အသက္နဲ႔မလိုက္ေအာင္ဝေနတာေၾကာင့္ သခင္က ဝိတ္က်ေအာင္နည္းလမ္းမ်ိဳးစုံသုံးခဲ့ေပမဲ့ ဝိတ္မက်သြားဘဲပိုပိုၿပီးလုံးလာခဲ့တဲ့ ေၾကာင္ေလး

တစ္ႏွစ္သားအ႐ြယ္ Little P အမည္ရွိေၾကာင္တစ္ေကာင္ဟာ ေၾကာင္ငယ္ေလးတစ္ေကာင္ျဖစ္ေပမဲ့လည္း သူ႔ရဲ႕ကိုယ္အေလးခ်ိန္မွာ ၇ ကီလိုဂရမ္အထိရွိၿပီး သူ႔အစာအိမ္ကႀကီးမားလြန္းသျဖင့္ လုံးဝန္းတဲ့သူ႔ဗိုက္က ေျမႀကီးႏွင့္ထိလုနီးပါးျဖစ္ေနပါတယ္။ ဒါေၾကာင့္ Little P ရဲ႕သခင္က တစ္ေန႔လုံးစားရန္ႏွင့္အိပ္ရန္သာစိတ္ဝင္စားေနတဲ့ Little P အား ၂ လအတြင္းပိန္က်သြားေစမဲ့အစီအစဥ္တစ္ခုကိုစတင္ရန္ ဆုံးျဖတ္လိုက္ပါတယ္။ Little P ရဲ႕ကိုယ္အေလးခ်ိန္က်ဆင္းရန္ ေန႔စဥ္အစာစားသုံးမႈကိုေလွ်ာ့ခ်တဲ့အျပင္ Little P အား လမ္းေလွ်ာက္တဲ့ေလ့က်င့္ခန္းလုပ္႐ိုးလုပ္စဥ္မ်ားကိုပါျပဳလုပ္ေပးခဲ့ပါတယ္။ ပထမေတာ့ Little P က သူ႔ရဲ႕ေန႔စဥ္လုပ္႐ိုးလုပ္စဥ္အသစ္ျဖစ္တဲ့အျပင္မွာလမ္းေလွ်ာက္ထြက္တဲ့အခ်ိန္ေတြဆိုေပ်ာ္ေနတတ္ၿပီး ထိုအရာကို သူစိတ္ဝင္စားေၾကာင္းကိုျပသခဲ့ပါတယ္။

သို႔ေပမဲ့ အခ်ိန္အမ်ားစုမွာ ေျခလွမ္းအနည္းငယ္ေလာက္ပဲေလွ်ာက္လွမ္းသလို သူလမ္းေလွ်ာက္တာလုံေလာက္ၿပီလို႔ ကိုယ္တိုင္ဆုံးျဖတ္တတ္တဲ့ Little P ဟာ ေျမေပၚသို႔ပစ္လဲခ်ၿပီးထိုေနရာမွာတင္အနားယူတတ္ပါတယ္။ ထို႔ေၾကာင့္ ၂ လအၾကာ Little P အားပိန္ေစတဲ့အခ်ိန္ဇယားကၿပီးသြားခဲ့ေပမဲ့ မေအာင္ျမင္ဘဲၿပီးဆုံးသြားခဲ့ရၿပီး Little P ဟာ လုံးဝဝိတ္မက်တဲ့အျပင္ ပိုပိုၿပီးႀကီးလာခဲ့ပါတယ္။

တိုေတာင္းတဲ့အခ်ိန္ဇယားမွာ Little P ကမေအာင္ျမင္ခဲ့ေပမဲ့လည္း သခင္ျဖစ္သူက Little P အေပၚဘယ္ေတာ့မွလက္မေလ်ာ့ခဲ့သလို Little P အတြက္ ေလ့က်င့္ခန္းတစ္ခုခုလုပ္ဖို႔အၿမဲေတြးေနခဲ့သလို Little P အတြက္ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်မဲ့နည္းလမ္းသစ္မ်ားကိုလည္းရွာေဖြေနဆဲျဖစ္ပါတယ္။ ေကာင္းမြန္စားေကာင္းတဲ့အစာကို ဘယ္သူကမွမခုခံႏိုင္ၾကပါဘူး။ Little P ဟာ အမွန္ပင္ခ်စ္စရာေကာင္းေပမဲ့ အဝလြန္တာက သူ႔က်န္းမာေရးအႏၲရာယ္ေတြျဖစ္လာမွာကိုအလြန္စိုးရိမ္တာေၾကာင့္ သူ႔သခင္က သူ႔ကိုဝိတ္က်သြားဖို႔ကူညီခ်င္ၿပီး ဘာပဲျဖစ္ျဖစ္ Little P ေလးကို အေကာင္းဆုံးျဖစ္ေစခ်င္ပုံရပါတယ္။

.

.

.

.

.

.

.

.

Mia (Mckzone daily)

Reference : goodtimes

Unicode

တစ်နှစ်သားအရွယ် Little P အမည်ရှိကြောင်တစ်ကောင်ဟာ ကြောင်ငယ်လေးတစ်ကောင်ဖြစ်ပေမဲ့လည်း သူ့ရဲ့ကိုယ်အလေးချိန်မှာ ၇ ကီလိုဂရမ်အထိရှိပြီး သူ့အစာအိမ်ကကြီးမားလွန်းသဖြင့် လုံးဝန်းတဲ့သူ့ဗိုက်က မြေကြီးနှင့်ထိလုနီးပါးဖြစ်နေပါတယ်။ ဒါကြောင့် Little P ရဲ့သခင်က တစ်နေ့လုံးစားရန်နှင့်အိပ်ရန်သာစိတ်ဝင်စားနေတဲ့ Little P အား ၂ လအတွင်းပိန်ကျသွားစေမဲ့အစီအစဉ်တစ်ခုကိုစတင်ရန် ဆုံးဖြတ်လိုက်ပါတယ်။ Little P ရဲ့ကိုယ်အလေးချိန်ကျဆင်းရန် နေ့စဉ်အစာစားသုံးမှုကိုလျှော့ချတဲ့အပြင် Little P အား လမ်းလျှောက်တဲ့လေ့ကျင့်ခန်းလုပ်ရိုးလုပ်စဉ်များကိုပါပြုလုပ်ပေးခဲ့ပါတယ်။ ပထမတော့ Little P က သူ့ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်အသစ်ဖြစ်တဲ့အပြင်မှာလမ်းလျှောက်ထွက်တဲ့အချိန်တွေဆိုပျော်နေတတ်ပြီး ထိုအရာကို သူစိတ်ဝင်စားကြောင်းကိုပြသခဲ့ပါတယ်။

သို့ပေမဲ့ အချိန်အများစုမှာ ခြေလှမ်းအနည်းငယ်လောက်ပဲလျှောက်လှမ်းသလို သူလမ်းလျှောက်တာလုံလောက်ပြီလို့ ကိုယ်တိုင်ဆုံးဖြတ်တတ်တဲ့ Little P ဟာ မြေပေါ်သို့ပစ်လဲချပြီးထိုနေရာမှာတင်အနားယူတတ်ပါတယ်။ ထို့ကြောင့် ၂ လအကြာ Little P အားပိန်စေတဲ့အချိန်ဇယားကပြီးသွားခဲ့ပေမဲ့ မအောင်မြင်ဘဲပြီးဆုံးသွားခဲ့ရပြီး Little P ဟာ လုံးဝဝိတ်မကျတဲ့အပြင် ပိုပိုပြီးကြီးလာခဲ့ပါတယ်။

တိုတောင်းတဲ့အချိန်ဇယားမှာ Little P ကမအောင်မြင်ခဲ့ပေမဲ့လည်း သခင်ဖြစ်သူက Little P အပေါ်ဘယ်တော့မှလက်မလျော့ခဲ့သလို Little P အတွက် လေ့ကျင့်ခန်းတစ်ခုခုလုပ်ဖို့အမြဲတွေးနေခဲ့သလို Little P အတွက်ကိုယ်အလေးချိန်လျှော့ချမဲ့နည်းလမ်းသစ်များကိုလည်းရှာဖွေနေဆဲဖြစ်ပါတယ်။ ကောင်းမွန်စားကောင်းတဲ့အစာကို ဘယ်သူကမှမခုခံနိုင်ကြပါဘူး။ Little P ဟာ အမှန်ပင်ချစ်စရာကောင်းပေမဲ့ အဝလွန်တာက သူ့ကျန်းမာရေးအန္တရာယ်တွေဖြစ်လာမှာကိုအလွန်စိုးရိမ်တာကြောင့် သူ့သခင်က သူ့ကိုဝိတ်ကျသွားဖို့ကူညီချင်ပြီး ဘာပဲဖြစ်ဖြစ် Little P လေးကို အကောင်းဆုံးဖြစ်စေချင်ပုံရပါတယ်။

Mia (Mckzone daily)

Be the first to comment on "အသက္နဲ႔မလိုက္ေအာင္ဝေနတာေၾကာင့္ သခင္က ဝိတ္က်ေအာင္နည္းလမ္းမ်ိဳးစုံသုံးခဲ့ေပမဲ့ ဝိတ္မက်သြားဘဲပိုပိုၿပီးလုံးလာခဲ့တဲ့ ေၾကာင္ေလး"

Leave a comment

Your email address will not be published.


*