အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်လာခဲ့ရင်း အသက် ၂၅ နှစ်အရွယ်မှာတင် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသား

ကျွန်တော်တို့အားလုံးမှာ မတူညီတဲ့အိမ်မက်တွေရှိကြပေမဲ့ တော်တော်များများက သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ချင်ကြပြီး ၎င်းတို့အမြဲတောင့်တနေတဲ့ဘဝနဲ့နေချင်ကြမှာ အသေအချာပါဘဲ။ သို့ပေမယ့် အသက် ၂၅ နှစ်အရွယ်မှာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာဖို့ဆိုတာ အစကနေစလုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ နောက်ခံကောင်းတဲ့ကလေးတွေက ၎င်းတို့ရဲ့ချမ်းသာတဲ့ဖခင်တို့ထံမှအကူအညီအနည်းငယ်ဖြင့် ကြီးမားတဲ့အစကိုလွယ်ကူစွာ စတင်နိုင်ပေမဲ့လည်း Jhay-r Reyes အမည်ရှိကောင်လေးတစ်ဦးကဲ့သို့ဆင်းရဲတဲ့ကလေးများအတွက်တော့ ထိုအရာက မလွယ်ကူနိုင်ပါဘူး။ လူတော်တော်များများလိုပဲ ကျွန်တော်တို့အားလုံးဟာ အစကနေအဆုံးအထိတောက်လျှောက် အလုပ်လုပ်ခဲ့ကြပေမယ့် Jhay-r လိုမျိုးအသက်အရွယ်မှာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာဖို့ဆိုတာ မလွယ်ကူပါဘူး။

Jhay-r ဟာ သူ့ရဲ့အိပ်မက်ကိုလက်တွေ့အကောင်အထည်ဖော်ဖို့အတွက် သူဘယ်လိုကြိုးစားပြီး သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့တာကို သူ့ Facebook accပေါ်မှာမျှဝေရာမှလူကြိုက်များလာခဲ့ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံ Polytechnic University (PUP) မှ ဆင်းရဲတဲ့ကလေးတစ်ယောက်အနေနှင့် ပညာသင်ဆုရထားတဲ့ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ထိုအိမ်မက်ဖြစ်လာရန် လမ်းခရီးကမလွယ်ကူဘူးလို့လည်း Jhay-r က ဆိုထားပါတယ်။

“ ကျွန်တော့်အသက် ၂၅ နှစ် ကောလိပ်ပြီးခါနီးမှာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့နဲ့ ကိုယ်ပိုင်ကားနဲ့အိမ်ကိုပိုင်နိုင်ဖို့ စိတ်ကူးခဲ့ပေမယ့်လည်း လက်တွေ့ကတော့ မင်းအစီအစဉ်အတိုင်းဖြစ်လာမှာမဟုတ်သလို ၎င်းက ကြမ်းတမ်းတဲ့စီးနင်းမှုတစ်ခုဖြစ်ပြီး အတက်အကျရှိနေပါတယ်၊ အဖေကလည်း ၂ နှစ်ကြာဖျားနာနေခဲ့တာကြောင့် စိတ်ဖိစီးမှုတွေအတော်များခဲ့ရတယ် ၊ ထိုပဋိပက္ခများကြောင့် ၄ နှစ်တာကာလအတွင်း ကျွန်တော့်မှာ အလုပ်ရှင် ၅ ယောက်ရှိခဲ့တယ် “လို့ Jhay-r က ဆိုခဲ့ပါတယ်။

Jhay-r ဟာ ကျောင်းသားအရွယ်ကတည်းက ‘Iskolar ng Bayan’ အနေဖြင့် စတော့ရှယ်ယာများကို စတင်အရောင်းအဝယ်ပြုလုပ်ခဲ့ပါတယ်။

Jhay-r ဟာ အရင်းအနှီး ငွေ php ၉,၁၀၀ ဖြင့်စတင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်များအတွင်း ၀ယ်သူ ၁၀၀၀ ကျော်နှင့် စတော့ဈေးကွက်မှာရောင်းဝယ်ခဲ့ပါတယ်။ ယခု အသက် ၂၆ နှစ်မှာ Jhay-r က သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ရည်မှန်းချက်ထက် တစ်နှစ်ခန့်နောက်ကျပေမဲ့လည်း သူဟာ ငယ်ရွယ်စဉ်မှာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်ရန် စီမံနိုင်ခဲ့ပါသေးတယ်။ “ ယခု ငါ့ရဲ့ရင်းနှီးမြှုပ်နှံမှုလည်း ရှယ်ယာရာခိုင်နှုန်းတွေ ပိုတိုးလာနေဆဲပါ၊ ဒီအိမ်က စတော့တစ်ခုတည်းမှလာသလို ဒီကားကလည်း စတော့တစ်ခုတည်းမှ လာတာပါ၊ အခြားလူများကိုမလှည့်စားဘဲနေထိုင်ကြပါ ” လို့ ရေးသားခဲ့ပါတယ်။

လက်ရှိ Jhay-r မှာ Crown Asia Antipolo ရှိ ခမ်းနားတဲ့နှစ်ထပ်အိမ်တစ်လုံးရဲ့ဂုဏ်ယူဖွယ်ပိုင်ရှင်ဖြစ်သလို SUV ကားလည်း ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ Jhay-r ဟာ နိုင်ငံခြားရှယ်ယာတွေကိုတောင်မ၀ယ်ခဲ့တာကိုသိလိုက်ရပြီးတဲ့နောက်မှာ ဒေသခံကုန်သည်များစွာက တုန်လှုပ်သွားခဲ့ရပါသေးတယ်။

Mia (Mckzone daily)

Reference : rachfeed

Be the first to comment on "အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်လာခဲ့ရင်း အသက် ၂၅ နှစ်အရွယ်မှာတင် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*