ထူးျခားသြားေအာင္ သားျဖစ္သူရဲ႕ေမြးေန႔ကိတ္ေပၚမွာ သူ႔အတန္းေဖာ္မ်ားရဲ႕မ်က္ႏွာပုံတူမ်ားျဖင့္ကိုယ္တိုင္ဖန္တီးျပဳလုပ္ေပးခဲ့တဲ့ မိခင္

ကေလးေတြအတြက္ေမြးေန႔ပါတီလုပ္ေပးႏိုင္ဖို႔အတြက္ မိဘမ်ားက စိတ္ဖိစီးခံၿပီးအထူးသလည္လုပ္ေပးဖို႔မလိုအပ္ပါဘူး။ ခုလည္း ဆန္းသစ္စြာတီထြင္ဖန္တီးတတ္တဲ့မိခင္တစ္ဦးဟာ သူမရဲ႕အႏုပညာဆန္တဲ့အျခားဘက္ျခမ္းျဖင့္ သားျဖစ္သူရဲ႕ေမြးေန႔ပြဲကို ျပဳလုပ္ေပးခဲ့ပါတယ္။ မၾကာေသးမီက မိခင္တစ္ဦးဟာ သူမ၏သားအတြက္သာမက သားျဖစ္သူရဲ႕အတန္းေဖာ္မ်ားအတြက္ပါ အဓိပၸါယ္ရွိတဲ့ေမြးေန႔ပြဲတစ္ခုကိုက်င္းပေပးႏိုင္ခဲ့ပါတယ္။ အဆိုပါမိခင္ဟာ သားျဖစ္သူရဲ႕အတန္းေဖာ္မ်ားရဲ႕မ်က္ႏွာပုံမ်ားပါဝင္တဲ့သားျဖစ္သူရဲ႕ေမြးေန႔ကိတ္ကိုအလွဆင္ရန္ အလြန္စဥ္းစားခဲ့ရၿပီး ဖန္တီးမႈပုံစံတစ္မ်ိဳးျဖင့္ျပဳလုပ္ေပးခဲ့ပါတယ္။ ပိုစိတ္ဝင္စားဖို႔ေကာင္းတာက မိခင္ျဖစ္သူဟာ ၎ကိတ္မုန႔္ကို သူမကိုယ္တိုင္ဂ႐ုတစိုက္ ျပဳလုပ္အလွဆင္ခဲ့ပါတယ္။

ထို႔ျပင္ မိခင္ျဖစ္သူဟာ သားျဖစ္သူရဲ႕အတန္းေဖာ္မ်ားရဲ႕မ်က္ႏွာမ်ားပုံတစ္ခုခ်င္းစီရဲ႕ေအာက္ေျခမွာ ၎တို႔ရဲ႕နာမည္အသီးသီးျဖင့္ ေရးဆြဲေပးခဲ့ပါေသးတယ္။ သူမရဲ႕လက္ရာမ်ားက ႐ိုးရွင္းတဲ့ပုံမ်ားႏွင့္အေပ်ာ္တမ္းလုပ္ၾကည့္ႏိုင္ေသာ္လည္း သူမရဲ႕သားႏွင့္သားျဖစ္သူရဲ႕အတန္းေဖာ္မ်ားအား ေမြးေန႔ကိတ္မုန႔္ေပၚတြင္ ၎တို႔၏မ်က္ႏွာကိုျမင္ရျခင္းအတြက္ စိတ္လႈပ္ရွားေစရန္လုံေလာက္ေနေစပါတယ္။ မိခင္ျဖစ္သူဟာ သားျဖစ္သူရဲ႕အတန္းေဖာ္တစ္ဦးခ်င္း စီ၏ထူးျခားတဲ့မ်က္မွန္ပုံမ်ားႏွင့္ဆံပင္ပုံစံမ်ားကဲ့သို႔ပင္ အေသးစိတ္အခ်က္မ်ားကိုပါ ထည့္သြင္းပုံေဖာ္ေပးခဲ့ပါေသးတယ္။

အဆုံးသတ္ရလဒ္ကလည္း ေက်ာင္းသားမ်ားထံမွအံ့ဩဖြယ္တုံ႔ျပန္မႈကိုရရွိခဲ့မွာ အေသအခ်ာပါဘဲ။ ၎ေမြးေန႔ကိတ္မုန႔္စိတ္ကူးကို အေမျဖစ္သူကကိတ္မုန႔္ဓာတ္ပုံမ်ားျဖင့္ လူမႈကြန္ရက္ေပၚတြင္တင္ခဲ့ၿပီးေနာက္ လူအမ်ားက သူမရဲ႕ဖန္တီးအားထုတ္မႈကိုလည္း ခ်ီးက်ဴးခဲ့ၾကပါတယ္။ ေက်ာင္းသားမ်ားရဲ႕ကိုယ္စားျပဳမ်က္ႏွာအေနအထားႏွင့္စတိုင္မ်ားအတိုင္းလိုက္ဆြဲရန္မလြယ္ကူေပမဲ့ အဆိုပါမိခင္ျဖစ္သူဟာ ခ်စ္စဖြယ္ေကာင္းသလို မစားရက္ခ်င္စရာေကာင္းေလာက္တဲ့အထိအစြမ္းကုန္ဖန္တီးေပးခဲ့ပံုရပါတယ္။

Mia (Mckzone daily)

Reference : gtgoodtimes

Unicode

ကလေးတွေအတွက်မွေးနေ့ပါတီလုပ်ပေးနိုင်ဖို့အတွက် မိဘများက စိတ်ဖိစီးခံပြီးအထူးသလည်လုပ်ပေးဖို့မလိုအပ်ပါဘူး။ ခုလည်း ဆန်းသစ်စွာတီထွင်ဖန်တီးတတ်တဲ့မိခင်တစ်ဦးဟာ သူမရဲ့အနုပညာဆန်တဲ့အခြားဘက်ခြမ်းဖြင့် သားဖြစ်သူရဲ့မွေးနေ့ပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။ မကြာသေးမီက မိခင်တစ်ဦးဟာ သူမ၏သားအတွက်သာမက သားဖြစ်သူရဲ့အတန်းဖော်များအတွက်ပါ အဓိပ္ပါယ်ရှိတဲ့မွေးနေ့ပွဲတစ်ခုကိုကျင်းပပေးနိုင်ခဲ့ပါတယ်။ အဆိုပါမိခင်ဟာ သားဖြစ်သူရဲ့အတန်းဖော်များရဲ့မျက်နှာပုံများပါဝင်တဲ့သားဖြစ်သူရဲ့မွေးနေ့ကိတ်ကိုအလှဆင်ရန် အလွန်စဉ်းစားခဲ့ရပြီး ဖန်တီးမှုပုံစံတစ်မျိုးဖြင့်ပြုလုပ်ပေးခဲ့ပါတယ်။ ပိုစိတ်ဝင်စားဖို့ကောင်းတာက မိခင်ဖြစ်သူဟာ ၎င်းကိတ်မုန့်ကို သူမကိုယ်တိုင်ဂရုတစိုက် ပြုလုပ်အလှဆင်ခဲ့ပါတယ်။

ထို့ပြင် မိခင်ဖြစ်သူဟာ သားဖြစ်သူရဲ့အတန်းဖော်များရဲ့မျက်နှာများပုံတစ်ခုချင်းစီရဲ့အောက်ခြေမှာ ၎င်းတို့ရဲ့နာမည်အသီးသီးဖြင့် ရေးဆွဲပေးခဲ့ပါသေးတယ်။ သူမရဲ့လက်ရာများက ရိုးရှင်းတဲ့ပုံများနှင့်အပျော်တမ်းလုပ်ကြည့်နိုင်သော်လည်း သူမရဲ့သားနှင့်သားဖြစ်သူရဲ့အတန်းဖော်များအား မွေးနေ့ကိတ်မုန့်ပေါ်တွင် ၎င်းတို့၏မျက်နှာကိုမြင်ရခြင်းအတွက် စိတ်လှုပ်ရှားစေရန်လုံလောက်နေစေပါတယ်။ မိခင်ဖြစ်သူဟာ သားဖြစ်သူရဲ့အတန်းဖော်တစ်ဦးချင်း စီ၏ထူးခြားတဲ့မျက်မှန်ပုံများနှင့်ဆံပင်ပုံစံများကဲ့သို့ပင် အသေးစိတ်အချက်များကိုပါ ထည့်သွင်းပုံဖော်ပေးခဲ့ပါသေးတယ်။

အဆုံးသတ်ရလဒ်ကလည်း ကျောင်းသားများထံမှအံ့ဩဖွယ်တုံ့ပြန်မှုကိုရရှိခဲ့မှာ အသေအချာပါဘဲ။ ၎င်းမွေးနေ့ကိတ်မုန့်စိတ်ကူးကို အမေဖြစ်သူကကိတ်မုန့်ဓာတ်ပုံများဖြင့် လူမှုကွန်ရက်ပေါ်တွင်တင်ခဲ့ပြီးနောက် လူအများက သူမရဲ့ဖန်တီးအားထုတ်မှုကိုလည်း ချီးကျူးခဲ့ကြပါတယ်။ ကျောင်းသားများရဲ့ကိုယ်စားပြုမျက်နှာအနေအထားနှင့်စတိုင်များအတိုင်းလိုက်ဆွဲရန်မလွယ်ကူပေမဲ့ အဆိုပါမိခင်ဖြစ်သူဟာ ချစ်စဖွယ်ကောင်းသလို မစားရက်ချင်စရာကောင်းလောက်တဲ့အထိအစွမ်းကုန်ဖန်တီးပေးခဲ့ပံုရပါတယ်။

Mia (Mckzone daily)

Be the first to comment on "ထူးျခားသြားေအာင္ သားျဖစ္သူရဲ႕ေမြးေန႔ကိတ္ေပၚမွာ သူ႔အတန္းေဖာ္မ်ားရဲ႕မ်က္ႏွာပုံတူမ်ားျဖင့္ကိုယ္တိုင္ဖန္တီးျပဳလုပ္ေပးခဲ့တဲ့ မိခင္"

Leave a comment

Your email address will not be published.


*