အသက် ၇နှစ်ကတည်းကပင် ပန်းချီဆွဲလို့ရတဲ့ဝင်ငွေများဖြင့် မိဘအတွက် အိမ်တစ်လုံးဝယ်ပေးခဲ့တဲ့ ပန်းချီဆရာလေး

အချို့သောလူများဟာ အံ့ဩဖွယ်ကောင်းတဲ့အရည်အချင်းများဖြင့် မွေးဖွားလာကြပြီး ဗြိတိန်နိုင်ငံမှ Kieron Williamson အမည်ရှိကောင်လေးကလည်း သူတို့ထဲမှတစ်ဦးဖြစ်ပါတယ်။ Williamson ဟာ လှပတဲ့ရှုခင်းများနှင့်ဆိပ်ကမ်းအလှကိုမြင်ခဲ့ရပြီးနောက် သူဟာ မိဘများထံမှ စက္ကူနှင့်ခဲတံများကိုရုတ်တရက်တောင်းခဲ့ပြီး အသက် ၅ နှစ်အရွယ်မှာ ရေကန်ရှုခင်းပုံကို ပထမဆုံးရေးဆွဲခဲ့ပါတယ်။ Williamson ရဲ့အမေဟာ သားဖြစ်သူက ဆေးရောင်ခြယ်ရတာကိုကြိုက်မှန်းသိတဲ့အခါ ပိုပြီးကျွမ်းကျင်တဲ့အတတ်ပညာသင်ယူနိုင်ရန် သားဖြစ်သူအား ပန်းချီသင်တန်းသို့ပို့ပေးခဲ့ပါတယ်။ သို့ပေမဲ့ Williamson ဟာ အကြိမ်အနည်းငယ်သာတက်ရောက်ပြီးနောက် အတန်းတက်ဖို့ကိုငြင်းဆန်ခဲ့ပါတယ်။ အကြောင်းက ဆရာဖြစ်သူက သူ့ကိုသင်ပေးစရာကုန်သွားပြီလို့သူထင်တဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။

.

ဒါ့ကြောင့် Williamson ရဲ့ပန်းချီပညာကိုလမ်းညွှန်ရန်ပိုမိုကျွမ်းကျင်တဲ့ဆရာတစ်ဦးကိုအိမ်ခေါ်သင်စေခဲ့ရပါတယ်။ တစ်နေ့မှာ ပန်းချီမန်နေဂျာတစ်ဦး က Williamson ရဲ့ ပန်းချီကားကိုရုတ်တရက်မြင်လိုက်ရပြီး Williamson လက်ရာများကိုစွဲမက်သွားခဲ့ပါတယ်။

.

အသက် ၇ နှစ်အရွယ်မှာ Williamson ဟာ ပြပွဲသုံးကြိမ်ပြသပြီးခဲ့ပြီဖြစ်သလို သူ့ပန်းချီကား ၁၆ ချပ်ဟာလည်း ၁၄ မိနစ်အတွင်းရောင်းကုန်သွားခဲ့လို့ စုစုပေါင်း ပေါင် ၁၇၀၀၀ (USDဒေါ်လာ ၂၁,၈၄၈)အထိရရှိခဲ့ပါတယ်။

.

သူ့ရဲ့ပန်းချီကားများဝယ်ယူစုဆောင်းသူများစွာက အမေရိကန်မှလာသူများဖြစ်ကြပြီး ပြပွဲ မစတင်မီနှစ်ရက်အလိုမှာပင် အချို့က Williamson ရဲ့ပန်းချီကားများကို လက်ထဲတန်းရောက်ရန် သူ့ထံတန်းစီလာခဲ့ကြပါတယ်။

.

အသက် ၇ နှစ်မှာ Williamson ဟာ သူ့ပန်းချီကားများမှဝင်ငွေများကိုမဖြုန်းတီးဘဲ မိဘများအတွက် အိမ်တစ်လုံးဝယ်ပေးခဲ့ပါတယ်။ ၈ နှစ်အရွယ်မှာတော့ Williamson က စက်မှုလုပ်ငန်းမှာ အကျော်ကြားဆုံးပန်းချီဆရာတစ်ဦးဖြစ်လာခဲ့ပါတယ်။ သူဟာ ရှုခင်းပန်းချီများကိုအထူးနှစ်သက်ပြီး“ Little Monet” ခေါင်းစဉ်ဖြင့် ဆုဆွတ်ခူးထားသူဖြစ်ပါတယ်။

.

Williamson ရဲ့ပန်းချီကားများကို ယူရို ၆ သန်း (USD ဒေါ်လာ ၇,၇၁၁,၁၈၈) ဖြင့် နိုင်ငံပေါင်း ၃၅ နိုင်ငံအထိရောင်းချခဲ့ပါတယ်။ သူ့ရဲ့ပန်းချီကားများမှာ မိုးကောင်းကင်အတွက် မီးခိုးရောင်နှင့်အဝါရောင်ကဲ့သို့အရောင်ပေါင်းစပ်ခြင်းနှင့် ငှက်များအတွက် အဖြူအမည်းကိုနှစ်သက်ခြင်းဖြင့် သူ့ရဲ့အလုပ်ကိုတစ်နည်းနည်းဖြင့် ရင့်ကျက်တဲ့ဝမ်းနည်းမှုကိုဖြစ်ပေါ်စေပါတယ်။

.

ထိုရှုခင်းပန်းချီကားများကို ကလေးတစ်ယောက်ကဆွဲထားတာလို့ဘယ်သူကမှခန့်မှန်းမိမှာမဟုတ်ပါဘူး။ အခုအသက် ၁၆ နှစ် အရွယ်Williamson က ပန်းချီဆွဲရင်း သူ့အလုပ်ကနေဝင်ငွေများစွာရရှိနေတုန်းပါဘဲ။ သို့ပေမဲ့ Williamson ဟာ “ ပန်းချီဆွဲတာက ငွေရှာတဲ့နည်းလမ်းတစ်ခုဆို ငါခွင့်ပြုမှာမဟုတ်ဘူး။ ငါ့နှလုံးသားကိုထိနိုင်တဲ့ငါကြိုက်တဲ့ရှုခင်းအားလုံးကိုငါရေးဆွဲပေမယ့် ငါမကြိုက်ရင်တော့ အဲ့ပုံကိုငါမဆွဲပါဘူး၊ ငါ့စိတ်ကို ငါဘယ်တော့မှရောင်းမှာမဟုတ်ဘူး ” လို့ ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "အသက် ၇နှစ်ကတည်းကပင် ပန်းချီဆွဲလို့ရတဲ့ဝင်ငွေများဖြင့် မိဘအတွက် အိမ်တစ်လုံးဝယ်ပေးခဲ့တဲ့ ပန်းချီဆရာလေး"

Leave a comment

Your email address will not be published.


*