အချိန်အတော်ကြာ ရွှံ့ထဲမှာနစ်နေတဲ့သားပိုက်ကောင်ကို လျင်မြန်စွာ ကယ်ထုတ်ပေးနိုင်ခဲ့ကြတဲ့ ဆယ်ကျော်သက်နှစ်ဦး



Mia (Mckzone daily)

Reference : goodtimes

Unicode

ဩစတေးလျနိုင်ငံရှိ အသက် ၁၉ နှစ်အရွယ် Nick Heath အမည်ရှိကောင်လေး နှင့် ရွယ်တူ Jack Donnelly အမည်ရှိကောင်လေးနှစ်ဦးတို့ဟာ Nepean မြစ်ကမ်းအနီး၌ ဆိုင်ကယ်ဖြတ်မောင်းနေစဉ် ရွှံ့ထဲမှာနစ်ပြီး ဒုက္ခရောက်နေဟန်တူတဲ့တိရိစ္ဆာန်တစ်ကောင်ကို တွေ့လိုက်ရပြီးနောက် ထိုတိရိစ္ဆာန်အတွက် စိတ်ပူသွားခဲ့ကြပါတယ်။ ထိုဆယ်ကျော်သက်ကောင်လေးနှစ်ယောက်တို့ဟာ ရွှံ့ထဲမှာနစ်နေတာကြာနေပုံရပြီဖြစ်တဲ့ထိုသားပိုက်ကောင်အား ကယ်တင်ရန် အလွန်ပင် ဆိုးရွားစွာဆန္ဒရှိခဲ့ပေမဲ့လည်း ၎င်းသားပိုက်ကောင်ရှိရာနေရာထိကို ၎င်းတို့လက်လှမ်းမမီခဲ့ပါဘူး။ ထို့ကြောင့် ၎င်းတို့နှစ်ဦးလုံးက ၎င်းတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်ကိုစတင်ထမ်းဆောင်ဖို့အတွက် အိမ်သို့အမြန်ပြန်ခဲ့ကြပြီး ကြိုးအရှည်တစ်ချောင်းနဲ့ပြန်လာခဲ့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။

ကောင်လေးတစ်ယောက်က သူ့ရဲ့ခါးမှာကြိုးတစ်ချောင်းကိုချည်နှောင်ပြီး ထိုသားပိုက်ကောင်ထံသို့ရောက်ရှိရန် ရွှံ့နွံထဲကိုဖြတ်ကူးပြီး နောက်တစ်ယောက်က ထိုကြိုးကို အနောက်ကနေမြဲမြံစွာဆုပ်ကိုင်ထားရင်း နောက်ဆုံးမှာ သားပိုက်ကောင်ကိုကယ်တင်န်ုင်ခဲ့ကြပါတယ်။ ” အဲ့ဒီသားပိုက်ကောင်ရဲ့အသက်က ကျွန်တော်တို့အပေါ်မူတည်နေတာကြောင့် ကျွန်တော်တို့ရဲ့လက်မောင်းနဲ့ခြေထောက်ကိုအားကုန်သုံးပြီး အဲ့သားပိုက်ကောင်ကိုကယ်တင်ခဲ့ကြတယ် ၊ သားပိုက်ကောင်က အဲဒီနေရာမှာ ရေသွားရှာတာလို့ ကျွန်တော်တို့ကထင်တာဘဲ၊ ရွှံ့တွေအရမ်းများတဲ့အတွက် သူအဲဒီနေရာမှာနစ်သွားခဲ့ပုံရတယ် ၊ဒါက တော်တော်လေး မျိုးချစ်စိတ်ရှိတဲ့အရာဖြစ်ပြီး ကျွန်တော်တို့လုပ်ခဲ့တာတွေအတွက် ကိုယ်တိုင်ဂုဏ်ယူနေမိတယ် ၊ ကျွန်တော်တို့ နောက်ထပ်ဒီလိုအဖြစ်မျိုးနဲ့ထပ်ကြုံတွေ့ရရင်လဲ ကျွန်တော်တို့ဒီလိုဘဲထပ်လုပ်မှာပါ ” လို့ Jack က ဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "အချိန်အတော်ကြာ ရွှံ့ထဲမှာနစ်နေတဲ့သားပိုက်ကောင်ကို လျင်မြန်စွာ ကယ်ထုတ်ပေးနိုင်ခဲ့ကြတဲ့ ဆယ်ကျော်သက်နှစ်ဦး"

Leave a comment

Your email address will not be published.


*