မိသားစုအတွက်ရုန်းကန်လာခဲ့ရင်း အိမ်ထောင်သက်နှစ်ပေါင်း ၆၀ ကြာမှ ပထဆုံးအကြိမ်မင်္ဂလာဆောင်ဓာတ်ပုံများရိုက်ကူးခွင့်ရခဲ့တဲ့ ဇနီးမောင်နှံ

ထိုင်ဝမ်ရှိ Chiayi မြို့မှာ နေထိုင်တဲ့ အသက် ၈၃ နှစ်အရွယ် Ye Shang အမည်ရှိအမျိုးသား နဲ့ အသက် ၇၉ နှစ်အရွယ် Chen Zuli အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့မင်္ဂလာဆောင်ပွဲတုန်းက မင်္ဂလာဆောင်ဓာတ်ပုံများမရိုက်ယူခဲ့ရတာကို နောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုဇနီးမောင်နှံဟာ ၎င်းတို့ရဲ့အိမ်ထောင်သက်နှစ်ပေါင်း ၆၀ မှာ ၎င်းတို့ရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့နှင့် ၎င်းတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ဘဝကို အတူတကွမှတ်တမ်းတင်နိုင်ဖို့ စုံတွဲဓာတ်ပုံရိုက်ယူရန် အချိန်ကောင်းတစ်ခုလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Ye Shang ဟာ သူတို့စုံတွဲရဲ့လက်ထပ်ပွဲက အလွန်ပင်ရိုးရှင်းလွန်းခဲ့ပြီး ၎င်းပွဲကိုပြန်ကြည့်ဖို့ ဓာတ်ပုံတစ်ပုံမှမရှိကြောင်းနှင့် ဇနီးဖြစ်သူကိုလည်း လှပတဲ့မင်္ဂလာဆောင်ဂါဝန်လေးနဲ့အတူ ဓာတ်ပုံတွေအများကြီးရိုက်ပေးဖို့ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

Ye Shang ဟာ သူ့ဆန္ဒကိုဖြည့်ဆည်းရန် ဇနီးဖြစ်သူကို စတူဒီယိုသို့ခေါ်ဆောင်သွားခဲ့ပါတယ်။ ဇနီးဖြစ်သူ Zuli ဟာ အစပိုင်းမှာအလွန်ရှက်ကြောက်နေခဲ့ပြီး မိတ်ကပ်အနုပညာရှင်များနှင့်ဓာတ်ပုံဆရာများမှ အားပေးမှုနှင့် သူမခင်ပွန်းက အဝတ်လဲခန်းထဲသို့ဝင်လာပြီး သူတို့လပ်ထပ်တုန်းကလိုသူမကိုကြည့်ပြီး သူမလိုအပ်တဲ့အားပေးမှုကိုရရှိခဲ့ရတာကြောင့် သူမဟာ သတ္တိရှိလာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဇနီး Zuli ဟာ အဖြူရောင်မင်္ဂလာဆောင်ဂါဝန်ကို ၀တ်ထားပြီး သူမရဲ့ရှေ့မှာ တောက်ပကြည့်ကောင်းစွာ ရပ်တဲ့ခင်ပွန်းနဲ့အတူ ကင်မရာရှေ့ကိုလျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ၎င်းတို့လက်ထပ်ပြီးတဲ့အချိန်တုန်းက ၎င်းတို့စုံတွဲဟာ တည်ငြိမ်တဲ့အိမ်ထောင်စုကိုထိန်းသိမ်းရန်နှင့် ၎င်းတို့ရဲ့သားသမီးတွေကိုပြုစုပျိုးထောင်ဖို့အတွက်သာ တွေးတောမျှော်မှန်းခဲ့ရကြောင်း ဆိုခဲ့ပါတယ်။

အသက်အရွယ်ကြောင့် ဇနီးဖြစ်သူ Zuli ရဲ့ကျန်းမာရေးကလည်း ချို့တဲ့လာခဲ့ပြီး ယခုအခါ သူမဟာ ဘီးတပ်ကုလားထိုင်တစ်ခုကိုအားကိုးပြီး လှည့်ပတ်နေရပါတယ်။

Chinese Catholic Church ရဲ့ Catholic လူမှုဝန်ထမ်းဖောင်ဒေးရှင်းက ထိုစုံတွဲအား ဓာတ်ပုံရိုက်ရန် စီစဉ်ပေးခဲ့ပြီး ကျွမ်းကျင်မိတ်ကပ်ပညာရှင်၊နှင့် ဓာတ်ပုံဆရာကိုပင် ငှါးရမ်းပေးခဲ့ပါတယ်။

ကင်မရာရှေ့မှာ ဓာတ်ပုံအရိုက်ခံခဲ့ရတဲ့ ဇနီးမောင်နှံနှစ်ဦးတို့ရဲ့ဓာတ်ပုံက ပြောစရာမလိုအောင်ပြီးပြည့်စုံနေသလို ထိုရလဒ်များက သင့်အား အပြုံးတစ်ခုကို ဖြစ်ပေါ်လာစေမှာ အမှန်ပါဘဲ။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "မိသားစုအတွက်ရုန်းကန်လာခဲ့ရင်း အိမ်ထောင်သက်နှစ်ပေါင်း ၆၀ ကြာမှ ပထဆုံးအကြိမ်မင်္ဂလာဆောင်ဓာတ်ပုံများရိုက်ကူးခွင့်ရခဲ့တဲ့ ဇနီးမောင်နှံ"

Leave a comment

Your email address will not be published.


*