စုထားတဲ့ပိုက်ဆံဖြင့် မိခင်ဖြစ်သူရဲ့မွေးနေ့လက်ဆောင်အတွက် တပတ်ရစ်ဆိုင်မှာ ကိုယ်တိုင်သွားရွေးဝယ်ခဲ့ကြတဲ့ ကောင်လေးနှစ်ဦး

ဖိလစ်ပိုင်နိုင်ငံရှိ ukay ukay တပတ်ရစ်အထည်ဆိုင်တစ်ဆိုင်တွင် ၎င်းတို့မိခင်၏မွေးနေ့အတွက် လက်ဆောင်တစ်ခုဝယ်ပေးခဲ့ပြီးနောက် ကလေးနှစ်ယောက်ဟာ လူသိများသွားခဲ့ပါတယ်။ ၎င်းတို့ရဲ့ချိုမြိန်တဲ့အမူအရာက အင်တာနက်ပေါ်မှာ လူသိများသွားစေခဲ့ပြီး netizen တော်တော်များများက ဒီကလေးနှစ်ယောက်ဟာ ၎င်းတို့အမေကကောင်းကောင်းပြုစုပျိုးထောင်ပေးခဲ့တဲ့တကယ့်ကိုချစ်စရာကောင်းတဲ့ကလေးတွေလို့ဆိုခဲ့ကြပါတယ်။ များသောအားဖြင့် မိဘတွေဟာ ၎င်းတို့ရဲ့ကလေးတွေကို သေးငယ်တဲ့လက်ဆောင်လေးတွေအစပေးတတ်ကြပါတယ်။

သို့ပေမယ့် ငယ်ရွယ်တဲ့ကလေးတွေတောင်မှ ၎င်းတို့ရဲ့မိဘတွေကို လက်ဆောင်တွေပေးဖို့ငွေစုဖို့နှင့် လက်ဆောင်တွေကိုကိုယ်တိုင်ဝယ်ပေးဖို့ကို စဉ်းစားမိကြမှာမဟုတ်ပါဘူး။ အမေ့အတွက်လက်ဆောင်ဝယ်ပေးဖို့ တပတ်ရစ်အထည်ဆိုင်သို့သွားခဲ့တဲ့ဒီကောင်လေးနှစ်ယောက်ကတော့ အခြားသူများနှင့်မတူနေပါဘူး။

၎င်း Ukay ukay ဆိုင်ပိုင်ရှင် Sarah Alexandrea Daculap ဟာ နံနက်စောစောဆိုင်စောင့်နေရင်း ဆိုင်ထဲသို့ကောင်လေးနှစ်ယောက်ဝင်လာသည်ကိုသတိပြုမိသွားခဲ့ပြီး ၎င်းတို့ဟာ အမျိုးသမီးအဝတ်အစားတန်းမှ ဂါဝန်များရွေးနေသည်ကိုတွေ့တော့ သူမအံ့သဩသွားခဲ့ပါတယ်။

ထို့နောက် သူမက ၎င်းတို့နှစ်ယောက်အား ဘာလို့အမျိုးသမီးအဝတ်အစားကိုရွေးနေတာလဲလို့မေးတော့ အဆိုပါကောင်လေးနှစ်ယောက်က ၎င်းတို့ရဲ့အမေအတွက် လက်ဆောင်ဝယ်ပေးဖို့ ရွေးနေရခြင်းဖြစ်ပြီး ထိုနေ့က မိခင်ဖြစ်သူရဲ့မွေးနေ့ဖြစ်ကြောင်းပြန်ပြောပြလိုက်တော့ သူမဟာ အံ့ဩသွားခဲ့ရပါတယ်။

ထို့နောက် Sarah ကလည်း ကောင်လေးနှစ်ယောက်ရဲ့အမေအပေါ်ထားတဲ့စိတ်ထားလေးက ချစ်စရာကောင်းတယ်လို့သူမတွေးမိလိုကိတာကြောင့် ၎င်းတို့ရဲ့ဓာတ်ပုံကိုသူမရဲ့ Facebook acc တွင်တင်ပေးခဲ့ပါတယ်။

မကြာခင်မှာပဲ ၎င်း post ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်အသုံးပြုသူတော်တော်များများက ကောင်လေးနှစ်ဦးတို့ရဲ့ချိုမြိန်တဲ့အမူအရာအတွက်ချီးမွမ်းခဲ့ကြပါတယ်။ ၎င်း post ပျံ့နှံ့သွားပြီးနောက်ပိုင်းမှာ Meilyn Caca အမည်ရှိအမျိုးသမီးက သူမရဲ့ FB acc မှာ ဒီအကြောင်းကိုပြန်တင်ခဲ့ပါတယ်။ Meilyn ဟာ သိတတ်လွန်းတဲ့ကောင်လေးတွေထံမှလက်ဆောင်ရခဲ့တဲ့အမေဖြစ်ပါတယ်။

သို့ပေမယ့် ၎င်းတို့ထဲကတစ်ယောက်ကသူ့သားဖြစ်ပြီး ကျန်တစ်ယောက်က သူမရဲ့တူလေးသာဖြစ်ကြောင်း ပြန်ရှင်းပြခဲ့ပါတယ်။ ထို့ပြင် သူမက သူမအတွက် ကောင်လေးတွေဝယ်ပေးခဲ့တဲ့လက်ဆောင်ကို အံ့ဩသွားခဲ့ရပြီး ကောင်လေးတွေအတွက် င်္အကျီကောင်းကောင်းတစ်ထည်ကိုရွေးပေးခဲ့တဲ့အတွက် Sarah ကိုကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : rachfeed

Be the first to comment on "စုထားတဲ့ပိုက်ဆံဖြင့် မိခင်ဖြစ်သူရဲ့မွေးနေ့လက်ဆောင်အတွက် တပတ်ရစ်ဆိုင်မှာ ကိုယ်တိုင်သွားရွေးဝယ်ခဲ့ကြတဲ့ ကောင်လေးနှစ်ဦး"

Leave a comment

Your email address will not be published.


*