ညရောက်တိုင်း ခရမ်းရောင်အဖြစ်အမြဲပြောင်းလဲလာနေတဲ့ကောင်းကင်ကြီးကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ကြတဲ့ ဒေသခံများ (ရုပ်သံ)




.

.

.

Mia (Mckzone daily)

Reference : elitereaders

Unicode

ဆွီဒင်နိုင်ငံ Trelleborg မြို့မှမရေမတွက်နိုင်သောဒေသခံများဟာ ၎င်းတို့၏ခရမ်းရောင်အရောင်ရှိတဲ့ကောင်းကင်ကိုကြည့်ရှုရန် ညရောက်လာမဲ့အချိန်ကိုမျှော်နေခဲ့ကြရပါတယ်။ ၎င်းဟာ အနီးအနားရှိခရမ်းချဉ်စိုက်ခင်းတစ်ခုကြောင့်ဖြစ်ပေါ်လာသည်ကို အချိန်အတော်အတန်ကြာမသိခဲ့ကြတဲ့ဒေသခံများအတွက် အံ့ဩမှင်တက်စေခဲ့သည့်ပုံမှန်မဟုတ်တဲ့မြင်ကွင်းတစ်ခုဖြစ်နေခဲ့ပါတယ်။ ၎င်းထူးထူးဆန်းဆန်းဖြစ်ပျက်မှုဟာ လူအများထံမှရောထွေးတုံ့ပြန်မှုများဖြင့်ဆွဲဆောင်ခဲ့ပြီး အချို့မှာထိတ်လန့်ခြင်းနှင့်အချို့ကလည်း ၎င်းကိုထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ကြောင်းဆိုခဲ့ကြပါတယ်။ အမှန်တော့ ၎င်းဟာ ကောင်းကင်ကိုခရမ်းရင့်ရောင်အဖြစ် အရောင်ပြန်စေတဲ့အလင်းရောင်စနစ်သစ်ကိုအသုံးပြုနေကြတဲ့ Gislov ရှိ Alfred Pedersen & So အမည်ရှိတဲ့ခရမ်းချဉ်သီးစိုက်ခင်းတစ်ခုကြောင့်သာဖြစ်ပါတယ်။

၎င်းခရမ်းရောင်ကောင်းကင်၏ဓာတ်ပုံများဟာ ချက်ချင်း ဆိုရှယ်မီဒီယာတွင်ပြန့်နှံ့သွားခဲ့ပြီး ၎င်းနှင့်ပတ်သက်ပြီး ကွဲပြားတဲ့သတင်းပေါင်းစုံလည်း ထွက်ပေါ်လာခဲ့ပါတယ်။ Daily Mail ၏အစီရင်ခံစာတစ်ခုတွင် ခရမ်းချဉ်သီးစိုက်ပျိုးရေးလုပ်ငန်းရှင်များဟာ ခရမ်းရောင်တောက်ပတဲ့စွမ်းအင်ချွေတာရေး LED မီးစနစ်အသစ်ကိုစတင်အသုံးပြုခဲ့ကြောင်းကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ အပင်တွေပေါ်ကိုဖြာကျနေတဲ့တောက်ပမှုက ၎င်းတို့အတွက်ကောင်းပြီး ၎င်းစနစ်သစ်က ၎င်းတို့ကိုယ်တိုင်ကို ကြီးထွားလာစေတယ်လို့ခရမ်းချဉ်သီးစိုက်ခင်းရှင်များက ဆိုခဲ့ကြောင်း Daily Mail ကဆက်ပြောပြခဲ့ပါတယ်။

ထို့နောက် ဒေသခံအများအပြားက မီးရောင်၏တောက်ပမှုနှင့် ပတ်သက်၍ ညည်းညူခဲ့ကြပြီး စိုက်ခင်းပိုင်ရှင်များအား ၎င်းနှင့်ပတ်သက်၍တစ်ခုခုလုပ်ဖို့တိုက်တွန်းခဲ့ကြပါတယ်။ ထို့နောက်မှာ operators များဟာ ညနေ ၅ နာရီမှ ၁၁နာရီအကြားတွင် မီးများကိုပိတ်ထားလိုက်ရပါတယ်။ “ ပထမဆုံးအနေနဲ့ညနေခင်းတွေမှာ ခရမ်းချဉ်သီးစိုက်ခင်းအတွက် မီးထိုးတာကိုပိတ်ပစ်ဖို့ ကျွန်တော်တို့ရွေးချယ်ခဲ့တယ် ၊ ဒါမဲ့ ဒါက ကျွန်တော်တို့အတွက် ခြေတစ်လှမ်းနောက်ကျစေပါတယ် ၊ လူတွေကိုဒေါသထွက်စေဖို့မရည်ရွယ်ခဲ့ပါဘူး ၊ ကျွန်တော်တို့က လျှပ်စစ်ဓာတ်အားကိုချွေတာပြီး ခရမ်းချဉ်သီးကို ပိုကြီးထွားစေချင်လို့ပါဘဲ ” ဟု ၎င်းခရမ်းချဉ်သီးစိုက်ခင်းက တရားဝင်ထုတ်ပြန်ရေးသားဖော်ပြခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "ညရောက်တိုင်း ခရမ်းရောင်အဖြစ်အမြဲပြောင်းလဲလာနေတဲ့ကောင်းကင်ကြီးကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့ကြတဲ့ ဒေသခံများ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*