ကျောင်းမသွားချင်လို့ ခန္ဓာကိုယ်တစ်ခုလုံးကို အနီရောင် marker ဖြင့်အစက်အပြောက်များဆွဲထားခဲ့တဲ့ ကလေးမလေးရဲ့ရယ်စရာအဖြစ်

အသက် ၆ နှစ်အရွယ်ကျောင်းသူလေးတစ်ဦး ဟာ သူမအနေနဲ့ ကျောင်းပျက်ဖို့ အထက်မြက်ဆုံးသောအကြံအစည်တစ်ခုကိုတီထွင်ခဲ့သည်ဟုထင်ခဲ့သော်လည်း သူမ၏အကြံအစည်ဟာ သူမထင်ထားတာထက် အခြေအနေပိုဆိုးသွားခဲ့ပါတယ်။ အဆိုပါ Lily Schooley အမည်ရှိကလေးမလေးဟာ တစ်နေ့မှာ စာလုံးပေါင်းစစ်ဖြေရန်အတွက်အဆင်သင့်မဖြစ်သေးတာကြောင့် သူမဟာကျောင်းမသွားချင်နေခဲ့ပါဘူး။ သူမသူငယ်ချင်းအချို့ကလည်း ဖျားနာမှုကြောင့် ကျောင်းပျက်ကွက်နေသည်ကိုမြင်ပြီးနောက် Lily ဟာ သူမလည်း ကျောင်းပျက်နိုင်ဖို့ကျော်အတွက် တူညီတဲ့ဆင်ခြေကို သုံးနိုင်မယ်လို့ တွေးထားခဲ့ပုံရပါတယ်။ Lily ရဲ့မိခင် Charlotte Schooley က “ ကျောင်းကကလေးတွေထဲက တစ်ချို့က ရေကျောက်ပေါက်လို့ဆိုကျောင်းပျက်ကြတယ်၊ Lily လည်း အရင်က ဖြစ်ဖူးတယ် ၊ ဒါကြောင့် သူက အဲ့လိုဖြစ်ရင် ကျောင်းပျက်ရမှာကိုသိနေတယ် ” ဟု ပြောကြားခဲ့ပါတယ်။

အဲဒီနောက် Lily ဟာ အနီရောင် Sharpie Pen ကိုယူပြီး ၎င်းက သူ့အိမ်စာအတွက်လိုအပ်ကြောင်း ပြောကာ အပေါ်ထပ်သို့ထပ်သွားခဲ့ပါတယ်။ ၁၀ မိနစ်အကြာမှာတော့ Lily ဟာ အောက်ထပ်သို့ပြေးဆင်းလာပြီး သူမလည်း ရေကျောက်ပေါက်နေတယ်လို့ မိဘများအား ပြောခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ သူမရဲ့မိဘတွေဟာ ၎င်းတို့ရဲ့ဥာဏ်နီဥာဏ်နက်များတဲ့သမီးလေးကဘာလုပ်နေခဲ့တယ်ဆိုတာကိုမြင်ခဲ့ကြတာကြောင့် မိဘများက ၎င်းတို့ရဲ့ရယ်ချင်စိတ်ကို မနည်းချုပ်ထိန်းထားခဲ့ကြပြီး နောက်ပိုင်းမှာ သူမအား ဆရာဝန်ဆီခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်။

ထို့နောက် အခြားကလေးများနည်းတူ Lily ဟာ ဆရာဝန်ဆီသို့သွားရတာကိုအလွန်ဝါသနာမပါတာကြောင့် သူမတစ်ကိုယ်လုံး၌ဆွဲထားတဲ့အနီရောင်အစက်များကိုအမြန်ပွတ်တိုက်ရန် ကြိုးစားခဲ့ပါတယ်။

သို့ပေမဲ့ Lily ဟာ သူမသုံးခဲ့တဲ့ အနီရောင် pen က ဖျက်ရခက်တဲ့ permanent marker pen ဖြစ်နေမှန်းကိုမသိခဲ့တာကြောင့် ၎င်းအနီစက်တွေက ပျောက်မသွားခဲ့ပါဘူး။ ထို့ပြင် သူမက အနီစက်တွေကို ဆပ်ပြာ၊ ဆီ၊ ခန္ဓာကိုယ်သန့်ရှင်းရေးနှင့်ဆံပင်ဖြန်းဆေးတို့ဖြင့်ပင်ဆေးခဲ့သော်လည်းပျောက်မသွားခဲ့ပါဘူး။ သို့သော် သူမအတွက် သင်ခန်းစာက ထိုမျှနှင့်မရပ်ခဲ့ပါဘူး။ နောက်တစ်နေ့တွင် Lily ဟာ ကျောင်းသွားခဲ့ရပြီး သူမ၏အနီရောင်အစက်တွေက ကူးစက်တတ်တဲ့ရောဂါမဟုတ်ကြောင်း သူမရဲ့သူငယ်ချင်းများအားရှင်းပြခဲ့ရပြန်ပါတယ်။

“ အဲဒီနေ့က PE အတန်းပါတော့ သူမက ဘောင်းဘီတိုနဲ့တီရှပ်တွေကိုဝတ်ခဲ့ရတယ် ၊ အဲ့တာနဲ့ ဆရာတွေက သူမကိုရယ်မောနေခဲ့ကြတယ်” ဟု မိခင် Charlotte က ပြောကြားခဲ့ပါတယ်။ ကံကောင်းစွာပဲ Lily အတွက် အဖြစ်အပျက်ကကြာသပတေးနေ့ညမှာဖြစ်ခဲ့တာမို့ သူမဟာ အနီရောင်အစက်တွေနှင့်ကျောင်းကို တစ်ရက်သာသွားခဲ့ရပါတယ်။

ထိုအဖြစ်အပျက်ဟာ ကလေးမလေးအတွက် အတော်လေးရှက်စရာကောင်းသော်လည်း မိခင် Charlotte က ၎င်းလှည့်ကွက်ဟာ Lily ဆွဲထုတ်ရန်နောက်ဆုံးကျန်တဲ့လှည့်ကွက်ဖြစ်မှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ကျောင်းမသွားချင်လို့ ခန္ဓာကိုယ်တစ်ခုလုံးကို အနီရောင် marker ဖြင့်အစက်အပြောက်များဆွဲထားခဲ့တဲ့ ကလေးမလေးရဲ့ရယ်စရာအဖြစ်"

Leave a comment

Your email address will not be published.


*