ခက္ခဲလြန္းတဲ့အေျခအေနေၾကာင့္ သားျဖစ္သူကိုပါေခၚေဆာင္ၿပီး လမ္းေပၚထြက္ကာပူေဖာင္းအ႐ုပ္မ်ားေရာင္းခ်ေနရတဲ့ ဖခင္

Jandale Gacasa Forrester အမည္ရွိ Facebook သုံးစြဲသူတစ္ဦးဟာ သားငယ္ႏွင့္အတူ မိုးပ်ံပူေဖာင္းအ႐ုပ္မ်ားေရာင္းေနတဲ့ဖိလစ္ပိုင္ဖခင္တစ္ေယာက္ရဲ႕ဇာတ္လမ္းကို လူမႈကြန္ရက္ေပၚမွာ မွ်ေဝေပးခဲ့ၿပီးေနာက္ ၎ဟာ ျပန႔္ႏွံ႔သြားခဲ့ပါတယ္။ အင္တာနက္ကေနတဆင့္ အာ႐ုံစိုက္ခံေစၿပီး ၎တို႔မိသားစုအတြက္လည္း အေထာက္အပံ့မ်ားရယူေစလိုတာေၾကာင့္ Jandale ဟာ ထိုသားအဖတို႔ရဲ႕ဓာတ္ပုံကို ႐ိုက္ၿပီးမွ်ေဝခဲ့ရတဲ့သူ႔ရည္႐ြယ္ခ်က္ကို ရွင္းျပခဲ့ပါတယ္။ မိုးပ်ံပူေဖာင္းအ႐ုပ္မ်ားကို သူ႔ရဲ႕စက္ဘီးေနာက္ေက်ာမွာသယ္ေဆာင္ၿပီး သားျဖစ္သူႏွင့္အတူ ေစ်းေရာင္းရင္းအနားယူေနတဲ့ပုံကို Jandale က ပထမဆုံးဓာတ္ပုံ႐ိုက္ယူၿပီးေနာက္ ၎တို႔ဆီခ်ဥ္းကပ္ကာ ဖခင္ျဖစ္သူကို အင္တာဗ်ဴးလုပ္ခဲ့ပါတယ္။

ဖခင္ျဖစ္သူက အိမ္မွထြက္လာကတည္းက ပူေဖာင္းမေရာင္းထြက္ေသးသလို ၎တို႔ သားအဖက နံနက္ေစာေစာအိပ္ရာထလာရလို႔ အိပ္ငိုက္ေနတာေၾကာင့္ ခဏအနားယူေနျခင္္းျဖစ္ေၾကာင္း ႏွင့္ ၎တို႔ဟာ Cavite ၿမိဳ႕မွာေနထိုင္ၿပီး မိုးပ်ံပူေဖာင္းအ႐ုပ္ေတြကိုေရာင္းရင္း မိသားစုကိုေထာက္ပံ့ေနေၾကာင္းဆိုခဲ့ပါတယ္။ ဖခင္ျဖစ္သူဟာ သားျဖစ္သူအား အိမ္မွာထားခဲ့ရင္ ေစာင့္ၾကည့္ေပးမဲ့သူတစ္ေယာက္မွမရွိတဲ့အတြက္ အျပင္ေခၚလာခဲ့ေၾကာင္းေျပာျပခဲ့ပါတယ္။ Jandale ဟာ သူေဝမွ်ခဲဲ့တဲ့ဇာတ္လမ္းက လူငယ္မ်ားစြာရဲ႕ႏွလုံးသားကို နက္ရႈိင္းစြာထိခိုက္ေစၿပီး အခ်ိန္တိုအတြင္းျပန႔္ႏွံ႔သြားလိမ့္မယ္လို႔မေမွ်ာ္လင့္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

လူမ်ားစြာက ထိုသားအဖအတြက္ ေဘးကင္းေအာင္ဆုေတာင္းေပးခဲ့ၾကသလို အခ်ိဳ႕ကလည္း ၎တို႔ဇာတ္လမ္းႏွင့္ဆက္စပ္ၿပီး ၎တို႔ကိုျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့မိဘမ်ားရဲ႕ခက္ခဲစြာ ႐ုန္းကန္ခဲ့ပုံတို႔ကို နားလည္သေဘာေပါက္သြားခဲ့ၾကပါတယ္။ တစ္ကယ္လည္း ဒီဇာတ္လမ္းဟာ ကြၽန္ေတာ္တို႔ရဲ႕ဘ၀ကို အေကာင္းျမင္တဲ့အျမင္နဲ႔ကြၽန္ေတာ္တို႔ရွိသမွ်အရာကိုတန္ဖိုးထားတတ္ေအာင္လည္းေဖာ္ျပေပးသလို ယခုလိုခက္ခဲတဲ့အေျခအေနမွာေတာင္ ၎တို႔ရဲ႕အေဖာ္ေကာင္းမ်ားအတြက္ အမွန္တကယ္မ်ားစြာကူညီေပးၾကသူမ်ားရွိေၾကာင္းကိုလည္း ျပသခဲ့ပါတယ္။

Mia (Mckzone daily)

Reference : everytruenews24

Unicode

Jandale Gacasa Forrester အမည်ရှိ Facebook သုံးစွဲသူတစ်ဦးဟာ သားငယ်နှင့်အတူ မိုးပျံပူဖောင်းအရုပ်များရောင်းနေတဲ့ဖိလစ်ပိုင်ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းကို လူမှုကွန်ရက်ပေါ်မှာ မျှဝေပေးခဲ့ပြီးနောက် ၎င်းဟာ ပြန့်နှံ့သွားခဲ့ပါတယ်။ အင်တာနက်ကနေတဆင့် အာရုံစိုက်ခံစေပြီး ၎င်းတို့မိသားစုအတွက်လည်း အထောက်အပံ့များရယူစေလိုတာကြောင့် Jandale ဟာ ထိုသားအဖတို့ရဲ့ဓာတ်ပုံကို ရိုက်ပြီးမျှဝေခဲ့ရတဲ့သူ့ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါတယ်။ မိုးပျံပူဖောင်းအရုပ်များကို သူ့ရဲ့စက်ဘီးနောက်ကျောမှာသယ်ဆောင်ပြီး သားဖြစ်သူနှင့်အတူ စျေးရောင်းရင်းအနားယူနေတဲ့ပုံကို Jandale က ပထမဆုံးဓာတ်ပုံရိုက်ယူပြီးနောက် ၎င်းတို့ဆီချဉ်းကပ်ကာ ဖခင်ဖြစ်သူကို အင်တာဗျူးလုပ်ခဲ့ပါတယ်။

ဖခင်ဖြစ်သူက အိမ်မှထွက်လာကတည်းက ပူဖောင်းမရောင်းထွက်သေးသလို ၎င်းတို့ သားအဖက နံနက်စောစောအိပ်ရာထလာရလို့ အိပ်ငိုက်နေတာကြောင့် ခဏအနားယူနေခြင််းဖြစ်ကြောင်း နှင့် ၎င်းတို့ဟာ Cavite မြို့မှာနေထိုင်ပြီး မိုးပျံပူဖောင်းအရုပ်တွေကိုရောင်းရင်း မိသားစုကိုထောက်ပံ့နေကြောင်းဆိုခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ သားဖြစ်သူအား အိမ်မှာထားခဲ့ရင် စောင့်ကြည့်ပေးမဲ့သူတစ်ယောက်မှမရှိတဲ့အတွက် အပြင်ခေါ်လာခဲ့ကြောင်းပြောပြခဲ့ပါတယ်။ Jandale ဟာ သူဝေမျှခဲဲ့တဲ့ဇာတ်လမ်းက လူငယ်များစွာရဲ့နှလုံးသားကို နက်ရှိုင်းစွာထိခိုက်စေပြီး အချိန်တိုအတွင်းပြန့်နှံ့သွားလိမ့်မယ်လို့မမျှော်လင့်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

လူများစွာက ထိုသားအဖအတွက် ဘေးကင်းအောင်ဆုတောင်းပေးခဲ့ကြသလို အချို့ကလည်း ၎င်းတို့ဇာတ်လမ်းနှင့်ဆက်စပ်ပြီး ၎င်းတို့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့မိဘများရဲ့ခက်ခဲစွာ ရုန်းကန်ခဲ့ပုံတို့ကို နားလည်သဘောပေါက်သွားခဲ့ကြပါတယ်။ တစ်ကယ်လည်း ဒီဇာတ်လမ်းဟာ ကျွန်တော်တို့ရဲ့ဘ၀ကို အကောင်းမြင်တဲ့အမြင်နဲ့ကျွန်တော်တို့ရှိသမျှအရာကိုတန်ဖိုးထားတတ်အောင်လည်းဖော်ပြပေးသလို ယခုလိုခက်ခဲတဲ့အခြေအနေမှာတောင် ၎င်းတို့ရဲ့အဖော်ကောင်းများအတွက် အမှန်တကယ်များစွာကူညီပေးကြသူများရှိကြောင်းကိုလည်း ပြသခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "ခက္ခဲလြန္းတဲ့အေျခအေနေၾကာင့္ သားျဖစ္သူကိုပါေခၚေဆာင္ၿပီး လမ္းေပၚထြက္ကာပူေဖာင္းအ႐ုပ္မ်ားေရာင္းခ်ေနရတဲ့ ဖခင္"

Leave a comment

Your email address will not be published.


*