ဝေဖန်ပြောဆိုမှုတွေကို လုံးဝဂရုမစိုက်ဘဲ 24 နှစ်အရွယ်ချစ်သူနဲ့ လက်ထပ်ခဲ့တဲ့ 61နှစ်အရွယ် အဖွား

အသက် ၆၁ နှစ်အရွယ်အဖွားဟာ ကောင်လေးနဲ့ သူမရဲ့အသက်ကွာဟမှုနဲ့ပတ်သတ်လို့ မကောင်းတဲ့ဝေဖန်ချက်တွေရခဲ့ပေမယ့် သူမရဲ့ ၂၄ နှစ်အရွယ်ရည်းစားကို လက်ထပ်ခဲ့ပါတယ် ။ အမေရိကန်၊ ဂျော်ဂျီယာပြည်နယ်၊ ရောမမြို့မှ အသက် ၂၄ နှစ်အရွယ် Quran McCain နဲ့ Cheryl McGregor တို့ဟာ စက်တင်ဘာ ၃ ရက်မှာ မင်္ဂလာအခမ်းအနားတစ်ခုကို ကျင်းပခဲ့ကြပါတယ် ။ Cheryl က Quran McCain ရဲ့ အဖွားလို့ မကြာခဏ အထင်မှားမိသော်လည်း သူမက သူတို့အချင်းချင်း ရူးရူးမူးမူးချစ်ကြောင်း ပြောကြားလာခဲ့ပါတယ် ။ သူတို့စုံတွဲဟာသူတို့ရဲ့ TikTok အကောင့်မှာ သူတို့ရဲ့မင်္ဂလာပွဲကိုတိုက်ရိုက်လွှင့်ပြခဲ့ပါတယ် ။

.

“ငါတို့မင်္ဂလာပွဲအတွက် TikTok မှာ တင်ပြခဲ့တယ်။ Tennessee မှာ ငါတို့မင်္ဂလာဆောင်ခဲ့တယ်။ ငါ့သူငယ်ချင်းတွေလည်း အဲဒီမှာရှိနေခဲ့တယ်၊ ​​ဒီနေ့ဟာ ငါတို့ရဲ့ အပြောဆုံးနေ့ဘဲ” လို့ LADbible မှ သူတို့နှစ်ဦး ပြောကြားခဲ့ပါတယ် ။

.

သူတို့စုံတွဲဟာ ၂၀၁၂ ခုနှစ် Quran အသက် ၁၅ နှစ်မှာ Cheryl ရဲ့သား Chris စီမံတဲ့ fast-food စားသောက်ဆိုင်မှာ အလုပ်လုပ်ရင်း သူတို့ တွေ့ဆုံခဲ့ကြပါတယ် ။ နှစ်ပေါင်းများစွာအဆက်အသွယ်မလုပ်ခဲ့ကြသော်လည်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ ငွေရှင်းကောင်တာရှိ ကုန်သေတ္တာမှာ Cheryl ကိုတွေ့တဲ့အခါ သူတို့နှစ်ဦး ပြန်လည်ဆက်သွယ်ခဲ့ကြပါတယ် ။ ဒီနှစ်လမှာ သူတို့စုံတွဲဖြစ်လာပြီးနောက် Quran က လက်စွပ်တစ်ကွင်းနဲ့ Cheryl ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။

.

” Cheryl ကို ကျွန်တော့် မိန်းမဖြစ်စေချင်တဲ့ အကြောင်းပြချက်တွေက အများကြီးရှိတယ်။ သူမဟာ လှပပြီး၊ ကြော့ရှင်းတယ်၊ အားကြီးတယ်၊ မြင့်မြတ်တယ်၊ ရိုးသားတယ်၊ သနားစာနာတက်တဲ့ အမျိုးသမီးလည်းဖြစ်တယ်။

Cheryl က ကျွန်တော် လက်ထပ်ခွင့်တောင်းမယ်မှန်းမသိတာနဲ့ သူမအရမ်းထိတ်လန့်သွားခဲ့တယ်” လို့ Quran က ဆိုပါတယ် ။ Cheryl ရဲ့ကလေးခုနစ်ယောက်မှာ သုံးယောက်က သူတို့စုံတွဲရဲ့ဆက်ဆံရေးကို သဘောတူခဲ့ပြီး Quran McCain ရဲ့ မိသားစုကလည်း သူတို့ရဲ့ အချစ်ကို ထောက်ခံအားပေးခဲ့ပါတယ် ။

ဒါပေမယ့်သူတို့စုံတွဲဟာ သူတို့ရဲ့အချစ်ရေးနဲ့ပတ်သတ်လို့ မကောင်းတဲ့မှတ်ချက်အချို့ကို လက်ခံရရှိခဲ့ပါတယ် ။ သို့ပေမဲ့ သူတို့နှစ်ယောက်ဟာ တကယ်အချစ်စစ်နဲ့ ချစ်ခဲ့တာကြောင့် ထိုမကောင်းတဲ့ ဝေဖန်ချက်များကို အရေးမစိုက်ဘဲ ဘဝကို အတူဖြတ်သန်းခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : timesnownews

Be the first to comment on "ဝေဖန်ပြောဆိုမှုတွေကို လုံးဝဂရုမစိုက်ဘဲ 24 နှစ်အရွယ်ချစ်သူနဲ့ လက်ထပ်ခဲ့တဲ့ 61နှစ်အရွယ် အဖွား"

Leave a comment

Your email address will not be published.


*