အိမ်ဖော်မလေးကို တစ်ကယ့်မိသားစုဝင်တစ်ယောက်လို ဖုန်းအသစ်တစ်လုံးနဲ့ မွေးနေ့ Surprise လုပ်ပေးခဲ့ကြတဲ့ အလုပ်ရှင်

စင်္ကာပူနိုင်ငံရှိ အလုပ်ရှင်တစ်ဦးဟာ Espinosa အမည်ရှိသူတို့ရဲ့အိမ်အကူတစ်ဦးရဲ့မွေးနေ့အတွက် သူမအား ဖုန်းအသစ်တစ်လုံးပေးကာ စပရိုက်လုပ်ပေးခဲ့ကြပါတယ်။ သြဂုတ် ၃၀ ရက်နေ့ကတင်ထားခဲ့တဲ့ သုံးမိနစ်စာဘဲရှိတဲ့ကြည်နူးစရာ ၎င်း TikTok ဗီဒီယိုတစ်ခုဟာ ကြည့်ရှုသူပေါင်း တစ်သန်းကျော်ရရှိခဲ့ပါတယ်။ ၎င်းဗီဒီယိုမှာ Espinosa ဟာ သူမမွေးနေ့အတွက် လက်ဆောင်ထုပ်ထားတဲ့သေတ္တာဘူးပေါ်ရှိ စက္ကူကိုဖြဲနေခဲ့ပြီး သေတ္တာထဲအသင့်ပြင်ထားတဲ့ ဆန်းကြယ်တဲ့သေတ္တာနှစ်လုံးကို ဆွဲထုတ်လိုက်ပြီးတဲ့နောက်မှာ Espinosa ဟာ သေးငယ်တဲ့ဘူးကို ကိုင်ရင်း သူမက ဒါကဘာလဲဆိုတာ သိတယ်လို့ ပြောနေခဲ့ပါတယ်။ ဗီဒီယိုထဲမှာ အလုပ်ရှင်ရဲ့သားလို့ထင်ရတဲ့ကောင်လေးတစ်ယောက်ကလည်း သူမအား အံ့အားသင့်သွားအောင် အဲ့တာက iPhone လို့ ပြောနေခဲ့ပါတယ်။

.

၎င်းလက်ဆောင်ဘူးရဲ့အပေါ်ထိပ်ကထုပ်ပိုးထားတာကိုဖြဲလိုက်ရင်း သူမက “ တကယ်လား ” ဟုမေးနေခဲ့ပြီး ကျန်တဲ့အထုပ်အပိုးကိုပါ ဆုတ်ဖြဲလိုက်ပြီးနောက်မှာတော့ Espinosa ရဲ့အလုပ်ရှင်က သူမအား ဒေါ်လာ ၃၅၀ ရှိတဲ့ Samsung Galaxy M32 အသစ်တစ်လုံးကို လက်ဆောင်ပေးလိုက်ကြောင်းကို သူမက အံ့ဩစွာ သိခဲ့ရပါတော့တယ်။

ထို့နောက် ဒီလိုမျှော်လင့်မထားတဲ့အံ့ဩမှုကြောင့် Espinosa ဟာ ဝမ်းသာလွန်းလို့ မျက်ရည်များကျနေခဲ့ရပါတယ်။ “ သူတို့နဲ့ ၉ လဘဲနေရသေးတဲ့ငါ့ကို သူတို့က ဒီလိုမွေးနေ့လက်ဆောင်ပေးခဲ့တယ်” ဟု Espinosa က သူမရဲ့ဗီဒီယို caption မှာရေးသားဖော်ပြခဲ့ပါတယ်။

အိမ်အကူရဲ့လက်ဆောင်ကိုတွေ့လိုက်တဲ့အခါ အလုပ်ရှင်ရဲ့သားဖြစ်သူက “ ငါ့မွေးနေ့တောင် အဲ့လိုဖုန်းတစ်လုံးမရလိုက်ဘူး၊ ငါက ကြုံရာပစ္စည်းဘဲ ရခဲ့တာ ” ဟု အားကျနေတဲ့အသံကြီးဖြင့် ပြောနေခဲ့ပါသေးတယ်။ ထို့နောက် လူအများက Espinosa ကဘယ်လောက်ကံကောင်းကြောင်းနှင့် အလုပ်ရှင်ရဲ့ရက်ရောမှုကိုလည်း ချီးကျူးခဲ့ကြပါတယ်။

.

ထိုနေ့မှာတင်ခဲ့တဲ့အခြားဗီဒီယိုတစ်ခုမှာ Espinosa က သူမရဲ့အံ့ဩဖွယ်မွေးနေ့ကို ဆူရှီနှင့်ကြက်ကြော်တို့ဖြင့် မွေးနေ့အသေးစားပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းကိုလည်း ပြန်လည်မျှဝေပေးထားခဲ့ပါသေးတယ်။ TikTok အသုံးပြုသူတစ်ဦးက ၎င်းမွေးနေ့ပွဲနေ့မှာ Espinosa ကိုယ်တိုင်သီချင်းဆိုခြင်းနှင့်ကခုန်ခြင်းဗီဒီယိုများကို ထပ်မံတင်ပေးခဲ့ပြီး ချောကလက်မွေးနေ့ကိတ်ပေါ်ရှိ Happy Birthday Jenebee လို့ရေးထားတဲ့မွေးနေ့ကိတ်ကိုပါ ပြသခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : asiaone

Be the first to comment on "အိမ်ဖော်မလေးကို တစ်ကယ့်မိသားစုဝင်တစ်ယောက်လို ဖုန်းအသစ်တစ်လုံးနဲ့ မွေးနေ့ Surprise လုပ်ပေးခဲ့ကြတဲ့ အလုပ်ရှင်"

Leave a comment

Your email address will not be published.


*