လူဦးရေများပြားလာခြင်းကြောင့် အစာရေစာပြတ်လပ်မှုကိုခံနိုင်ရန်အတွက် အင်းဆက်ပိုးကောင်များပါဝင်တဲ့ရေခဲမုန့်ကို ရောင်းချခဲ့တဲ့ ကုမ္ပဏီ

ရေခဲမုန့်လို့ပြောရင် ရေခဲမုန့်ကို မကြိုက်တဲ့လူမရှိဘူးလို့ထင်ပါတယ်။ တစ်ခါတစ်ရံမှာ ရေခဲမုန့်ဟာ နေရာမှန်ကိုရောက်လာတတ်ပြီး အထူးသဖြင့် သင့်ရဲ့ရှည်လျားတဲ့နေ့တစ်နေ့ ဒါမှမဟုတ် အရမ်းပူတဲ့နေ့တစ်နေ့အတွက် အသင့်တော်ဆုံးအစားအစာတစ်မျိုးပါဘဲ။ သို့ပေမယ့် လူဦးရေများပြားလာတဲ့အခါ စားစရာတွေ၊ ပိုအရေးကြီးတာက ရေခဲမုန့်တွေဘာဖြစ်လာမယ်ဆိုတာကို သင်စဉ်းစားကြည့်ဖူးပါလား။ ကျွမ်းကျင်သူများရဲ့ ခန့်မှန်းခြေအားဖြင့် ရာစုနှစ်အကုန်တွင် ကျွန်ုပ်တို့၏ကမ္ဘာပေါ်တွင် လူဦးရေပေါင်း ၁၁ ဘီလီယံခန့်ရှိနေပါတယ်။ ထို့ကြောင့် ၎င်းဟာ ဆိုးရွားတဲ့အစာရေစာပြတ်လပ်မှုကိုဖြစ်စေနိုင်ပါတယ်။ သိပ္ပံပညာရှင်များက အနာဂတ်မှာ ကျွန်ုပ်တို့ရှင်သန်နိုင်ရန် ကင်းဆက်ပိုးကောင်များကိုမှီခိုရန်လိုကောင်းလိုနိုင်ကြောင်း ယခင်ကပြောကြားခဲ့ဖူးပါတယ်။

.

၎င်းတို့ဟာ ဈေးသက်သက်သာသာနှင့်လွယ်ကူတဲ့ပရိုတိန်းဓာတ်ဖြစ်ပြီး ကျွန်ုပ်တို့ရဲ့တစ်နေ့တာလုံးကိုအားဖြည့်ပေးနိုင်ပါတယ်။ ပိုးကောင်တွေမှာ ပရိုတိန်းဓာတ်၊ အမျှင်ဓာတ်နှင့်ကယ်လ်စီယမ်တို့ပါဝင်တာကို ကျွန်တော်တို့အားလုံးသိသလို ၎င်းတို့ဟာ ဈေးမကြီးဘဲ အမဲသားကဲ့သို့ကျွန်ုပ်တို့ရဲ့ပုံမှန်တိရိစ္ဆာန်ပရိုတိန်းများထက် ပိုမိုရေရှည်ခံပါတယ်။

.

ထို့ကြောင့် The Economist အမည်ရှိကုမ္ပဏီဟာ ၎င်းကို အခြားအဆင့်တစ်ခုအဖြစ်ပြောင်းလဲကာ ကင်းဆက်ပိုးကောင်ပါတဲ့ရေခဲမုန့်ကိုပြုလုပ်ဖန်တီးခဲ့ကြပါတယ်။ ထို့ပြင် The Economist ဟာ giveaway ပေးရန်ဆုံးဖြတ်ခဲ့ပြီး ၎င်း giveawayနှင့်အတူစာရင်းပေးသွင်းပါက ရေခဲမုန့်တစ်ဗူးနှင့်အခမဲ့စာအုပ်တစ်အုပ်ရရှိမှာဖြစ်ပါတယ်။

.

ရရှိနိုင်မဲ့ရေခဲမုန့်အရသာများကတော့ Strawberries ၊Swirls နှင့် Nutritious Neapolitan အရသာတို့ဘဲဖြစ်ပါတယ်။ ရေခဲမုန့်ကို လန်ဒန်မှာပြုလုပ်ပြီး Holland မှတင်သွင်းတဲ့အင်းဆက်ကောင်များကိုတော့ နောက်ပိုင်းထည့်သွင်းထားခြင်းဖြစ်ပါတယ်။ Neapolitan ရေခဲမုန့်မှာ ရေခဲမုန့်ရဲ့ ၁၀ ရာခိုင်နှုန်းခန့်ကို အသားစားပိုးကောင်များနှင့်နှံကောင်လေးတွေကို တွေ့မြင်နိုင်ပါတယ်။ ရေခဲမုန့်ခွက်ပေါ်မှာလည်း ကင်းဆက်ကောင်များရဲ့ပါဝင်မှုနှုန်းနှင့် အကျိုးသက်ရောက်ပုံအညွန်းတို့ကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။

.

ဒါဆိုအရသာကဘယ်လိုလဲဆိုတော့ စားဖူးတဲ့လူတစ်ဦးက “ ရေခဲမုန့်ကိုယ်တိုင်ကအရသာရှိပြီး creamy ဖြစ်တယ် ၊ အသားစားပိုးကောင်က အချိုပွဲကိုကြွပ်ဆတ်စေတယ်၊ နှံကောင်ပေါက်တွေကိုတော့ အရသာသိပ်မထိတွေ့ရဘူး ၊ အရမ်းထုချေထားတဲ့သစ်ကြားသီးတွေလိုမျိုးဘဲ ” ဟုပြောကြားခဲ့ပါတယ်။ မနီးမဝေးကနေ ရေခဲမုန့်ပုံးကိုကြည့်ရင်တော့ အရသာမဆိုးလောက်ဘူးလို့ထင်ရပေမဲ့ ၎င်းထဲမှာ ကင်းဆက်ကောင်တွေပါတယ်ဆိုတာကိုတွေးမိရင်တော့ ကျွန်တော်သာဆိုစားနိုင်မှာမဟုတ်ပါဘူးဗျာ။ စားဖူးသူတိုင်းက နှံကောင်ပေါက်တွေက ၎င်းတို့ရဲ့သွားပေါ်တက်ကပ်နေတတ်ပြီး အသားစားပိုးကောင်ကတော့ အရသာကောင်းကြောင်းဆိုခဲ့ကြပါသေးတယ်။

Jasmine (Mckzone daily)

Reference : buzznicked

Be the first to comment on "လူဦးရေများပြားလာခြင်းကြောင့် အစာရေစာပြတ်လပ်မှုကိုခံနိုင်ရန်အတွက် အင်းဆက်ပိုးကောင်များပါဝင်တဲ့ရေခဲမုန့်ကို ရောင်းချခဲ့တဲ့ ကုမ္ပဏီ"

Leave a comment

Your email address will not be published.


*