“ Bibingka Girl” ဟုနာမည်ကြီးတဲ့ အလွန်လှပတဲ့အမျိုးသမီးတစ်ဦးဟာ မကြာသေးမီကသူမ၏ရုပ်ရည်အလှအပအတွက် လူကြိုက်များလာခဲ့ပြီး သူမအား မော်ဒယ် သို့မဟုတ် showbiz စတားတစ်ဦးဖြစ်လာစေဖို့ အင်တာနက်ပေါ်ရှိလူအများက မျှော်လင့်ကာထင်မြင်ခဲ့ကြပါတယ်။ သို့ပေမယ့် ဖိလစ်ပိုင်နိုင်ငံ Cebu ပြည်နယ် Danao မြို့ Barangay Taboc ရပ်ကွယ်မှ ဤမိန်းမပျိုလေးဟာ ရဲတစ်ယောက်ဖြစ်လာရန် သူမရဲ့အိပ်မက်ကိုဝေမျှခဲ့ပြီးတဲ့နောက် လူတိုင်းကို အံ့ဩသွားစေခဲ့ပါတယ်။ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Clark Laurent Dumon ရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရစဉ်က Cristy Cuizon အမည်ရှိသူမဟာ Barangay Tac-an ၌ motocross အပြေးပြိုင်ပွဲကြည့်နေတဲ့ပရိတ်သတ်များအတွက် သူမရဲ့ကိုယ်ပိုင်စီးပွါးရေးဖြစ်တဲ့ ‘bibingka’ ဆိုတဲ့ဖိလစ်ပိုင်ရိုးရာမုန့်ချိုတစ်မျိုးကို ရောင်းချနေခဲ့တာပါ။
.
Darkroom Cebu page ရဲ့ admin တစ်ဦးလည်းဖြစ်သည့် အဆိုပါဓာတ်ပုံဆရာဟာ ပွဲကြည့်နေစဉ် အနီးရှိဈေးဆိုင်တစ်ခုတွင် bibingka တွေကိုကျင်းခင်းနေသူတစ်ဦးကို တွေ့လိုက်တဲ့အခါ ၎င်းတို့က သူမကို စောင့်ကြည့်နေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့ အနီးကပ်သေချာကြည့်လိုက်တဲ့အခါ သူမ၏ရိုးရှင်းတဲ့အလှတရားကြောင့် ၎င်းတို့အံ့ဩသွားခဲ့ကြပါတယ်။
.
ထို့နောက် ဓာတ်ပုံဆရာ Clark ဟာ Cristy Cuizon ရဲ့ရုပ်ရည်ကို အထင်ကြီးသွားခဲ့ပြီး ဤမျှလောက်ရိုးရှင်းစွာလှပနေသူဟာ ရှားပါးတယ်လို့လည်း ဆိုခဲ့ပါတယ်။ ဓာတ်ပုံဆရာက ၁၈ နှစ်အရွယ် Cristy Cuizon ကို “ အလွန်ဖော်ရွေသဘောကောင်းတဲ့ဈေးရောင်းသူ” အဖြစ်လည်း ဖော်ပြခဲ့ပါသေးတယ်။
“ ဒါက တကယ့်အမျိုးသမီးတစ်ယောက်ရဲ့ပုံစံ၊ သူ့ရုပ်သွင်ထက်ကို သူ့စိတ်နေသဘောထားက ပိုလှနေသေးတယ် ” ဟုအင်တာနက်သုံးစွဲသူတစ်ဦးက ရေးသားခဲ့ပါတယ်။ ထို့ပြင် အခြားတစ်ဦးက ” Ifugao မြို့က မုန်လာဥနီကောင်လေးတောင် အခုဆို ကြယ်တစ်ပွင့်ဖြစ်နေပြီ ၊Cebu မြို့ရဲ့ bibingka မိန်းကလေးလည်း national attention ရရှိလိမ့်မယ်လို့ မျှော်လင့်မိတယ်” ဟုလည်း မှတ်ချက်ပေးခဲ့ပါတယ်။
Bibingka ဆိုတာက ဖိလစ်ပိုင်နိုင်ငံမှ ဖုတ်ထားတဲ့ဆန်ကိတ်မုန့်တစ်မျိုးဖြစ်ပြီး ၎င်းကိုငှက်ပျောရွက်ဖြင့် စီတန်းထားတဲ့မြေအိုးများ သုံး၍ ရိုးရာချက်ပြုတ်ပါတယ်။ ငှက်ပျောရွက်ကို bibingka အတွက် အထူးအသုံးပြုလေ့ရှိကြပါတယ်။
Mia (Mckzone daily)
Reference : rachfeed
Be the first to comment on "အပြစ်ပြောစရာမရှိလောက်အောင် ရိုးရှင်းစွာနဲ့ လှပနေခဲ့တဲ့ လမ်းဘေးဈေးသည်မလေး"