အလွန်ကြည့်ကောင်းပြီးအပြုံးချိုချိုလေးကြောင့် နာမည်ကြီးလူသိများသွားခဲ့တဲ့ လုံခြုံရေးအမျိုးသားတစ်ဦး




Mia (Mckzone daily)

Reference : says

Unicode

Twitter အသုံးပြုသူတစ်ဦးဖြစ်တဲ့ Anna (@AnnaJiang_) ဟာ Singapore နိုင်ငံရှိ Changi Airport မှာ လုံခြုံရေးအစောင့်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Lee Minwei အမည်ရှိအမျိုးသားရဲ့ဓာတ်ပုံများကို Twitter ပေါ်မှာ ပြန်တင်ပေးခဲ့ပါတယ်။ ထိုဓာတ်ပုံများက အရည်အသွေးအကောင်းဆုံးမဟုတ်တာတောင်မှ Lee က ဘယ်လောက်ကြည့်ကောင်းနေတာကိုပြောစရာမလိုသလို တစ်ချို့ပြုံးနေတဲ့သူ့ဓာတ်ပုံများကိုမြင်လိုက်တဲ့အခါ သင့်အနေနဲ့ ရှူးသွားဖို့လုံလောက်ပါတယ်။ နောက်ပိုင်း Lee ဟာ သူ့ရဲ့ဆူးရှရဲရင့်တဲ့အကြည့်များကြောင့်လည်း လူကြိုက်များလာခဲ့ပြီး Social media ပေါ် တွင်လည်း လျင်မြန်စွာပျံ့နှံ့သွားခဲ့ပါတယ်။ Lee ကို လူသိနည်းသေးတာမို့ သူ့ရဲ့သတင်းအချက်အလက်အချို့ကိုလည်း လွတ်လပ်စွာ ဝေမျှခွင့်ရခဲ့ပါတယ်။

Lee က သူဟာ အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး လွန်ခဲ့တဲ့၂နှစ်လောက်ကတည်းက လေဆိပ်မှာအလုပ်လုပ်ခဲ့တာဖြစ်ကြောင်းနှင့် အွန်လိုင်းမှ သူကျော်ကြားလာပြီးနောက် စိတ်ဝင်စားစရာအတွေ့အကြုံတစ်ခုကိုလည်းမျှဝေပေးခဲ့ပါတယ်။ ” ခရီးသွားတွေက ကျွန်တော့်ကို သူတို့နဲ့ဓာတ်ပုံရိုက်တွဲဖို့တောင်းဆိုတဲ့အချိန်တွေရှိခဲ့တယ်၊ ဒါမဲ့ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှမမျှော်လင့်ခဲ့ဖူးပါဘူး ၊ ဒါဟာ တကယ်ကိုထိတ်လန့်စရာပါဘဲ ” လို့ Lee က ပြောကြားခဲ့ပါတယ်။ ” ကျွန်တော့် သူငယ်ချင်းရဲ့မိသားစုတွေက ကျွန်တော့်ကိုတော်တော်လှောင်ပြောင်ခဲ့ကြတယ်၊ ဒါမဲ့ ကျွန်တော့်ညီကနည်းနည်းမနာလိုတဲ့ခံစားချက်ရှိနေတယ် ၊ ကျွန်တော်တို့မောင်နှမသုံးယောက်လုံးက ကိုယ်ပိုင်ပုံစံနဲ့ဆွဲဆောင်မှုရှိကြတယ်လို့ထင်တယ်၊ ကျွန်တော့်မိဘတွေရဲ့ရုပ်ရည်ကလည်း အတော်ကြည့်ကောင်းတာကြောင့်ဖြစ်မယ်၊ အမေ့မှာ လှပတဲ့မျက်လုံးတွေရှိတယ် ” လို့ Lee က သူ့ရဲ့ရုပ်ရည်ချောမောလှပတာကိုလည်း ထပ်မံထုတ်ဖော်ပြောကြားခဲ့ပါတယ်။

” ကျွန်တော်က လက်ရှိမှာ တစ်ယောက်တည်းပါ၊ ဒါမဲ့ ခုချိန်မှာအချစ်ရေးဘက်ကိုသိပ်စိတ်မဝင်စားသေးဘူး ၊ ဘာလို့လဲဆို ကျွန်တော့်ရဲ့အလုပ်အကိုင်ကို အာရုံစိုက်ချင်တယ်၊ မှန်ကန်တဲ့မိန်းကလေးတွေ့တဲ့အခါမှ ရည်းစားထားဖို့ရည်ရွယ်ထားတယ် ” လို့လည်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် Lee ရဲ့နောက်ဆုံးစကားကိုကြားလိုက်ရပြီးနောက် ပျော်ရွှင်သွားခဲ့ကြတဲ့မိန်းကလေးများစွာလည်းရှိနေခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "အလွန်ကြည့်ကောင်းပြီးအပြုံးချိုချိုလေးကြောင့် နာမည်ကြီးလူသိများသွားခဲ့တဲ့ လုံခြုံရေးအမျိုးသားတစ်ဦး"

Leave a comment

Your email address will not be published.


*