကဲ့သို့ အဝါရောင်အသားအရေရှိပါတယ်။

၎င်းကို Fiji ဒေသခံများက Hawaii ငှက်ပျောဟုခေါ်ကြသလို ဖိလစ်ပိုင်မှာ ၎င်းကို Krie လို့ခေါ်ကြပြီး အမေရိကအလယ်ပိုင်းမှာတော့ Cenizo လို့ခေါ်ကြပါတယ်။ Java ငှက်ပျောသီးတစ်လုံးဟာ ဒေါ်လာ ၂၉ မှ ၉၇ အထိကုန်ကျပါတယ်။ ၎င်းဟာ အခြားမျိုးစိတ်များထက်ဈေးပိုကြီးပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "အခြားဌက်ပျောမျိုးစိတ်များနှင့်မတူကွဲပြားပြီး ထူးဆန်းစွာ Vanilla ရေခဲ့မုန့်ကဲ့သို့အရသာရှိနေတဲ့ အပြာရောင် Java ငှက်ပျောသီး"

Leave a comment

Your email address will not be published.


*