တစ်သက်လုံးထိုင်စားလို့ရလောက်တဲ့ငွေပမာဏာဖြင့်ထီဆုကြီးပေါက်ခဲ့ပေမဲ့ သူ့အလုပ်မှအနားယူရန်အစီအစဉ်မရှိသေးဘူးလို့ဆိုတဲ့ အမျိုးသား

Canada နိုင်ငံ Ontario ပြည်နယ်ရှိ ကံကောင်းလွန်းတဲ့ အသက် ၄၈ နှစ်အရွယ် Jason Goreski အမည်ရှိရေအားလျှပ်စစ်ပညာရှင်အမျိုးသားတစ်ဦးဟာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကနေဒါဒေါ်လာ ၃၃,၃၉၆,၀၉၉ တန်ဖိုးရှိတဲ့ ထီကိုပေါက်ခဲ့ပါတယ်။ လူအများစုက ဒီလောက်ကြီးမားတဲ့ထီပေါက်ပြီးရင် ချက်ချင်းအငြိမ်းစားယူဖို့စဉ်းစားမိသွားကြပါလိမ့်မယ်။ သို့ပေမယ့် ကလေးသုံးယောက်ရဲ့အဖေဖြစ်တဲ့ Jason က “ ငါ့ရဲ့ ထီလက်မှတ်ပေါ်ကဂဏန်းလေးလုံးကိုတိုက်ကြည့်တဲ့အခါတူနေတာကို သတိထားမိတဲ့ပြီးနောက်တော့ ငါ တုန်လှုပ်သွားခဲ့ရတယ်၊ ပြီးတော့ နောက်ဆုံးနံပါတ်နှစ်လုံးကလည်းတစ်တေတစ်ရာတည်းတူနေတာကို တွေ့လိုက်ရတဲ့အခါမှာ ငါ အရမ်းကို ပူထူသွားခဲ့လို့ ငါ့ဇနီးကိုသွားရှာပြီး ငါ့ထီလက်မှတ်တွေကိုပြန်စစ်ခိုင်းခဲ့တယ်၊ ဒါမဲ့ သူမလည်း ဘယ်လိုမှမယုံမကြည်နိုင်ဖြစ်ခဲ့ရတယ် ” လို့ ထီပေါက်ရတဲ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။

ထို့ပြင် “ ငါ့အိမ်မှာ မိသားစု ၁၂ ယောက်ကနေ ၁၅ ယောက်အထိရှိပြီး သူတို့တွေက ငါ့ကိုမှီခိုနေကြတယ်၊ ​​ဒါကြောင့် ငါ့မိသားစုအနာဂတ်ကောင်းဖို့သေချာစေချင်တာကြောင့် ငါ အလုပ်ကနေအနားမယူသေးဘဲ အနှစ် ၂၀ အတွင်းငါ့ဘဝကိုနှစ်မြှပ်ထားခဲ့တဲ့ အပူနှင့်အအေးပေးစက်ကုမ္ပဏီမှာ ငါ့ဘဝကိုဆက်လက်ရင်းနှီးမြှပ်နှံပြီး ငါ့လုပ်ငန်းတွေကိုချဲ့ထွင်လုပ်ဆောင်သွားမယ် ” လို့လည်း Jason ကဆိုခဲ့ပါတယ်။

Jason ဟာ ၎င်းကုမ္ပဏီမှာ ကျွမ်းကျင်တဲ့တပ်ဆင်သူနှင့်ကြီးကြပ်ရေးမှူးအဖြစ် နှစ်ပေါင်း ၂၀ နီးပါးထမ်းဆောင်ခဲ့ပြီးနောက်မှာ ယခု Jason ဟာ လုပ်ငန်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်နေပါပြီ။

” ဒီငွေတွေက ငါ့အနာဂတ်နဲ့ငါ့မိသားစုကိုအများကြီးပိုသေချာစေတယ် ၊ပြီးတော့ ငါ လှေတစ်စီးကိုအမြဲလိုချင်နေခဲ့တယ် ၊ အခု ငါ လှေတစ်စင်းနဲ့ လူအများကြီးဆန့်တဲ့အိမ်ကြီးတစ်လုံးကိုဝယ်မယ် ” လို့ Jason ကပြောခဲ့ပါတယ်။

၎င်းထီပေါက်တဲ့ကိစ္စနှင့်ပတ်သက်ပြီး Jason ဟာ သူ့ကံကိုတော်တော်မယုံနိုင်သေးကြောင်းနှင့် ထီပေါက်ရတဲ့သူ့ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းမသိဖြစ်နေကြောင်းလည်းရှင်းပြခဲ့ပါတယ်။

ထို့ပြင် Jason ဟာ လွန်ခဲ့တဲ့တစ်နှစ်ခွဲကကင်ဆာရောဂါဖြင့်ကွယ်လွန်သွားခဲ့တဲ့ဖခင်ဖြစ်သူ James အတွက် အမှတ်တရဖောင်ဒေးရှင်းတစ်ခုတည်ထောင်ရန်လည်းစီစဉ်ခဲ့ပြီး ဆုငွေအချို့ကိုသူနာပြုအိမ်များနှင့်ဒေသခံဆေးရုံများသို့လှူဒါန်းခဲ့ပါသေးတယ်။

ဘယ်လောက်တောင် ကျေးဇူးသိတတ်ပြီး သဘောထားပြည့်ဝတဲ့လူလဲဗျာ။ Jason နှင့်သူ့မိသားစုလည်းအမြဲပျော်ရွှင်စွာနေထိုင်သွားနိုင်မယ်လို့မျှော်လင့်မိပါတယ်။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "တစ်သက်လုံးထိုင်စားလို့ရလောက်တဲ့ငွေပမာဏာဖြင့်ထီဆုကြီးပေါက်ခဲ့ပေမဲ့ သူ့အလုပ်မှအနားယူရန်အစီအစဉ်မရှိသေးဘူးလို့ဆိုတဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*