စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေပေးခဲ့တဲ့ ချစ်သူနဲ့လက်ထပ်ခဲ့ကြပြီဖြစ်တဲ့ ကမ္ဘာ့အမွေးအထူဆုံး မိန်းကလေး

ထိုင်းနိုင်ငံမှ တစ်ချိန်က ‘The World’s Hairiest Girl’ အမည်ဖြင့် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးဟာ ဤကမ္ဘာ၌စစ်မှန်တဲ့ချစ်ခြင်းမေတ္တာရှိနေသေးကြောင်းကို သက်သေပြပေးခဲ့ပါတယ်။ Ambras Syndrome (သို့) Werewolf Syndrome ဟုခေါ်သောအလွန်ရှားပါးတဲ့မျိုးရိုးဗီဇအခြေအနေကိုခံစားနေရသော်လည်း ဤမိန်းကလေးဟာ မကြာသေးမီက သူမ၏ခင်ပွန်းနှင့်လက်ထပ်ခဲ့ပြီး နောက်ဆုံးတွင် ပထမဆုံးအကြိမ်အဖြစ် သူမမျက်နှာပေါ်ကအမွှေးတွေကိာ ရိတ်ခဲ့ပါတယ်။ Abras Syndrome ဟာ hyperthricosis ပုံစံတစ်မျိုးဖြစ်ပြီး အကျိုးသက်ရောက်ခံရသူက ပုံမှန်ထက်အလွန်အကျွံဆံပင်ကြီးထွားမှုရှိနေစေပါတယ်။ ယခုသူမဟာ သူမရဲ့အချစ်စစ်ကိုတွေ့ပြီဆိုတဲ့ အသက် ၂၀ အရွယ် Supatra ‘Natty’ ‘Susuphan အမည်ရှိ သူမဟာ သူမရဲ့ facial hair အားလုံးကိုရိတ်ရန်ရွေးချယ်ခဲ့ပါတယ်။

Susuphan ဟာ မျိုးရိုးဗီဇအခြေအနေရှိသည်ဟု ၂၀၁၀ ခုနှစ်တွင် Guinness World Records မှ ပထမဆုံးဖော်ထုတ်ခဲ့တဲ့ ကမ္ဘာ့အမွှေးအထူဆုံးမိန်းကလေးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူမမျက်နှာတစ်ခုလုံး၊ နား၊ လက်များ၊ ခြေထောက်များနှင့်နောက်ကျောတို့တွင်ထူထဲတဲ့အမွှေးများရှိပါတယ်။ ယနေ့ထိ သူမ၏အခြေအနေအတွက် အဆုံးစွန်သောကုသမှုမျိုးမရှိသေးပါဘူး။

သူမဟာ ဆံပင်ကိုဖယ်ရှားဖို့လေဆာသုံးပြီးကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း Ambras Snydrome ရှိသူများဟာ မကြာခဏဆိုသလို“ ဝံပုလွေများ” ဟုတံဆိပ်တပ်ခံရပြီး လူမှုအသိုင်းအဝိုင်းမှရှောင်ဖယ်ခြင်းကိုခံခဲ့ရပါတယ်။

ကံကောင်းစွာနဲ့ Susuphan အတွက် သူမကျောင်းမှာ Wolf Girl နှင့် Chewbacca ကဲ့သို့နာမည်များရခဲ့ပေမဲ့လည်း သူမ၏မိသားစုနှင့်သူငယ်ချင်းများက သူမကိုအမြဲကျောထောက်နောက်ခံပေးခဲ့ပါတယ်။

အင်တာဗျူးတစ်ခုတွင် Susuphan က “ ကျွန်မကိုယ်ကျွန်မ အခြားသူတွေနဲ့မတူဘူးလို့တစ်ခါမခံစားခဲ့ရပါဘူး ၊ ကျောင်းမှာ သူငယ်ချင်းတွေအများကြီးရခဲ့တယ် ၊ အများနဲ့မတူဘဲ အမွေးတွေထူနေတာက ကျွန်မကို ထူးခြားစေတယ် ၊ ကျွန်မကို နောက်ပြောင်ပြီးမျောက်မျက်နှာလို့နောက်တဲ့လူတွေရှိပေမဲ့ ခုတော့ သူတို့ဆက်မလုပ်တော့ဘူး ၊ ကျွန်မ ဒီအခြေအနေနဲ့နေသားကျနေပြီ ၊ အမွေးတွေရှည်လာရင် တခါတလေကျ့ ဘားမှမမြင်ရတော့ဘူး ၊ အဲ့တာကြောင့် တစ်နေ့ တစ်ကြိမ်ရိတ်ရတော့မယ်ထင်တယ် ” ဟု ဆိုခဲ့ပါတယ်။

Susuphan ဟာ သူမ၏ခင်ပွန်းနှင့်လက်ထပ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူမရဲ့ခန္ဓာကိုယ်နှင့်မျက်နှာပေါ်ကအမွေးတွေကိုရိတ်ခဲ့ပါတယ်။ Susuphan က သူမခင်ပွန်းအတွက် သူမရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ “ ရှင်က ကျွန်မရဲ့ပထမဦးဆုံးအချစ်တင်မက ကျွန်မ့ဘဝရဲ့အချစ်ဆုံးသောသူဘဲ ” ဟု မျှဝေခဲ့ပြီးနောက် အင်တာနက်သုံးစွဲသူများက သူမအတွက် ဝမ်းသာခဲ့ကြပါတယ်။

ဒါက ဒီချစ်စရာကောင်းတဲ့စုံတွဲအတွက် ပျော်ရွှင်စရာအစပါပဲ။ Susuphan နှင့်သူမရဲ့ခင်ပွန်းတို့ဟာ တစ်ယောက်ကိုတစ်ယောက်ချွင်းချက်မရှိဆက်လက်ချစ်မြတ်နိုးကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေပေးခဲ့တဲ့ ချစ်သူနဲ့လက်ထပ်ခဲ့ကြပြီဖြစ်တဲ့ ကမ္ဘာ့အမွေးအထူဆုံး မိန်းကလေး"

Leave a comment

Your email address will not be published.


*