ဘဝရဲ့အခက်ခဲဆုံးအချိန်များတစ်လျှောက် ဘွဲ့ရသည်ထိ အနားမှာအတူရှိပေးခဲ့တဲ့ချစ်သူရဲ့အကြောင်းကိုကြည်နူးဖွယ်မျှဝေခဲ့တဲ့ အမျိုးသား

Danniel Tubal အမည်ရှိအမျိုးသားတစ်ဦးဟာ သူ့ဘဝရဲ့အခက်ခဲဆုံးအချိန်များတစ်လျှောက်ကောလိပ်တက်တဲ့နေ့ရက်များအထိ သူနှင့်အတူအမြဲရှိနေပေးခဲ့တဲ့ Mariatherese Palma အမည်ရှိသူ့ရဲ့သစ္စာရှိချစ်သူကောင်မလေးအကြောင်းကို ပြန်လည်ဝေမျှခဲ့ပါတယ်။ Danniel Tubal ဟာ သူ့ဘဝခက်ခဲနေတဲ့တစ်လျှောက်လုံးမှာ သူ့အားအမြဲထောက်ပံ့အားပေးနေခဲ့တဲ့ချစ်သူကောင်မလေးကိုဂုဏ်ပြုပေးပြီး သူမက သူ့အားဘယ်လောက်ချစ်မြတ်နိုးတဲ့အကြောင်းကိုလည်း ဝေမျှခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ Danniel Tubal ဟာ သူကောလိပ်ကနေဘွဲ့ရပြီးတဲ့နောက်မှာ သူအောင်မြင်မှုတစ်ခုကိုလက်ကိုင်ထားနိုင်လမ့်မယ်လို့လည်း ချစ်သူကောင်မလေးအားကတိပေးခဲ့ပါတယ်။

.

Mariatheres ဟာ အထက်တန်းကျောင်းအရွယ်ကတည်းက သူမအား သဘောကျပြီး ယခုချိန်ထိသူမအား ပိုးပန်းနေတဲ့ယောကျာ်းတွေအများကြီးရှိခဲ့ပေမဲ့ သူမဟာ Danniel Tubal ကိုဘဲ အကြိမ်ကြိမ်ရွေးချယ်ခဲ့သလို သူမဟာ အစကတည်းကနေ ယနေ့ထိ Danniel Tubal အတွက် အမြဲရှိနေခဲ့ပါတယ်။ ယောက်ျားလေးတော်တော်များများက မိန်းကလေးတွေဟာ ၎င်းတို့ရဲ့ပိုက်ဆံကို တကယ်လိုချင်ကြပြီး ဆင်းရဲသားထက် သူဌေးသားတစ်ယောက်ကိုသာ ရွေးချယ်လိမ့်မယ်လို့ ပြောကြပေမယ့် Mariatherese ကတော့ ပိုက်ဆံကအချစ်အတွက်အဓိကမဟုတ်ဘူးဆိုတာကိုသက်သေပြခဲ့ကြောင်း Danniel Tubal က ဆိုခဲ့ပါတယ်။

.

ကောလိပ်တက်စဉ်ကာလ၌ Danniel Tubal မှာ တစ်နေ့တာလုံးသုံးရန် Php20 သာရှိတာကိုသူမသိနေတာကြောင့် Mariatherese ဟာ သူမရဲ့ငွေများကို Danniel Tubal နဲ့အတူမျှဝေသုံးခဲ့ပါတယ်။ သို့ပေမဲ့ Mariatherese ဟာ သူမရဲ့ငွေများကို Danniel Tubal နှင့်အတူ တိုက်ရိုက်ဝေမျှမသုံးဘဲ သူမချစ်သူရဲ့အိတ်ထဲသို့ မကြာခဏ တိတ်တခိုးနဲ့ ပိုက်ဆံများထည့်ပေးလေ့ရှိခဲ့ပါတယ်။

.

Mariatherese က သူ့ကို အရှက်မကွဲစေချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သလို သူကျောင်းရောက်ရင် သူမကသူ့အိတ်ထဲသို့ပိုက်ဆံများထည့်ပေးလိုက်တဲ့အကြောင်းအား သူမထံမက်ဆေ့ခ်ျပို့တာကိုစောင့်နေတတ်ကြောင်း Danniel Tubal က ပြောပြခဲ့ပါတယ်။ ထို့ပြင် လက်ရှိမှာ အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်တဲ့ Danniel Tubal က anniversary နေ့တွေမှာ သူမကို branded ပစ္စည်းတွေကိုမဝယ်ပေးနိုင်ရင်တောင် သူမကို အကောင်းစားစားသောက်ဆိုင်မှာ date မလုပ်ပေးနိုင်ခဲ့တာတောင် Mariatherese က သူ့အပေါ်ဘယ်တော့မှအချစ်မလျော့ခဲ့သလို အပြစ်လည်းမတင်ခဲ့တာကြောင့် သူမကိုကျေးဇူးတင်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : rachfeed

Be the first to comment on "ဘဝရဲ့အခက်ခဲဆုံးအချိန်များတစ်လျှောက် ဘွဲ့ရသည်ထိ အနားမှာအတူရှိပေးခဲ့တဲ့ချစ်သူရဲ့အကြောင်းကိုကြည်နူးဖွယ်မျှဝေခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*