Netizen များစွာဟာ သားဖြစ်သူအား အရမ်းချစ်ပြီး ထောက်ပံ့မှုအပြည့်အဝပေးတဲ့အဖေတစ်ဦးကိုလေးစားချီးကျူးခဲ့ကြပါတယ်။ ထိုလူငယ်က လမ်းလျှောက်ရန်အခက်အခဲရှိနေလျှင်တောင်မှ ဖခင်ဖြစ်သူက ရွေ့လျားမှုအထောက်အပံ့ဖြင့်ပံ့ပိုးပေး၍ ဆရာများအတွက် လိုင်စင်စာမေးပွဲ (LET) ကိုဖြေရန် သားဖြစ်သူရဲ့ခြေထောက်များအဖြစ် ဖြစ်ပေးခဲ့ပါတယ်။ စာမေးပွဲဖြေနေတဲ့သားဖြစ်သူကို အပြင်၌ရပ်စောင့်နေခဲ့တဲ့ ဖခင်ဖြစ်သူကို တူညီတဲ့စာမေးပွဲလာဖြေတဲ့ Sheila Mae Estrañero Glor အမည်ရှိအမျိုးသမီးက သတိပြုမိသွားခဲ့ပါတယ်။
အစောပိုင်းမှာတော့ စာမေးပွဲလာဖြေဆိုသူက များပြားတိုးကြိတ်နေရတာကြောင့် သူမဟာ ဘာသာရပ်တစ်ခုဖြေဆိုပြီးနောက်မှ အဆိုပါဦးလေးကို မြင်ခဲ့ပါတယ်။ ထို့နောက်မှာ သူမက ဦးလေးအား စာမေးပွဲက မနက် ၆နာရီခွဲမှာဖြစ်ကြောင်း အသေးစိတ်ပြောပြပေးခဲ့ပါတယ်။
Sheila ရဲ့အဆိုအရ အဆိုပါဦးလေးဟာ သားဖြစ်သူကို အလွန်ပင် ပံ့ပိုးပေးတဲ့ဖခင်တစ်ဦးဖြစ်ပြီး သူဟာ အခန်းအပြင်ဘက်မှာရပ်စောင့်ရင်း ဖြတ်သွားဖြတ်လာတွေကိုလည်း ပပီတိဖြစ်စွာ ပြုံးပြနေခဲ့ပါတယ်။
Sheila ဟာ ည ၅နာရီခွဲမှာ ဖြေဆိုပြီးသွားခဲ့ပြီး အပြင်ထွက်လာတဲ့အခါ အဆိုပါဦးလေးက သူမအား သူ့သားကလည်း ဒီမှာစာမေးပွဲလာဖြေကြောင်း ပြောပြခဲ့ပြီး သူမကလည်း ဘယ်တစ်ယောက်လဲလို့မေးတဲ့အခါ ဦးလေးက ဂုဏ်ယူစွာနဲ့ wheelchair နဲ့တစ်ယောက်လို့ ပြောပြလိုက်ပါသေးတယ်။
ထို့ပြင် ဦးလေးက သားဖြစ်သူစာစသင်ကတည်းက သူကဘဲ အမြဲကြိုပို့လုပ်ပေးလာခဲ့ပြီး သားဖြစ်သူက LET စာမေးပွဲဖြေချင်တော့လည်း ဒီအထိလာပို့ပေးခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
“ငါ ငိုချင်သွားခဲ့တယ် ၊ သားသမီးတွေအတွက် အဖေနဲ့မိဘအားလုံးရဲ့အနစ်နာခံမှုကို ငါခံစားမိသွားတယ်၊ သူတို့က ပင်ပန်းနွမ်းနယ်တာဒါမှမဟုတ် စိတ်မရှည်တဲ့အလုပ်အားလုံးကိုလည်းလုပ်နိုင်တယ် ၊ ငါ့ရဲ့တနေ့တာဆုတောင်းခြင်းမှာ ဦးလေးကိုပါထည့်ပြီးဆုတောင်းပေးမယ် ၊ အဲ့ဒါက ဦးလေးကို အသက်ပိုရှည်စေပြီး ပိုမိုသန်မာတဲ့ခန္ဓာကိုယ်ကိုပေးသနားပါစေ ၊ ပြီးတော့ ဦးလေးရဲ့သားလည်း ဒီစာမေးပွဲကို အောင်မြင်ပါစေ ” ဟု Sheila က သူမရဲ့ကြည်နူးဖွယ်အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။
ထို့ပြင် Netizens များစွာကလည်း ဤဂုဏ်ယူနေတဲ့ဖခင်ဖြစ်သူရဲ့ရည်စူးချက်နှင့် သားအပေါ်ချစ်မြတ်နိုးမှုအတွက် အံ့သြနေခဲ့ကြရပါတယ်။
Mia (Mckzone daily)
Reference : rachfeed
Be the first to comment on "ကျောင်းဆရာဝင်ခွင့်စာမေးပွဲဖြေချင်တဲ့ ဝီးရှဲနှင့်သားဖြစ်သူရဲ့ဆန္ဒကို အပြည်အဝပံ့ပိုးပေးခဲ့တဲ့ ဖခင်ရဲ့ကြီးမားတဲ့မေတ္တာ"