ရက် ၁၀၀ ပြည့်မွေးနေ့ပွဲဓာတ်ပုံတွေက မင်းသားငယ်တစ်ပါးနဲ့ဆင်တူပြီး ချစ်စရာကောင်းလွန်းနေလို့နာမည်ကြီးနေခဲ့တဲ့ ကလေးငယ်

Baek-il (သို့) ကိုးရီးယားတွင် ရက် ၁၀၀ ပြည့်ဟုဆိုတဲ့အဓိပ္ပါယ်ဟာ ကလေးအသက် ရက်ပေါင်း ၁၀၀ ပြည့်အရွယ်ရောက်တဲ့အခါကျင်းပတဲ့ရိုးရာအစဉ်အလာတစ်ခုဖြစ်ပါတယ်။ မကြာသေးမီက Lorraine Ye အမည်ရှိ Twitter အသုံးပြုသူတစ်ဦးဟာ သူမရဲ့တူလေးဖြစ်သူ Elliot ရဲ့ baek-il အထိမ်းအမှတ်ဓာတ်ပုံကိုမျှဝေခဲ့ပြီး ၎င်းဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် Lorraine က ဒီပွဲဟာ အဲဒီ့ရက် ၁၀၀ အတွင်းရှိ ကလေးတွေရဲ့ဘဝအနိမ့်အမြင့်ကိုအထိမ်းအမှတ်ပြုဆင်နွှဲပေးခြင်းဖြစ်ကြောင်း ရှင်းပြပေးခဲ့ပါတယ်။ Lorraine က Elliot ရဲ့ချစ်စဖွယ်ဓာတ်ပုံများဖြင့် “ ဒီနေ့က ကျွန်မတူလေးရဲ့ ရက် ၁၀၀ ပြည့်နေ့ပါ ၊ဒါပေမဲ့ အမေရိကန်မှာ ပွဲလုပ်ဖို့ပစ္စည်းအစုံမရှိနေဘူး ” ဟုတဲ့ caption ဖြင့်တင်ပေးခဲ့တာပါ။

.

” ဒါဟာဘဝရဲ့အထိမ်းအမှတ်တစ်ခုပဲ! သမိုင်းကြောင်းအရ အအေးလွန်ကဲတဲ့အပူချိန် (သို့) နေရေးထိုင်ရေးမကောင်းတဲ့ ပထမရက်တစ်ရာအတွင်းဖျားနာနေတဲ့ကလေးငယ်တွေအတွက် ကစားစရာတွေလည်း အများကြီးပါဝင်ပါတယ် ” ဟု အဒေါ်ဖြစ်သူက ကိုးရီးယားရဲ့ရိုးရာအစဉ်အလာကို ရှင်းပြခဲ့ပါတယ်။ Lorraine က ဘေးဖက်ရှိဆန်ကိတ်မုန့်ပုံနှင့် ပွဲရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကိုရီးယားရိုးရာဝတ်စုံ Hanbok ကိုဝတ်ဆင်ထားတဲ့တူလေးအား ဂုဏ်ပြုတဲ့အနေနဲ့ အသက်ရှည်ခြင်းနှင့်ကောင်းချီးပေးခြင်းတို့ကိုပါပြောကြားခဲ့ပါတယ်။

.

Elliot လေးအား နာမည်ကြီးလူပြောများသွားစေတဲ့အရာကတော့ ပြီးပြည့်စုံတဲ့ဧကရာဇ်ကလေးတစ်ဦးနှင့်တူနေခြင်းကြောင့်ဘဲဖြစ်ပါတယ်။ သူ့ရဲ့ချစ်စဖွယ် hanbok နှင့်အတူ Elliot ရဲ့ဧကရာဇ်ဘုရင်ရဲ့သားတော်ဆန်လွန်းတဲ့ပုံရိပ်အနေအထားများကြောင့် လူများက သဘောကျမဆုံးဖြစ်ခဲ့ကြရပါတယ်။ ထို့အတွက်ကြောင့် လူများစွာဟာ Elliot ရဲ့ baek-il အခမ်းအနားမှ ဓာတ်ပုံကို memes များအဖြစ်လည်း အသုံးပြုခဲ့ကြပါသေးတယ်။

.

Lorraine က သူမနှင့်သူမမိသားစုဟာ သူမရဲ့ post က လူသိများပျံ့နှံ့သွားသည်ကိုအံ့သြမိသော်လည်း ၎င်းနှင့်ပတ်သက်၍ပျော်ရွှင်နေခဲ့ရကြောင်းပြောကြားခဲ့ပြီး “ ၎င်းပွဲက လူ ၁၇ ၊၁၈ ယောက်သာပါတဲ့ ရိုးရိုးပွဲတစ်ခုသာဖြစ်ပေမဲ့ အင်တာနက်ကြောင့် Elliot လေးက လူချစ်လူခင်များလာခဲ့လို့ ဝမ်းသာမိတယ် ” ဟုလည်း ပြောကြားခဲ့ပါတယ်။

Elliot ဟာ ကိုရီးယား ၊ တရုတ်ကပြားဖြစ်တာကြောင့် သူဟာ နောက်ပိုင်းတွင် ၀တ်စုံကိုပြောင်းလဲခဲ့ပါသေးတယ်။ ထို့ပြင် Elliot လေးရဲ့ချစ်ဖို့ကောင်းမှုကိုပိုမြင်လိုကြတဲ့လူများစွာရဲ့တောင်းဆိုမှုကြောင့် မိသားစုဟာ Elliot လေးအတွက် သီးသန့် Instagram acc တစ်ခုပါပြုလုပ်ခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ရက် ၁၀၀ ပြည့်မွေးနေ့ပွဲဓာတ်ပုံတွေက မင်းသားငယ်တစ်ပါးနဲ့ဆင်တူပြီး ချစ်စရာကောင်းလွန်းနေလို့နာမည်ကြီးနေခဲ့တဲ့ ကလေးငယ်"

Leave a comment

Your email address will not be published.


*