ခင်ပွန်းဖြစ်သူနဲ့ ဖဲကတ်ဆော့ကစားနေရင်း မေးရိုးလွှဲသွားတဲ့အထိ ရယ်မောမိခဲ့တဲ့ အမျိုးသမီးအဖြစ်

ရယ်မောခြင်းဟာ အကောင်းဆုံးသောဆေးတစ်လက်ဖြစ်တယ်လို့ဆိုကြပါတယ်။ သို့ပေမဲ့ ကံဆိုးအကြောင်းမလှတဲ့စုံတွဲတစ်တွဲအတွက်မူ ၎င်းတို့ထဲမှတစ်ဦးဟာ ဆေးကုသမှုခံယူရန်ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ခံခဲ့ရပါတယ်။ Mrs. Qiao အမည်ရှိအမျိုးသမီးနှင့် သူမရဲ့ခင်ပွန်းတို့ဟာ တရုတ်နိုင်ငံ Nanning မြို့မှ Shandong ပြည်နယ် Qingdao မြို့သို့ ၂၈ နာရီကြာရှည်လျားတဲ့မီးရထားခရီးစဉ်ဖြင့် သွားခဲ့ကြပါတယ်။ ထို့နောက် အသွားခရီးစဉ်အတွင်း ၎င်းတို့ဇနီးမောင်နှံဟာ ပျင်းရိလာတာကြောင့် စိတ်အပန်းပြေစေရန် နှစ်ယောက်သား ဖဲကတ်များကိုစတင်ကစားခဲ့ကြပါတယ်။ ၎င်းတို့ဟာ ကတ်ကစားရင်း ဇနီးသည်ရဲ့ပါးစပ်အတွင်းမှ ‘pop ’ ဆိုတဲ့အသံမျိုးမကြားမချင်းအထိက အဆင်ပြေနေခဲ့ကြပါတယ်။

.

သို့ပေမဲ့ ၎င်းကဲ့သို့အသံထွက်လာပြီးနောက်မှာ ဇနီးဖြစ်သူဟာ သူမရဲ့မေးရိုးက ၎င်းရဲ့နေရာမှာရှိမနေဘဲ နေရာလွှဲသွာသလိုဖြစ်သွားခဲ့သလို လှုပ်ရှားလို့လည်းမရတော့ပါဘူး။ Daily Mail ရဲ့အဆိုအရ ခင်ပွန်းဖြစ်သူက သူမရဲ့အဖြစ်အပျက်တစ်ခုလုံးကိုပြန်ပြောပြခဲ့တာကြောင့် Mrs. Qiao ဟာ သူမက အနိုင်ရတဲ့ဘက်မှာရှိနေခဲ့စဉ် ကစားပွဲတစ်လျှောက်လုံးမှာ ပျော်ရွှင်စွာ ရယ်မောအော်ဟစ်နေခဲ့ပါတယ်။ သူမဟာ ၎င်းကစားပွဲအတွင်း သူမအတွက် ကောင်းမွန်တဲ့ကတ်တစ်ခုကိုဆွဲထုတ်နိုင်တဲ့အချိန်တိုင်းမှာ အပျော်လွန်စိတ်လှုပ်ရှားနေတဲ့သူမရဲ့အော်ရယ်သံကလည်း အထင်းသားကြီးဖြစ်နေခဲ့ပါတယ်။

.

Mrs.Qiao ဟာ သူမရဲ့စိတ်လှုပ်ရှားမှုကိုမထိန်းချုပ်နိုင်ဘဲသူမရဲ့ကံကိုထုတ်ကြွားရန် သူမရဲ့ပါးစပ်ကိုကျယ်ကျယ်ဖွင့်ရင်း ရယ်မောခဲ့သော်လည်း အဆုံးမှာ သူမကိုယ်သူမအားနာကျင်သွားစေခဲ့ပါတယ်။ သူမဟာ ပြင်းထန်တဲ့နာကျင်မှုဝေဒနာကိုခံစားနေရပြီး ခင်ပွန်းသည်အား မီးရထားဝန်ထမ်းများအား အကူအညီတောင်းခံရန် အကူအညီတောင်းဆိုခဲ့ရပါတယ်။ ကျေးဇူးတင်စရာကောင်းတာက ၎င်းတို့ဟာ Guilin မြို့ရှိအနီးဆုံးဆေးရုံသို့ ရထားအမြန်မောင်းဖို့သဘောတူခဲ့ပါတယ်။ ၎င်းသို့ရောက်တဲ့အခါ ကျန်းမာရေးဝန်ထမ်းတွေက သူမကိုအဆင့်သင့်စောင့်နေခဲ့ကြပါတယ်။ ထို့နောက် သူမ၏အခြေအနေပြင်းထန်မှုကိုစစ်ဆေးရန်အမြန်အကဲဖြတ်ခဲ့ကြရပါတယ်။

.

အဲဒီနောက်မှာတော့ အဆိုပါသက်လတ်ပိုင်းအမျိုးသမီးကို ဆေးရုံမှာနောက်ထပ်ကုသမှုခံယူဖို့ခေါ်ဆောင်သွားခဲ့ကြရပြီး နောက်နှစ်နာရီအကြာတွင် သူမရဲ့နေရာလွှဲသွားတဲ့မေးရိုးကိုနောက်ဆုံးတွင် ပြန်လည်နေရာချပေးနိုင်ခဲ့ပါတယ်။ ထို့နောက် ၎င်း အသက် ၄၀ ကျော်အရွယ်စုံတွဲဟာ အချိန်မီကူညီပေးမှုအတွက် ရထားစီမံခန့်ခွဲမှုကိုကျေးဇူးတင်ခဲ့ကြပြီး ၎င်းတို့ခရီးကိုဆက်သွားမလား ဒါမှမဟုတ် မတော်တဆဖြစ်ရပ်ဖြစ်ပြီးနောက်အိမ်ကိုဘဲပြန်ကြမလားဆိုတာကိုတော့ သေချာစွာမသိခဲ့ရပါဘူး။ ကျွန်တော်တို့သိလိုက်တဲ့အဖြစ်အပျက်ကမနှစ်မြို့ဖွယ်ကောင်းပေမယ့် ၎င်းက ၎င်းတို့ဇနီးမောင်နှံတို့ရဲ့ဘ၀တစ်သက်လုံးအတွက်အမှတ်ရစေမယ့်ခရီးတစ်ခုဖြစ်သွားစေခဲ့မှာအမှန်ပါဘဲ။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "ခင်ပွန်းဖြစ်သူနဲ့ ဖဲကတ်ဆော့ကစားနေရင်း မေးရိုးလွှဲသွားတဲ့အထိ ရယ်မောမိခဲ့တဲ့ အမျိုးသမီးအဖြစ်"

Leave a comment

Your email address will not be published.


*