ဂါဝန်နှင့်ဒေါက်ဖိနပ်ကိုဝတ်ဆင်ရင်း အပြစ်ဆိုဖွယ်မရှိအောင် သေသပ်စွာ ဘောလုံးအလှကစားပြသွားခဲ့တဲ့ မိန်းကလေး



Mia (Mckzone daily)

Reference : legit

.

.

.

Unicode

အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ ဒေါက်ဖိနပ်စီးရင်းဘောလုံးကစားပြခဲ့တဲ့ အံဩဖွယ်ကောင်းတဲ့အရည်အချင်းများကိုပြသခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် လူများစွာရဲ့ချစ်ခြင်းကို ခံခဲ့ရပါတယ်။ Instagram အသုံးပြုသူ @saintavenue_ent1 က ပြန်လည်မျှဝေပေးခဲ့တဲ့ဗီဒီယိုမှာ ဒူးခေါင်းထိကျတဲ့ကိုယ်ကပ်ဂါဝန်ကို ဝတ်ဆင်ထားတဲ့ အဆိုပါမိန်းမပျိုဟာ ဘောလုံးကို ဒေါက်ဖိနပ်ဖြင့် သေသပ်စွာ ဆော့ကစားပြကာ လူအများအား အံ့ဩသွားစေခဲ့ပါတယ်။ သူမဟာ ဘောလုံးဖြင့် ကစားနည်းစတိုင်မျိုးစုံကို ဖျော်ဖြေပေးခဲ့ပြီး သူမရဲ့ခြေထောက်များကလည်း သူမအားမည်သည့်နည်းနှင့်မျှ စိတ်မပျက်စေခဲ့ပါဘူး။ ဘောလုံးကစားနေသည့် သူမဟာ အောက်မှာရှိတဲ့ဘောလုံးအား သူမရဲ့ရင်ခွင်သို့ သေသပ်စွာ ပို့ဆောင်ရင်း လှပစွာကစားပြနေခဲ့ပါတယ်။

ထို့နောက် social media အသုံးပြုသူများနှင့် ဘောလုံးပရိတ်သတ်များက သူမရဲ့ချစ်စဖွယ်ဘောလုံးကစားပြတဲ့ဗီဒီယိုကို ချက်ချင်းပင် သဘောကျချစ်မိသွားခဲ့ကြပြီး သူမအား ချီးကျူးကာ “ ငါတောင် အဲ့လိုလေး မကစားတတ်ဘူး ၊ သူမက ဒေါက်ဖိနပ်ကြီးနှင့် ကစားပြသွားတာဟ ” ၊ “ သူမက cristiano Ronaldo ရဲ့ယောင်းမဖြစ်လိမ့်မယ် ” ၊ “ ငါအဲ့တာကို ခြေဗလာနဲ့တောင် မဆော့တတ်ဘူး ” ၊ “ သူမ မိုက်တယ် ” ဟုတဲ့မှတ်ချက်များစွာဖြင့် ရေးသားတုံ့ပြန်ခဲ့ကြပါတယ်။ တစ်ကယ်လည်း သူမရဲ့လှပကျော့ရှင်းတဲ့အမျိုးသမီးတစ်ဦးလို ဒူးဖုံးဂါဝန်ဝတ်ရင်း ဒေါက်ဖိနပ်နဲ့ ဘောလုံးအလှကစားပြခဲ့တဲ့စကေးကတော့ အတော်ကို မိုက်နေခဲ့ပါတယ်။ သူမဟာ အမျိုးသမီးတစ်ဦးပီသစွာ နေထိုင်တတ်သလို ယောကျာ်းတစ်ဦးကဲ့သို့လည်း ဘောလုံးကစားတတ်ကြောင်းကို လှပစွာသက်သေပြနိုင်ခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "ဂါဝန်နှင့်ဒေါက်ဖိနပ်ကိုဝတ်ဆင်ရင်း အပြစ်ဆိုဖွယ်မရှိအောင် သေသပ်စွာ ဘောလုံးအလှကစားပြသွားခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*